Success Life 11
05/02/2023
ဒဏ်ရာပေါ်မှာ အာရုံစိုက် မယ်ဆိုရင် ဆက်ပြီးနာကျင် ခံစားရမယ်၊
သင်ခန်းစာပေါ်မှာ အာရုံစိုက်မယ်ဆိုရင် ဆက်ပြီးတော့
တိုးတက်နေမယ်တဲ့။
လူတွေဟာ နာကျင်စရာတစ်ခုတွေ့ပြီဆိုရင် အဲဒီနာကျင်မှု့
ကပေးတဲ့ ဒဏ်ရာတွေကိုပဲအာရုံစိုက်ပြီး တော့ ငါ့မှ ဘာကြောင့်ဖြစ်တာလဲ ၊ဖြစ်အောင်လုပ်တဲ့သူက ဘယ်သူလဲ၊
ဘာကြောင့်လုပ်ရက်တာလဲ စတာတွေတွေးမိကြတယ်၊အဲ
ဒီတော့ ပထမမှန်ထားတဲ့ မျှားချက်နေရကိုပဲဒုတိအကြိမ်ပြန်မှန်သလို ၂ ကြိမ် နာကျင် ခံစားရတယ်။
အဲလိုမဟုတ်ပဲ အဲဒီနာကျင်စရာတွေဆီကနေဘာတွေလေ့
လာခွင့်ရလိုက်သလဲ၊ နောက်တစ်ခါဒီလိုမခံစားရအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့တွေးပြီးလုပ်နိုင်တာတွေ
အပေါ်မှာ အာရုံစိုက်ရင် နာကျင်မှု့တွေလျော့ပြီး ပိုမိုတိုးတက်လာလိမ့်မယ်။
ချစ်ခြင်းများစွာဖြင့်
ဉာဏ်လင်းအောင်
Unlock Your Future
24/12/2022
Page မှာ Likes တွေ သိပ်မတက်လာရတဲ့ အဓိကအကြောင်းအရင်း (၄) ချက်
=============
ကိုယ့်ရဲ့ Page မှာ Likes တွေသိပ်မတက်တော့ဘူးလို့ ခံစားနေရရင် အောက်မှာပြောပြပေးထားတဲ့ Like မတက်ရတဲ့ အဓိကအကြောင်းအရင်း (၄) ချက်ကိုဖတ်ကြည့်ပြီး ကိုယ့် Page မှာရော အဲဒီအချက်တွေထဲက တစ်ခုခုများ လုပ်မိနေသလားဆိုတာ ဆန်းစစ်ကြည့်ရအောင်...
(၁) စိတ်ဝင်စားစရာ အကြောင်းအရာတွေ မတင်တာ။
Social media ဆိုတာ user တွေအတွက် စိတ်ဝင်စားစရာကောင်းပြီး တက်ကြွစေတဲ့ အကြောင်းအရာတွေကို မျှဝေလို့ရအောင် ကူညီပေးတဲ့နေရာပါ။ သင့်ရဲ့ content က မကောင်းရင်တော့ audience ဘက်ကလည်း နောက်အသစ်တစ်ခု တင်တဲ့အထိ ထိုင်စောင့်နေမှာမဟုတ်ပါဘဲ တခြား စိတ်ဝင်စားစရာ post တွေရှိမယ့် page တစ်ခုဘက်ကို စိတ်ပြောင်းသွားနိုင်ပါတယ်။ Page မှာ post တင်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့ မတင်ပါနဲ့။ quality မကောင်းတဲ့ content တွေဟာ Likes တွေလျော့ကျစေပါတယ်။
=============
(၂) Page နဲ့ မဆီလျော်တဲ့ content တွေတင်တာ။
တခါတလေမှာ user တွေအတွက် စိတ်ဝင်စားစရာအကြောင်းအရာသတင်းတွေဖြစ်တဲ့ content တွေ ဥပမာ – မကြာခင်ထွက်တော့မယ် နာမည်ကြီး movie အကြောင်း မကြာခင်ကျင်းပမယ့်ပွဲအကြောင်း စသဖြင့်တင်တာဟာ page နဲ့မဆီလျော်ပေမယ့် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို မဆီမဆိုင်အကြောင်းအရာတွေကို ခဏခဏ တင်တဲ့အခါ audience က စိတ်ဝင်စားမှုလျော့သွားတတ်ပါတယ်။ တကမ္ဘာလုံးမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရဖို့ တခြားနည်းလမ်းများစွာရှိတာကြောင့် သင့်ရဲ့ page ကို သတင်းတွေချည်းထိုင်တင်နေတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။ သင့်ရဲ့လုပ်ငန်းနဲ့ဆက်စပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာမျိုးတွေ မျှဝေပါ။ ဥပမာ – product/service အသစ်တွေအကြောင်း discount အစီအစဉ်အကြောင်း စသဖြင့်ပေါ့။
=============
(၃) လိုရင်းမရောက်တာ။
ဘယ် post ကိုမဆို facebook မှာမတင်ခင် သင်ကိုယ်တိုင် အရင်ဆုံး ပြန်ဖတ်ကြည့်ပြီး audience အနေနဲ့တွေးကြည့်လို့ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းရင်တော့ အဆင်ပြေမှာပါ။ ဒါမှမဟုတ်ရင်တော့ post ကို ဖတ်ရလွယ်တဲ့အထိ ပြန်ပြင်သင့်ပါတယ်။ page မှာ post တင်တယ်ဆိုတာဟာ ကြေငြာနည်းတစ်မျိုးဖြစ်ပြီး ဒီ post ကနေတဆင် Fan တွေရဲ့ အထင်ကြီးမှုကို ရယူနိုင်ပါတယ်။ သင့်ရဲ့ post ဟာ ဆိုလိုရင်းကိုလည်း ထိထိမိမိမရောက် စိတ်ဝင်စားစရာလည်း မကောင်းရင်တော့ လူတွေက စိတ်မဝင်စားတဲ့အပြင် သင်တင်မယ့် နောက် post တွေကိုလည်း ဖတ်ဖို့ စိတ်ပါတော့မှာမဟုတ်ပါဘူး။
=============
(၄) တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲတင်တာ။
post တစ်ခုတည်းကိုပဲ ထပ်တလဲလဲပြန်တင်နေရင် audience က ငြီးငွေ့သွားမှာ အသေအချာပါ။ idea အဆန်းအသစ်တွေနဲ့ပဲ သင့်ရဲ့ page ကို update ဖြစ်အောင်ထားတာဟာ audience ကို စိတ်ကျေနပ်စေပြီး engagement နှုန်းလည်း မြင့်လာစေပါတယ်။ ခေါင်းထဲက အကြံသစ်ဥာဏ်သစ်တွေ မထွက်တော့ရင်လည်း စိတ်မပူပါနဲ့..သင့်ရဲ့ fan တွေကို post တွေ ယှဉ်ပြိုင်ပွဲအသေးစားလေးတွေကနေတဆင့် အကြံဥာဏ်တောင်းလို့ရပါတယ်။ ဒီနည်းကြောင့် engagement များများ ရရုံတင်မက အကြံပေးတဲ့ fan တွေကို ချီးကျူးရင်း သူတို့ရဲ့ idea ကို ယူသုံးနိုင်မှာပါ။
=============
သင့်အနေနဲ့ ဒီအချက် ၄ ချက်ထဲက တစ်ခုခုကို လုပ်မိနေတယ်ဆိုရင် အခုချက်ခြင်းရပ်လိုက်ပါတော့။
Fan တွေဖက်ကလည်း သင့်ကို အရည်အသွေးကောင်းတဲ့ content တွေ ဖန်တီးနိုင်မယ်လို့ ပြန်ယုံကြည်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရေရှည်အဆင်ပြေနိုင်မယ့် နည်းဗျူဟာတစ်ခုကို စဉ်းစားပြီး အမြဲဆန်းသစ်နေအောင် မွန်းမံသင့်ပါတယ်။ ဒါ့အပြင် ဒီလိုအကြောင်းအရာတွေနဲ့ စပ်လျဉ်းလို့ audience တွေနဲ့ အဆက်အသွယ်မပြတ်စေဘဲ အပြန်အလှန် ဆွေးနွေးဆက်ဆံနေသင့်ပါတယ်။
=============
အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Credit
22/12/2022
ဒီလိုဒီလို လူ ( ၁၀ ) မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ
~~~~~~~~~~~~~~~~~~~~
( ၁ ) ကိုယ် တစ်ကယ် ချစ်တဲ့သူကို တွေ့ခဲ့ရင်
သူနဲ့ဘဝတစ်လျှောက်လုံး လက်တွဲသွားဖို့
အခွင့်အရေး ရအောင်ကြိုးစားပါ ။
ဘာကြောင့်လဲ ဆိုတော့" သူ ထွက်သွားတဲ့အခါ
အရာအားလုံး နောက်ကျသွားပါလိမ့်မယ် ။
( ၂ ) ကိုယ် တစ်ကယ် ယုံကြည်ရတဲ့ သူငယ်ချင်းကို
တွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်
ဆက်ဆံသွားပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" ဘဝမှာ သူငယ်ချင်းအစစ်
တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ ။
( ၃ ) ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း
ကျေးဇူးတင်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူဟာ ကိုယ့် ဘဝရဲ့
အလှည့်အပြောင်း ဖြစ်ခဲ့လို့ပါပဲ ။
( ၄ ) ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့
မမေ့ပါနဲ့။
ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ကို အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ ။
( ၅ ) ကိုယ့်ကို တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့သူ့ကို နှုတ်ဆက်လိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် ကိုယ်က
ပိုပြီး သတ္တိ ရှိလာခဲ့တယ် ။
( ၆ ) ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေး
စကားစမြည် ပြောလိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် မဟုတ်ရင်
ကိုယ်လည်း
လောက အကြောင်းကို သိလာမှာ မဟုတ်ဘူး ။
( ၇ ) ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူ့ကို ပျော်ရွှင်ပါစေဆိုပြီး
ဆုတောင်းပေးလိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" ကိုယ် သူ့ကို တိတ်တခိုး
ချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုပဲ လိုလားခဲ့တာ မဟုတ်လား ။
( ၈ ) ကိုယ့် ဘဝထဲကနေ ထွက်သွားခဲ့တဲ့ သူကို
တွေ့ခဲ့ရင် သူ ကိုယ့်ဘဝထဲ ဝင်ခဲ့တာကို
ကျေးဇူးတင်လိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ဘဝရဲ့
ပျော်ရွှင်စရာ ကောင်းတဲ့ အစိတ်အပိုင်းတစ်ခု
ဖြစ်ခဲ့ဖူးတယ်လေ ။
( ၉ ) ကိုယ့်ကို တစ်ချိန်က အထင်လွဲခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် အချိန်မှီ ဖြေရှင်းချက် ပေးလိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" သူ နားလည်အောင်
ဖြေရှင်းပေးဖို့ အခွင့်အရေးက တစ်ခါပဲ ရှိနိုင်လို့ပါ ။
( ၁၀ ) ယခု ကိုယ်နဲ့ဘဝတစ်လျှောက်လုံး
လက်တွဲသွားမယ့်သူကို တွေ့ခဲ့ရင်
သူ ကိုယ့်ကို ချစ်တာ ရွေးချယ်ခဲ့တာကို
ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ ။
ဘာဖြစ်လို့လဲ ဆိုတော့" အခု နှစ်ယောက်လုံး
ပျော်ရွှင်မှုနဲ့အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ ။
Click here to claim your Sponsored Listing.