Image- Print Shop

Image- Print Shop

Share

Photos from Image- Print Shop's post 27/01/2023

ကျေးဇူးအထူးတင်ရှိပါတယ်

21/08/2021

ဝါခေါင်လပြည့်နေ့ (မေတ္တာ အခါတော်နေ့) အကြောင်းသိကောင်းစရာ
August 9, 2014 သန့်တည်ပွား
သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ရဟန်းအပါး ၅၀၀ တို့သည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နည်း နာယူကာ တောအုပ်တစ်ခုတွင် ဝါဆိုလျက် ကမ္မဋ္ဌာန်း တရား ပွားများအားထုတ် ကြလေသည်။



ရဟန်းတော်များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ်တွင်းရှိ သစ်ပင်ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြလေသည်။ ထိုအချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြသဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခခံကာ နေထိုင်ကြရလေသည်။ အချို့ ရုက္ခစိုးများမှာ ကလေးငယ်များ ရှိကြသဖြင့် ရဟန်းတော်များ တစ်နေ့ ပြန်နိုး တစ်ရက်ပြန်နိုး စောင့်စားနေပါသော်လည်း ရုတ်တရက်မပြန်တော့သဖြင့် အချင်းချင်း ညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေးစေရေးအတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီး သဏ္ဌာန် ပြ၍လည်းကောင်း ၊ ထိတ်လန့်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့် လည်းကောင်း ခြောက်လှန့် ဖျက်ဆီးကြလေတော့သည်။



ရဟန်းတော်များသည် တစ်ပါးစီခြောက်လှန့်ခံကြရသည် ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာ ကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့် အဆုံး ခေါင်းဆောင်မထေရ်ကြီးအား အသိပေးလျက် မြတ်စွာဘုရား ရှိရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ပြန်လာခဲ့ကြလေသည်။ ဘုရားရှင်၏ ရှေ့မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းစုံကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရားက ရဟန်းငါးရာ တို့ကို မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းကြစေရန် မေတ္တာသုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ် လိုက်လေသည်။



မေတ္တာကမ္မဋ္ဌာန်း စီးဖြန်း၍ မေတ္တာသုတ်တော်ကို ရွတ်ဖတ်သရဇ္စျာယ် သွားသော ရဟန်းတော်ငါးရာကို ရုက္ခစိုးနတ်တို့သည် မနာလို စိတ်များ ပျောက်ကွယ်၍ လူသဏ္ဌာန် ဖန်ဆင်းလျက် ခရီးဦးကြိုသူကြို ၊ ခြေဆေးသူဆေး ၊ သပိတ်ပွေ့သူက ပွေ့ နှင့် လုပ်ကျွေးကြကာ ဝါကျွတ်သည့် အခါတွင် ရဟန်းငါးရာ တို့မှာ ကောင်းစွာ တရားထူးရသည် အကြောင်းခံကာ ဘုရားရှင် မေတ္တာသုတ္တန်ကို စတင် ဟောကြားခဲ့သော ၀ါခေါင်လကို အစွဲပြု၍ ၀ါခေါင်လပြည့်ကို မေတ္တာအခါတော်နေ့ အဖြစ် ဗုဒ္ဓဘာသာဝင်များမှ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ လူတိုင်းအတွက် အခြေခံတရားဖြစ်တော်မူသော မေတ္တာတရားကို လူတိုင်းကိုယ့်စီကိုယ်ငှ ကျင့်သုံးနေထိုင်ခြင်းဖြင့် ဗဟိဒ္ဓ (အပြင်) ငြိမ်းချမ်းမှုသာမက မိမိ၏ အဇ္စျတ္တ (အတွင်း) ငြိမ်းချမ်းမှုကိုပါ ရရှိစေနိုင်ပါသည်။

copyပ်ု့ပါ။

Share11
သိမှတ်ဖွယ်ရာ ဝါခေါင်လပြည့်နေ့, မေတ္တာ. permalink.

24/06/2021
Photos from Image- Print Shop's post 20/05/2021

Press & printing at Shwebo.

Want your business to be the top-listed Business in Shwebo?
Click here to claim your Sponsored Listing.

Address


No(2), Station Road, Bandula Conor Street
Shwebo