Chit Su Khaing
22/09/2024
" သူငယ်ချင်း " ဆိုတာ
အားပေးစရာ ရှိရင်
အားပေး လို့နေတာ
သူငယ်ချင်းပါ။
စားစရာ ရှိရင်
ဝေစားနေကြတာလည်း
သူငယ်ချင်းပါ။
ပြောစရာ ရှိရင်လည်း
ပွင့်လင်းစွာ ပြောဆို
တတ်တာလည်း
သူငယ်ချင်းပါ။
ရယ်စရာရှိ တူတူရယ်မော
ပြောဆိုပြီး နေတာလည်း သူငယ်ချင်းပါ။
ဝမ်းနည်းစရာ ရှိလည်း
ဖြေသိမ့်ပေးတာ
သူငယ်ချင်းပါ။
ဘယ်နေရာ ကို
ရောက်ရောက်
မမေ့တတ်တာ
သူငယ်ချင်းပါ။
ချစ်သူရှိရှိ မရှိရှိ ခေါ်ပြော
နှုတ်ဆက် တတ်တာ
သူငယ်ချင်းပါ။
စိတ်ရင်း အမှန်ကို
ဟန်ဆောင်ခြင်း မပါ
ဖော်ပြတတ်တာ
သူငယ်ချင်းပါ။
ကောင်းရင် တိုင်ပင်
ဆိုးရင် ဖြေရှင်းပေးနေ
တတ်တာလည်း
သူငယ်ချင်းပါ။
မိုက်ခြင်းကို ပြုပြင်
ကောင်းခြင်းကို
လမ်းညွန် ပေးတာ
သူငယ်ချင်းပါ။
အမြဲတမ်း စကားတွေ
ပြောနေဖို့ မလိုပါဘူး
စိတ်ရင်း အမှန်လေးနှင့်
ခင်ရင်လည်း သူငယ်ချင်းပါ။
စကားချိုချိုတွေ
သုံးနေဖို့လည်း မလိုပါဘူး
စေတနာနှင့် ဆုံးမတတ်တဲ့
စကားပြောတာလည်း
သူငယ်ချင်းပါ။
ငယ်ကတည်းက သူငယ်ချင်း
ဖြစ်နေဖို့ မလိုပါဘူး
ခင်တဲ့အချိန်ကစ
ဖြူစင်မေတ္တာနှင့်
ခင်ရင်လည်း
သူငယ်ချင်းပါ။
ဘယ်သွားမယ် ဘာလုပ်မယ်
ပြောနေဖို့ မလိုဘူး။
စကားပြောနေ ချိန်မှာ
မလိမ်မညာ တတ်ရင်လည်း
သူငယ်ချင်းပါ။
သတင်းတွေ အတင်းတွေ
ပြောပြနေဖို့ မလိုဘူး။
အလုပ်နှင့် ပတ်သက်ပြီး
မသိတာလေးတွေ
ပြောပြတာလည်း
သူငယ်ချင်းပါ။
အစစအရာရာ အတွက်
အကူအညီတွေ အမြဲပေးနေဖို့
မလိုဘူး။
အကူအညီလိုတဲ့ အခါ
ထွက် မပြေးတတ်တာလည်း
သူငယ်ချင်းပါ။
ငွေကြေး ပြည့်စုံ
ချမ်းသာသော သူလည်း
ဖြစ်နေစရာ မလိုဘူး။
မရှိအတူ ရှိအတူ
ပုံမှန် ခေါ်ပြော နေရင်လည်း
သူငယ်ချင်းပါ။
ပျော်စရာ ဟာသတွေ
အမြဲပြောနေဖို့ မလိုဘူး။
စိတ်မပျော်ရွှင်တဲ့ အခါ
ပြောလေသမျှ နားထောင်
ပေးတာလည်း
သူငယ်ချင်းပါ။
ခင်မင်မှုနှင့် သူငယ်ချင်း ဆိုတာ
သစ်ပင်လေး တစ်ပင်ပါပဲ။
သူငယ်ချင်းရေ
တို့တွေအမြဲ မမုန်းမမေ့ကြေး
ဆက်ခင် လို့ နေကြမယ် . . . . .
Credit
Via -
04/07/2024
Surprise လည်း မလိုဘူး
လူရှေ့ သူရှေ့ သဲသဲလှုပ်
ချစ်ပြဖို့လည်း မလိုဘူး
Romantic ဆန်စရာလည်း မလိုဘူး
ချစ်ကြောင်းကိုလည်း စာတွေစီပြနေစရာမလိုဘူး
ဒါဆို ..
ကိုယ့်လူဆီက ဘာမျှော်လင့်လဲဆိုရင်
သိတတ်မှုလေး တစ်ခုပါပဲ ။
ဒါကို လုပ်ရင် သူ ဝမ်းနည်းရမှာ
ဒါကို လုပ်လိုက်ရင် သူက ကြိုက်မှာမဟုတ်ဘူး
ဒီလိုလုပ်လိုက်ရင် သူ နာကျင်သွားမလား
ဒီအချိန် သူ ပင်ပန်းနေမလား
အဆင်မှပြေရဲ့လား ..
သူကတော့ ဒါလေးကိုကြိုက်တယ်
ဒါလေးဆိုရင် သူနဲ့ လိုက်ဖက်နေမှာ
ဒီအစားအစာဆို သူက စားချင်မှာပဲ .. စသဖြင့်
ချစ်မြတ်နိုးတဲ့စိတ်ကနေ ဆင်းသက်လာတဲ့
သိတတ်မှုလေး တစ်ခုပဲ လိုအပ်တာပါ ။
လူတစ်ယောက်ကို တကယ်ချစ်မှပဲ
သူ့စိတ်ကို မြင်အောင်ကြည့်ပေးတာလေ
မြင်အောင်ကြည့်မှ
သိတတ်တဲ့စိတ်ကလေးဖြစ်လာတာ ။
သားသမီးက မိဘကို သိတတ်သလိုမျိုး
မောင်နှမ အချင်းချင်း သိတတ်မှုလိုမျိုး
ကိုယ့်သက်ဆိုင်သူဆီကနေလည်း
အဲဒီ သိတတ်ငဲ့ညှာမှုလေးပဲ လိုအပ်တာပါ ။
12/05/2024
ပထမလူပဲဖြစ်ဖြစ်
ဒုတိယလူပဲဖြစ်ဖြစ်
တန်ဖိုးဆိုတာ
ထားတဲ့လူအပေါ်မှာပဲ မူတည်ပါတယ်။
သင့်ကိုချစ်ပါတယ်ဆိုတဲ့လူထက်
သင့်ကိုတန်ဖိုးထားတဲ့လူရဲ့
ဘဝထဲမှာ ပဲရှင်သန်လိုက်ပါ။
သင့်ကိုချစ်တဲ့လူထက်
သင့်အကြောင်းကို အပြည့်အဝ
နားလည်ပေးနိူင်တဲ့လူကသာ
သင့်ဘဝအတွက် အလိုအပ်ဆုံးလူပါ။
ယောက်ကျားပဲဖြစ်ဖြစ်
မိန်းမပဲဖြစ်ဖြစ် အရာရာအပေါ်
နားလည်မှု နဲ့ ပထမလူရယ်
ဒုတိယလူရယ်လို့ မခွဲခြားပဲ
သင့်လက်ထဲရောက်တဲ့အရာတိုင်းက
သင်ပိုင်ဆိုင်တဲ့အတွက်
သင်တန်ဖိုးထားတဲ့အပေါ်မူတည်ပြီး
တန်ဖိုးကတော့ရှိနေမှာပါ။
.....♥️
စာပေချစ်မြတ်နိုးတဲ့သူများ
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Sagaing