Mr.Reality

Mr.Reality

Share

08/02/2025

📚 Operations Management 📚

Management ပိုင်းနဲ့ ပတ်သက်ပြီး ကတိပေးထားတဲ့အတိုင်း Management (၄) မျိုးထဲက 3 ခုမြှောက်ဖြစ်တဲ့ Operations Management ဆိုတဲ့ အကြောင်းအရာလေးနဲ့ အတူ ကျွန်တော်ပြန်လာခဲ့ပါပြီခင်ဗျာ။

Ok.. စလိုက်ကြရအောင်​ဗျာ

Operations Management ကို အလွယ်ပြောရရင် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ကုန်ပစ္စည်းထုတ်လုပ်ရန် Project ရေးဆွဲတဲ့ နေရာမှာ အဓိက အသုံးပြုတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

📌 ဥပမာ လူတစ်ယောက်ကို ချစ်ရေးဆိုဖို့အတွက် နှလုံးသားကလာတဲ့ ချစ်တယ်ဆိုတဲ့ ထုတ်ကုန်ကို ပါးစပ်ဖျားကနေ ထုတ်ပြောဖို့အတွက် ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဖွင့်ပြောမယ်ဆိုတာကို ဦးနှောက်ကနေ စီမံခန့်ခွဲပေးတာမျိုးကို ဆိုလိုတာပဲ ဖြစ်ပါတယ်ခင်ဗျာ။ (ဖွင့်ပြောဖို့လူမရှိသေးတဲ့လူတွေကတော့ ရှာပေါ့)

Operations Management ကိုတော့ အလွယ်တကူ (OM) လိုလည်းခေါ်တက်ကြပြီး ဒီ Management ပိုင်းကတော့ လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ထုတ်လုပ်မှုတွေ ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို စီမံခန့်ခွဲတဲ့ ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

OM ရဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်း အဖွဲ့အစည်းတွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ထိရောက်စွာထုတ်လုပ်ဖို့၊ အရည်အသွေးမြင့်မားစေဖို့၊ နှင့် ကုန်ကျစရိတ်သက်သာစေဖို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

Operations Management ရဲ့ အဓိက လုပ်ငန်းစဥ်တွေကတော့

🎉 Product Design and Development
🎉 Process Design
🎉 Quality Management
🎉 Inventory Management
🎉 Supply Chain Management
🎉 Project Management တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

လုပ်ငန်းအဖွဲ့အစည်းတွေမှာ OM ကို အသုံးချပြီး ဘယ်လိုအကျိုးကျေးဇူးတွေနဲ့ ဘယ်လို အရေးပါသလဲဆိုရင်တော့......ထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်တင်ခြင်း၊ ကုန်ကျစရိတ်သက်သာစေခြင်း ၊အရည်အသွေးမြင့်မားစေခြင်း ၊ဖောက်သည်ကျေနပ်မှုမြင့်တင်ခြင်းတို့ကို ရရှိစေနိုင်ပြီးတော့ လုပ်ငန်းတွေကို ထိရောက်စွာစီမံခန့်ခွဲနိုင်ခြင်း တို့ကို ရရှိစေနိုင်ပါတယ်ခင်ဗျာ။

ဒီလောက်ဆိုရင် OM နဲ့ ပတ်သက်ပြီး နားလည်မယ်လို့ထင်ပါတယ်ခင်ဗျာ။ အခုလို အကြောင်းအရာမျိုးတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ "အခမဲ့" လေ့လာဖတ်ရှု့ချင်တယ်ဆိုရင်တော့ ကျွန်​​တော်တို့ရဲ့ Creating The Future page နဲ့အတူ CTF Telegram Channal ကိုပါ Like & Follow လုပ်သွားပေးပါခင်ဗျာ။

အဆုံးထိဖတ်ရှု့ပေးသွားတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။

See You!

Creating The Future

page Links
https://www.facebook.com/profile.php?id=61560466580627&mibextid=ZbWKwL

Telegram Channal Links
https://t.me/CTFtra003

Want your business to be the top-listed Advertising & Marketing Company in Sagaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Sagaing
SAGAINGREGION