MAMM Fight Gear

MAMM Fight Gear

Share

03/11/2025

စက်ချုပ်တတ်ပြီ၊ မော်တာစက်လေး ရှိပြီဆိုရင် တစ်ရက်ကို ၂သောင်းက‌နေ ၃ သောင်းအထိ ရမယ့် အလုပ်တွေ TZ Uniform Service မှာ ရနေပြီနော်..🤑

TZ Uniform Service အနေနဲ့ ချုပ်လုပ်ရမှာတွေ ပိုများလာပြီး လုပ်ငန်းချဲ့ထွင်တဲ့အနေနဲ့ ခေါ်ယူတာဖြစ်ပြီး လျှောက်ထားချင်သူတွေအနေနဲ့ အိမ်မှာနေရင်း စက်ချုပ်ရင်း အပိုဝင်ငွေရှာနိုင်မှာ ဖြစ်ပါတယ်။

Cutting ချပြီးသား ချုပ်ထည်တွေကို သေသေချာချာ ချုပ်လုပ်ပေးရုံပဲ ဖြစ်ပြီး လိုအပ်ချက်တွေအနေနဲ့တော့

➡️ ဓားစက်၊ မော်တာစက်ရှိရပါမယ်။
➡️ Juki, Singer တံဆိပ်စက်တွေ ဖြစ်ရပါမယ်။
➡️ သတ်မှတ်ထားတဲ့ ရက်အမီ ပေးနိုင်ရပါမယ်။

လက်ရာကောင်းရင် ကောင်းသလို ချုပ်ခကို ပိုရသွားမှာဖြစ်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိရင်လည်း အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုတယ်ဆိုတာရင်တော့ Viiber ဖုန်းနံပါတ် ၀၉-၇၉၁၃၅၀၀၁၃ (သို့) နေပြည်တော် ပျဉ်းမနား ပေါင်းလောင်း၂ရပ်ကွက် ၁၆ လမ်း ယုဇနစျေး အနီးမှာ ရှိတဲ့ MAMM အထည်ချုပ်လုပ်ငန်းကို လာရောက်ပြီး အသေးစိတ်လာရောက်ဆက်သွယ်ဆွေးနွေးလို့ရပါတယ်ခင်ဗျာ။

✅✅ “ယုံကြည်စိတ်ချ စိတ်တိုင်းကျ ယူနီဖောင်းဆို TZ က” ✅✅

18/10/2025

ကောင်းကင်ကနေ ပြန်ကျလာတဲ့ ကြယ်ပွင့်ဟောင်းတစ်ပွင့်လို့ ပြောရမလားပဲ။

တစ်ချိန်က တခြားအဖွဲ့အစည်းမှာ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ခဲ့တဲ့ Reinier de Ridder ရဲ့ UFC ထဲက ခြေလှမ်းတွေဟာ အခုထိတော့ သိပ်ပြီး အားရစရာ မရှိသေးဘူး။ နာမည်ကြီးတွေကို အနိုင်ယူခဲ့တယ်ဆိုပေမဲ့၊ သူ့ရဲ့ တိုက်ခိုက်ပုံက ကြည့်ရတာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်း ဘူး။ အချိန်အတော်ကြာအောင် ကပ်ထား၊ ထိန်းချုပ်ထားတဲ့ပုံစံက ပရိသတ်ကို စိတ်ပျက်စေတယ်။

Brendan Allen က ဒီပွဲကို အစားထိုးအနေနဲ့ ဝင်ရောက်လာတာပါ။ သူကိုယ်တိုင်ကလည်း Submission အတတ်ပညာမှာ အတော်ဆုံးထဲက တစ်ယောက်ပါ။ ဒါပေမဲ့ De Ridder နဲ့ နှိုင်းယှဉ်ရင် အရွယ်အစား ကို အားနည်းချက်တစ်ခုလို မြင်မိတယ်။ Allen ဟာ တောင့်ခံနိုင်စွမ်းကောင်းပြီး စိတ်ဓာတ်မာပေမဲ့ De Ridder လို အမြဲတမ်း ဖမ်းဆွဲနေမယ့်သူကို ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီပွဲမှာ Allen က လက်သီးထိုးချက် တွေနဲ့ အခွင့်အရေးရှာဖို့ ကြိုးစားပေမဲ့ De Ridder က အဲဒီ အခွင့်အရေးကို လုံးဝပေးမှာ မဟုတ်ဘူး။ ရေခဲတုံးကြီးလို ဖိကပ်ထားတဲ့ Grappling နဲ့ပဲ သူ့ရဲ့ ဂိမ်းကို ကစားလိမ့်မယ်။ အခုနောက်ပိုင်းပွဲတွေမှာ De Ridder ရဲ့ ဂိမ်းစတင်ပုံက စိုးရိမ်စရာရှိတယ်ဆိုပေမဲ့ Allen လို Short Notice နဲ့ ဝင်လာတဲ့သူကိုတော့ ငါးချဉ်သိပ်သလို ဖိထားနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။

ခန့်မှန်းချက် ကတော့ ရှင်းပါတယ်။ ဒီပွဲက လှပတဲ့ပွဲ တစ်ပွဲ ဖြစ်လာမှာ မဟုတ်ဘဲ၊ De Ridder ရဲ့ အနိုင်ရလဒ်ကို ဦးတည်နေပါတယ်။ Allen ဘယ်လောက်ပဲ ရုန်းကန်ပါစေ၊ Reinier de Ridder က (Decision ဖြင့်ဖြစ်စေ၊ Late Submission ဖြင့်ဖြစ်စေ) အနိုင်ယူပြီး Middleweight ချန်ပီယံလုပွဲ စကားဝိုင်းထဲမှာ ဆက်ပါလာပါလိမ့်မယ်။

ကြည့်ရတာ ပျင်းစရာကောင်းတဲ့ပွဲ တစ်ပွဲ ဖြစ်သွားမှာကိုပဲ စိုးရိမ်မိပါတယ်။

06/10/2025

သီတင်းကျွတ်အချိန်အခါသမယလေးမှာ မျှော်လင့်ထားသမျှ အရာရာ အဆင်ပြေအောင်မြင်ပြီး ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သလိုက်ပါတယ် 🙏

03/10/2025

လေးစားအပ်ပါသော MAMM Fight Gear ရဲ့ customer များခင်ဗျ...
ကျွန်​တော်တို့ MAM Fight Gear page လေးရဲ့ 3 နှစ်ပြည့် anniversary လေးရှိတာကြောင့် 4.10.2025 ရက်နေ့လေးတွင် မနက် ပိုင်းလေး page admin လေးတွေစာပြန်တာလေးရပ်နားထားမှာဖြစ်ပြီး ညနေ ၆နာရီမှစပြီး service လေးပြန်ပေးသွားမှာဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျ

Want your business to be the top-listed Gym/sports Facility in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyinmana