Aaron

Aaron

Share

16/07/2024

မင်းနဲ့ဆို လိုက်မှာပဲဆိုတဲ့
မေတ္တာတွေရယ်

မင်းဆိုရင်ကြိုက်မှာဆိုတဲ့
အသိတွေနဲ့
ပူဆာစရာမလို ထုတ်ပြောစရာမလိုပဲ

ဖြည့်ဆည်းပေးချင်နေတဲ့ မေတ္တာတွေက
တကယ်ချစ်မှ ဖြစ်ပေါ်လာတာ။

07/07/2024

တကယ်ကို လိုတာထက်ပိုပြီး ရင့်ကျက်ခဲ့ရတဲ့နှစ်ပါပဲ။

အမြဲ ကိုယ်လိုချင်သလိုမဖြစ်ဘူးဆိုတာကို လက်ခံခဲ့ရသလို၊ ပျက်စီးသွားတဲ့ အရာတိုင်းကို ပြင်ဖို့ မလိုဘူး၊ ပြင်ချင်တိုင်းလည်း မရဘူးဆိုတာနားလည်ခဲ့ရတယ်။

အနားမှာမရှိတော့တဲ့ လူတွေကို အမှားတွေ လုပ်ခဲ့မိရင်တောင်းပန်ချင်ပြီး အနားမှာ ရှိနေသေးတဲ့ လူတွေအပေါ်လည်း အများကြီး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာချင်ပါသေးတယ်။

28/06/2024

အချိုးမပြေပေမဲ့ အရမ်း အချစ်ခံချင်တဲ့
ကောင်မလေး တစ်ယောက်ရှိခဲ့ဖူးတယ် ။

သူ့ပုံစံလေးက နည်းနည်းတော့ နားလည်ရခက်နိုင်ပေမဲ့
စိတ်ထားလေးကတော့ အရမ်းကောင်းရှာတဲ့သူ ။

အကြောတင်းတယ် ၊ ဂျစ်ကန်ကန်နိုင်တယ်၊
သူဖြစ်ချင်တာဆိုရင် ဘယ်သူ့ကိုမှ
ဂရုမစိုက်ပဲ သူထင်ရာ လုပ်တတ်ပေမဲ့လည်း
အချစ်ခံချင်တဲ့စိတ်လေးတော့ သူ့မှာ ရှိနေပါတယ် ။

Want your business to be the top-listed Photography Service in Sagaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Taze
Sagaing