Sayar UTS

Sayar UTS

Share

26/03/2025

Second conditional

1. မဖြစ်နိုင်တာ(or) အလွန့်အလွန် ဖြစ်ခဲတဲ့ ကိစ္စ၊ အခြေအနေ စသည်တို့ကို ဖြစ်ခဲ့ရင် လို့ စိတ်ကူးယဥ်ပြော ဆိုတာမျိုး

2. အခု လောလောဆည် မဟုတ်တာ၊ မရှိတာ မဖြစ်တာကို ဟုတ်တယ် ရှိတယ် ဖြစ်တယ်၊
ဟုတ်တာ ရှိတာ ဖြစ်တာကို မဟုတ် မရှိ မဖြစ် ပုံစံမျိုး တွေးပြီး ပြောဆို တာမျိုး မှာ သုံးပါတယ်

Pattern

If + past tense.....Would + Base form
(Ability တွင် could/ would be able to + base form ကို သုံးရသည်)

Example sentences

If I were very rich, I would buy a private jet.

If I had wings, I would go around the world every day.

What would you do if you had a magic ring?

If you saw a ghost, what would you do?

If I owned a garden, I would plant roses, orchids and some other beautiful flowers.

If I were you, I would not marry the man.

I would not buy that kind of car if I were you.

I would get a new computer if I could afford it. (အခု မတတ်နိုင်)

If it wasn't raining, I would go for a walk. (အခုက မိုးရွာနေ)

I would call her if my phone was working. ( လောလောဆည် ဖုန်းက မကောင်း)

If I were not busy, I would come with you. (လောလောဆည် အလုပ်များနေ)

If she had many friends, she would be happy. (သူမမှာ သူငယ်ချင်းသိပ်မရှိ)

If he were fit, he would go climbing tomorrow. (သူ က မကြံ့ခိုင်)

If you were taller, you could score more goals. (အရပ် နည်းနည်းပုနေ)

17/12/2024

Adverb typesက ၉ မျိုးမဟုတ်ဘူးဗျ
၁၈ မျိုးရှိတယ်
Adverb, Adverbial phrase နဲ့ Adverbial clause ဆိုပြီး Type တခုချင်းစီမှာ ခွဲ ရေး နိုင်သေးတယ်
Manner
Place
Time
Frequency
Degree
Special
Interrogative
Relative
Adverbial Noun
Focusing
Purpose
Reason
Result
Contrast
Comparison
Condition
View point or Disjunct
Conjunctive or Conjuncts

23/10/2024

⚛ other ➡➡➡ determiner

Uncount နဲ့ plural noun တွေ ရှေ့မှာ သုံးတယ်

other information, other books, other houses, any other places, some other countries

Singular noun တွေ ရှေ့မှာ သုံးရင် တော့ နောက်ထပ် determiner တခု မဖြစ်မနေ ထည့်ရတယ်

my other car, the other tree, his other dog, no other student, one other thing, another cup

⚛ another ➡➡➡determiner

Singular noun နှင့်သာသုံးနိုင်သည်

another= an + other
an+other car= another car
an+ other park= another park

another park ဆိုရင်တခြားပန်းခြံတခု (ဘယ်ဟာဖြစ်ဖြစ်)

the other park ဆိုရင် တခြား ပန်းခြံ တခု ဘဲ ( ပြောသူ နာသူ သိပြီးသားတခု)

အောက်ပါအတိုင်း မသုံးရပါ
other dog, other car, other tree ✖

⚛ another (additional) နောက်ထပ် ➡➡➡determiner

I am thinking about staying another two weeks. (=two more weeks)
We need another three chairs.​
(=three more chairs)

But အရေအတွက် အတိအကျ မပြောနိုင်ရင် some more ကိုသုံးပါ

Would you like some more coffee?
I need some more nails.

23/10/2024
22/10/2024

🏵 ပိုပြီး ကြိုက်တယ်၊ ပိုပြီး လိုချင်တယ်/ စားချင်တယ်/ သောက်ချင်တယ်/ ကြည့်ချင်တယ် စသဖြင့်ဦးစားပေး မှု ကို ပြောချင်ရင် would rather နဲ့ prefer/ would prefer ကို သုံးပါတယ်

🥇 Would rather🥇

🏵 Spoken english မှာ အသုံးများတယ်

Specific preference အခြေအနေမှာ ပို သုံးတယ်

Modal verb တွေ လိုဘဲ နောက်က infinitive လိုက်ရတယ်

I would rather go by taxi.
I'd rather stay home.

🏵 Noun 2 ခု ​မှာ ဘယ်ဟာ ကို ပို ဦးစားပေးချင်တယ်ဆိုတာ ပြချင်ရင် အလယ်မှာ than ကိုသုံး

I'd rather have wine than beer.
She'd rather teach adult students than young learners.

🏵 Verb 2 ခု မှာ လည်း than ကိုသုံး

He would rather email the manager than call her.
I get tired so I 'd rather eat out than cook dinner tonight.

🏵 တယောက်ယောက်ကို လုပ်စေချင်/ မလုပ်စေချင်တာ ဆိုရင် နောက်က Subject + V2 နဲ့ ​​ရေးရတယ်
ဒါ​​ေပ မဲ့ Present အခြေအနေကိုဘဲ ဖော်ပြတာပါ

I'd rather you went now.
He'd rather I did not tell anybody.

🏵 Noun 2 ခု ၊ Verb 2 ခု နှိုင်းယှဥ်ရင် အပေါ်ကလိုဘဲ than ကို သုံးတယ်

She'd rather I bought a house than a car.
He'd rather she worked here than went oversea.

🏵 နောင်တရတယ်ဆိုရင်တော့ would rather နောက်မှာ (have + V3) ကိုသုံးပေါ့

I'd rather have applied for the job.
ငါအဲ့ဒီအလုပ်ကို လျှောက်ခဲ့ ရမှာ ကွာ (အခု အလုပ်က မစွံ)

She'd rather have not married him.
သူမ အဲ့ လူကို လက် မထပ် ခဲ့ ရရင် ကောင်းမှာ လို့ တွေးနေမိ

06/08/2024

Long time no see! 😘😘

ဂရု တွေ မှာ ​ရေးရင် တော်တော်နဲ့ တင်မပေးဘူးဗျ၊

ပြီးတော့ စိတ်မပါ တာကြောင့်လည်း မရေးဖြစ်တာ 😒

လေ့လာကြည့်ပါအုန်း 🤔

🏵🏵🏵🏵🏵🏵🏵🏵🏵🏵

Both, either, neither အကြောင်း မှားတတ်တာလေး တွေဘဲ ကွက် ပြောထားတယ်

နှစ်ယောက်လုံး ဒီမှာ မရှိပါ

Both of them are not here. ✖

Neither of them are here.✔

သူမ က မွေးချင်းမောင်နှမ နှစ်ယောက် လုံးနဲ့ မတည့်ဘူး

She doesn't get on with both of her siblings.✖

She doesn't get on with either of her siblings.✔

ငါ ဆရာ နှစ်ယောက်လုံးကို မကြိုက်ဘူး

I don't like both teachers.✖

I don't like either teacher.✔

(အငြင်း ဝါကျ ဆိုရင် not either သို့မဟုတ် neither နဲ့ ရေးရပါမယ်)

ဒါပေမဲ့

နှစ်ခု စလုံး မယူဘူး၊ တခုဘဲ ယူမှာ

I will not take both of them, Mom. I will take only one.✔

Send a message to learn more

Want your business to be the top-listed Media Company in Pyinmana?
Click here to claim your Sponsored Listing.

Category

Website

Address

Pyinmana