Automobile Parts
07/07/2026
“ဂျင်း” ထည့်တာ မခံချင်ဘူးဆိုမှ “𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬” ဆီ လာပါ။
𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာ Care Spare Parts တွေဆိုရင် တစ်ပတ်ရစ်ပစ္စည်းဟောင်းတွေ မရှိသလို အတုအပတွေလည်း လုံးဝ မတင်ပါ။
☑️ Korea
☑️ Europe
☑️ China
☑️ Japan ထုတ် တန်ဖိုးကြီးကားအမျိုးအစားများရဲ့ ကုမ္ပဏီမှ ညွှန်းထားတဲ့ Spare Parts များ ပစ္စည်းကောင်း၊ ပစ္စည်းသန့်၊ ပစ္စည်းစစ်စစ်တွေကိုသာ Instock ထား ရောင်းချပေးနေတာ ဖြစ်ပါတယ်။
အချို့ ရှာရခက်တဲ့ပစ္စည်းတွေ လိုအပ်ရင်လည်း Preorder မှာယူနိုင်အောင် စီစဉ်ပေးမှာ ဖြစ်တာကြောင့် Waiting Time လေးတော့ ရှိပါမယ်နော်။
Online မှ မှာယူရင်လည်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေသလို ပျဉ်းမနားမြို့မှာ ဆိုင်ခန်းဖွင့်လှစ်ထားတာမို့ နီးစပ်သူများအနေနဲ့ ကိုယ်တိုင်လာရောက်ကာ စစ်ဆေးဝယ်ယူနိုင်ပါပြီ။
အောက်ဖော်ပြပါ ပုံတွေထဲက ကားအမျိုးအစားတွေအတွက်
⚙️ Engine Spare Parts
⚙️ Gear Box
⚙️ Suspension Parts
⚙️ Oil စတဲ့ ကားအပိုပစ္စည်းများ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာ ရောင်းချပေးနေပါပြီ။
အသေးစိတ် မေးမြန်းလိုပါက Chat Box (သို့) ဖုန်းမှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
ကားမောင်းနှင်ရာမှာ ချို့ယွင်းချက် တစ်စုံတစ်ရာ မဖြစ်စေဖို့ရာ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှ ကားအပိုပစ္စည်းများကိုသာ ယုံကြည်စွာ ရွေးချယ်လိုက်ပါ။
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
03/07/2026
အင်ဂျင်ဝိုင်လဲထားတာ မကြာသေးဘဲ အင်ဂျင်ဝိုင်လျော့နေတာမျိုး ကြုံဖူးကြလား ?
ကီလို ၅,၀၀၀ တောင် မပြည့်သေးဘဲ အင်ဂျင်ဝိုင်လျော့သွားရတဲ့ အကြောင်းအရင်းများစွာတွေထဲက ဖြစ်နိုင်ဖြေအများဆုံးကတော့ အင်ဂျင်ဝိုင်ယိုစိမ့်မှုကြောင့်ပါပဲ။
အဲ့လို ဆီယိုစိမ့်မှုများကို ကာကွယ်ဖို့ Oil Seals ကောင်းကောင်း လဲလှယ်အသုံးပြုပေးဖို့တော့ လိုမယ်နော်။
𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာတော့ Korea / Europe / China / Japan ထုတ် ကားအမျိုးအစားများအတွက်
🔹 Tappet Seals
🔹 Engine Main Oil Seals နဲ့
🔹 Injector Seals များကို 𝐈𝐧𝐬𝐭𝐨𝐜𝐤 ထား ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။
Tappet Seals (တိုက်ပစ်စီး) တွေ မကောင်းရင် ဆီယိုစိမ့်မှုများနဲ့အတူ အင်ဂျင်ဝိုင်ဆီစားများလာတာကို ကြုံတွေ့ရနိုင်ပါတယ်။
Engine Main Oil Seals တွေကတော့ အင်ဂျင်နဲ့ ဂီယာဘောက်ကြား၊ အင်ဂျင်အရှေ့ခြမ်း (၂) နေရာမှာ တည်ရှိပြီး Engine Main Oil Seals တွေ ပျက်စီးနေရင်တော့ ကားမောင်းနေချိန်မှာ ဆီညှော်နံ့ထွက်လာတာ၊ အင်ဂျင်အောက် ဆီယိုစိမ့်လာတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အင်ဂျင်ဂီယာဘောက် အတွဲလိုက်ဖြုတ်ချပြီး Engine Main Oil Seals ကို အသစ်လဲရတဲ့အထိ လုပ်ဆောင်ရမှာပါ။
Injector Seals တွေကတော့ Fuel Injector နဲ့ အင်ဂျင်ကြားက Seal တစ်ခုပဲ ဖြစ်ပါတယ်။ အင်ဂျင်နှိုးရခက်နေပြီ၊ အင်ဂျင်ပါဝါကျလာပြီ၊ အင်ဂျင်နားတဝိုက်မှာ ဆီနံ့တွေ ရလာပြီ၊ Fuel Injector မှာ ဆီယိုစိမ့်လာပြီ၊ အမည်းရောင်ကာဘွန်တွေ စုလာပြီဆိုရင်တော့ Injector Seals တွေ လဲလှယ်ချိန်တန်ပြီပဲ ဖြစ်ပါတယ်။
Oil Seals လေးတွေက သေးငယ်တဲ့ အရာလေးတွေဆိုပေမယ့် ကြီးမားတဲ့ စက်ချို့ယွင်းမှုကို ဖြစ်ပေါ်စေနိုင်တာမို့ အမြဲ စောင့်ကြည့်ပြီး အချိန်မဆွဲဘဲ လဲလှယ်ပေးသင့်ပါတယ်။
လဲလှယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ကား Brand နဲ့ ကိုက်ညီတဲ့ Spare Parts ကောင်းကောင်းတွေကိုသာ အသုံးပြုပေးသင့်တာမို့ High Quality / Fair Price ကိုမှ Oil Seals အမျိုးအစား အစုံအလင် 𝐈𝐧𝐬𝐭𝐨𝐜𝐤 ထားပေးထားတဲ့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာ အခုပဲ စုံစမ်းကာ ရွေးချယ်ဝယ်ယူလိုက်ပါ။
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
03/07/2026
● Spare Parts ရော Service ပိုင်းရော
လာရောက်အားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Automobile Parts မှ အထူး
ကျေးဇူးတင်ပါတယ်ခင်ဗျာ
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
Automobile Lab
01/07/2026
🌧️ အခုလို မိုးရာသီမှာ မဖြစ်မနေ ခရီးထွက်ဖို့ လိုလာပြီဆိုရင်တော့ ဘေးကင်းလုံခြုံစွာ လိုရာခရီးကို အရောက်သွားနိုင်ဖို့ ခရီးလမ်းတလျှောက်မှာ ပြုလုပ်သင့်တဲ့ အချက်လေးတွေကို ကားပိုင်ရှင်လူကြီးမင်းများအတွက် မျှဝေပေးချင်ပါတယ်။
🚙 ပထမဆုံးအနေနဲ့ ကိုယ်ခရီးထွက်မယ့်ရက်ရဲ့ မိုးလေဝသအခြေအနေနဲ့ ခရီးလမ်းအခြေအနေကို လေ့လာစုံစမ်းထားသင့်ပါတယ်။ ခရီးထွက်မယ့်ရက်မှာ မိုးရွာသွန်းဖို့ အလားအလာများတယ်ဆိုရင်လည်း နှောင့်နှေးမှုများကို ကြိုတင်ခန့်မှန်းကာ စောစောကြိုထွက်ခြင်းဖြင့် အချိန်ပိုရဖို့ ပြင်ဆင်ဖန်တီးထားသင့်ပါတယ်။
🚙 မိုးရာသီတိုင်း ရေကြီး၊ ရေမြုပ်တတ်တဲ့ လမ်းတွေကို တတ်နိုင်သမျှ ရှောင်ရှားကာ သွားလာရ ပိုအဆင်ပြေပြီး အန္တရာယ်ကင်းမယ့် လမ်းကြောင်းကို ကြိုဆွဲထားခြင်း၊ ရွေးချယ်ကာ မောင်းနှင်ခြင်းများ ပြုလုပ်သင့်ပါတယ်။
🚙 မိုးရေစိုနေတဲ့ လမ်းတွေဟာ လမ်းချော်ခြင်း၊ တာယာ grip ကောင်းကောင်းမထိန်းနိုင်ခြင်းများ ဖြစ်ပေါ်မှု များပြားတတ်တာမို့ ဖြေးဖြေး၊ မှန်မှန်ဖြင့်သာ ကားမောင်းနှင်သင့်ပါတယ်။ အရှေ့၊ အနောက်မှ သွားလာနေတဲ့ ကားတွေကြား အကွာအဝေးကိုလည်း နေရာပိုများများ ထားပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အခြေအနေတစ်စုံတစ်ရာကြောင့် ဘရိတ်အမြန်အုပ်ဖို့ လိုအပ်လာတဲ့အခါ နေရာပို များများခြားထားခြင်းဖြင့် အန္တရာယ်များကို ကာကွယ်နိုင်မှာပါ။
🚙 မိုးသည်းထန်စွာ ရွာသွန်းခြင်းဟာ ကိုယ့်ရဲ့ ကားအရှေ့က မြင်ကွင်းတွေကို မရှင်းမလင်းဖြစ်စေတာမို့ ကားမောင်းတဲ့အခါ အာရုံအပြည့်အဝထားသင့်ပြီး ဖုန်းသုံးခြင်း၊ ဖုန်းပြောခြင်းစတဲ့ အာရုံလွင့်စေမယ့် အပြုအမူများကို မပြုလုပ်သင့်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးမထွက်ခင်ထဲက ကိုယ့်ကားရဲ့ ကားမီးများ၊ Windshield Wipers နဲ့ Washer Fluid တို့ရဲ့ ကြံ့ခိုင်မှုကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။
🚙 မိုးတွင်းမှာ ခရီးရှည် ထွက်ဖို့ လိုနေတဲ့ ကားပိုင်ရှင်လူကြီးမင်းများအနေနဲ့ Emergency Kit ကို ကိုယ်တိုင်ပြင်ဆင်ပြီး တစ်ပါတည်း ယူဆောင်သွားသင့်ပါတယ်။ Emergency Kit ထဲမှာ ဓာတ်မီး၊ ဓာတ်ခဲ၊ Power Bank ၊ ဖုန်းအားသွင်းကြိုးအပို၊ ထီး၊ မိုးကာနဲ့ ဆေးဝါးတို့အပြင် ကားပြင်တဲ့အခါ အသုံးလိုတတ်တဲ့ ကိရိယာများကိုလည်း ထည့်ထားသင့်ပါတယ်။
𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ရဲ့ ကားပိုင်ရှင်လူကြီးမင်းများအားလုံး မိုးတွင်းခရီးထွက်တဲ့အခါ ဘေးကင်းအဆင်ပြေဖို့ ဆုတောင်းရင်း မိုးကြီး၊ ရေလျှံလို့ ကားပျက်စီး၊ ထိခိုက်မှုများရှိခဲ့တဲ့အခါ High Quality ၊ Fair Price ဖြစ်တဲ့ Spare Parts များ လိုအပ်ရင် 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကို သတိရလိုက်ပါနော်…🤗☔
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
27/06/2026
ကားကွေ့ဝိုက်တဲ့အခါတိုင်း၊ အရှိန်နဲ့ မောင်းနှင်တဲ့အခါတိုင်း ကားက ဘယ်၊ ညာ လူးလွန့်ခါနေမယ်၊ တဂျောက်ဂျောက်နဲ့ အသံမြည်နေမယ်ဆိုရင်တော့ Car Suspension System ထဲက 𝐒𝐭𝐚𝐛𝐢𝐥𝐢𝐳𝐞𝐫 𝐋𝐢𝐧𝐤 (လင့်) နဲ့ 𝐒𝐰𝐚𝐲 𝐁𝐚𝐫 𝐁𝐮𝐬𝐡 (ခွဲဘွတ်) တို့ ပျက်စီးနေမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
🔹 Stabilizer Link (လင့်) ဆိုတာ ကားအောက်ပိုင်းစနစ်ကို Sway Bar နဲ့ ချိတ်ဆက်ပေးထားတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ Sway Bar နဲ့ ကားဘီးကြား တွန်းအားကို စီးဆင်းရာမှာ ကူညီပေးတဲ့အပြင် အကွေ့အဝိုက်တိုင်းမှာ ကားက တုန်ယမ်းပြီး ခါနေတတ်တာ၊ ကားယိုင်သွားတတ်တာတွေကို ကာကွယ်ပေးပါသေးတယ်။
🔹 Sway Bar Bush (ခွဲဘွတ်) ဆိုတာ မော်တော်ကား ကိုယ်ထည်နဲ့ Sway Bar ကို ခိုင်မြဲနေအောင် ချိတ်ဆက်ပေးထားတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ကားရဲ့ movement တစ်ခုစီတိုင်းကို ထိန်းချုပ်ပေးပါတယ်။ Sway Bar Bush (ခွဲဘွတ်) ဟာ ကားအောက်ပိုင်းစနစ်မှာ တဂျောက်ဂျောက် အသံမြည်တာကို လျော့ချပေးပြီး Handle ပိုင်း ကောင်းကောင်း လုပ်နိုင်ဖို့ ပံ့ပိုးပေးပါသေးတယ်။
Stabilizer Link (လင့်) နဲ့ Sway Bar Bush (ခွဲဘွတ်) တွေဟာ လုံခြုံဘေးကင်းစွာ မောင်းနှင်နိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းများ ဖြစ်တာမို့ ခရီးရှည်မထွက်ခင်မှာ ကြိုတင်စစ်ဆေးသင့်ပြီး ဟောင်းနွမ်းပျက်စီးနေပြီဆိုပါက လဲလှယ်ပေးဖို့ လိုပါတယ်နော်။
𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာတော့ ကားပိုင်ရှင်၊ Workshop ပိုင်ရှင် လူကြီးမင်းများ လိုအပ်တဲ့ Stabilizer Link (လင့်) နဲ့ Sway Bar Bush (ခွဲဘွတ်) တွေကို
🚘 KIA Rio
🚘 KIA Carnival
🚘 KIA Sportage
🚘 Hyundai Accent
🚘 Hyundai Porter 2
🚘 Hyundai Grand Starex
🚘 Chevrolet Malibu
🚘 Chevrolet Trax တို့အတွက် အဆင့်သင့် (Instock) ထားပေးထားပြီး ပျဉ်းမနားမြို့ရှိ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ဆိုင်သို့ ကိုယ်တိုင် လာရောက်ဝယ်ယူနိုင်သလို Online မှတဆင့် မှာယူနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်နော်။
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
25/06/2026
ဓာတ်ဆီကားတစ်စီးဟာ မီးကူးစနစ်ကောင်းမှ စက်လွယ်လွယ်နှိုးလို့ရပြီး မောင်းနှင်ရာမှာလည်း ပေါ့ပါးသွက်လက်နေမှာပါ။
မီးကူးစနစ်မှာ လေနဲ့ လောင်စာဆီအရောတွေကို လောင်ကျွမ်းစေမယ့် Spark (မီးပွား) ကို ဖန်တီးပေးမယ့် အရေးကြီးတဲ့ Spark Plugs (မီးပလပ်) ကို ပုံမှန် စစ်ဆေးသင့်ပါတယ်။
ကီလို (၂၀,၀၀၀) ကနေ ကီလို (၁၅၀,၀၀၀) အထိ မောင်းနှင်ပြီးတိုင်း မီးပလပ်ကို လဲလှယ်သင့်ပါတယ်။
အဲ့လိုမဟုတ်ဘဲ မီးပလပ်ကို လဲဖို့ အချိန်ဆွဲနေမိပြီဆိုရင်တော့
🔹 ကိုယ့်ရဲ့ကား စက်နှိုးပြီး ရပ်ထားချိန်မှာ RPM မငြိမ်ဘဲ စက်အရမ်းတုန်နေတာမျိုး ဖြစ်တတ်ပါတယ်။
🔹 မီးပလပ်မကောင်းတဲ့အခါ ဆီပိုသုံးပေးမှ မီးလောင်ကျွမ်းမှာမို့ ဆီစားပိုများလာတတ်ပါတယ်။
🔹 ကားမောင်းနေရင်း ထိုးရပ်သွားတာ၊ အမြန်မောင်းချိန် ပုံမှန်လောက် မသွက်တော့တာမျိုးတွေလည်း ဖြစ်တတ်တယ်။
မီးပလပ်မကောင်းရင် မီးမကူးခြင်း (misfire) ဖြစ်တတ်ပြီး ကားအင်ဂျင်ကို ထိခိုက်စေတတ်တာမို့ မီးပလပ်ကို အချိန်ဆွဲပြီး မလဲဘဲ ပစ်ထားတာမျိုး မလုပ်သင့်ဘဲ အချိန်မီ လဲလှယ်ပေးသင့်ပါတယ်။
အဖိုးအခ အရမ်းမကြီးတဲ့ မီးပလပ်လေးတစ်ခုကို အချိန်မီလဲလှယ်ပေးခြင်းဟာ အနာဂတ်မှာ ပြင်ဆင်စရိတ်ကြီးမားတဲ့ စက်ချို့ယွင်းမှုပြဿနာများစွာကို ကာကွယ်ရာ ရောက်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ အဖိုးတန်ကားများအတွက် မီးပလပ်ကောင်းကောင်း လဲလှယ်ချင်တယ်ဆိုရင်တော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါပြီ။
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
21/06/2026
● Customer Order : Lifan X50 • CVT Gearbox •
- CVT ဂီယာဘောက်ကို ဖွင့်ပြင်ရင်းနဲ့ ချိန်းသွားတဲ့ လမ်းကြောင်းမှာ အစင်းရာတွေပေါ်လာဖြစ်နေပါတယ် ချိန်းခုန်ပြီး နောက်ဆုံးမှာ ကား ရှေ့ရော နောက်ရော
မထွက်တော့လို့ ဂီယာဘောက် အသစ်တစ်လုံးမှာယူ
လဲလှယ်လိုက်ရတာဖြစ်ပါတယ်
- အခုလိုပစ္စည်းမှာမယ်ဆိုရင်တော့ အချိန်ကြာနိုင်ပါတယ်ခင်ဗျာ
- လူကြီးမင်းတို့ အနေဖြင့် CVT ဂီယာဘောက်
ပါတဲ့ ကားကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဂီယာဝိုင်မမှားစေဖို့နဲ့ သတ်မှတ်ကီလိုပြည့်တိုင်းမှာ ဂီယာဝိုင်ပုံမှန်လဲလှယ်ပေးဖို့ အကြံပြုပါတယ်ခင်ဗျာ
Automobile Parts
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
Automobile Lab
19/06/2026
🪫 ခရီးသွားလာနေရင်း ဘက်ထရီ”ဒေါင်း”ပြီဆိုရင် ခရီးစဉ်လည်း နှောင့်နှေးရသလို မောင်းနှင်သူရော၊ လိုက်ပါစီးနင်းသူများပါ စိတ်အနှောင့်အယှက်ဖြစ်ရ၊ အခက်အခဲတွေ တွေ့ကြုံရတာ အမှန်ပါ။
ဒါကြောင့် လမ်းခရီးမှာမှ ဘက်ထရီ”ဒေါင်း”ရတာ မဖြစ်ရလေအောင် ကားဘက်ထရီ “ဒေါင်း” ခါနီးပြီဆိုတာ ကြိုတင်တွက်ချက်ပြီး သိနိုင်မယ့် အချက်လေး (၅) ချက်ကို မျှဝေချင်ပါတယ်။
1️⃣ အင်ဂျင်နှိုးရခက်ခြင်း
ကားကို သော့နဲ့ပဲ နှိုးနှိုး၊ ခလုတ်ပဲ နှိပ်ပြီး နှိုးနှိုး ပုံမှန်လိုမဟုတ်ဘဲ နှိုးရခက်နေတယ်ဆိုရင်တော့ ဘက်ထရီ”ဒေါင်း”တော့မယ်ဆိုတာကို ပြသနေတဲ့ အစောဆုံး လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းရာသီလို အပူချိန်နိမ့်ပြီး အေးတဲ့အချိန်အခါတွေမှာလည်း နှိုးရခက်နေတယ်ဆိုရင် ဘက်ထရီ”ဒေါင်း”ခါဖို့ ရာခိုင်နှုန်းများပါတယ်။ ဘက်ထရီတွေဟာ အပူချိန်ကျသွားတာနဲ့ အားကျတတ်လို့ပါပဲ။
2️⃣ ကားမီးဖွင့်တဲ့အခါ ပုံမှန်ထက် မှိန်နေခြင်း
ကားအရှေ့မီးများ ပုံမှန်ထက် မှိန်နေပြီဆိုရင်လည်း ဘက်ထရီအားကျနေပြီဆိုတာ ကြိုတင်သိနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီအားကိုယူပြီး အသုံးပြုရတဲ့ Radio၊ Dashboard Display တွေလည်း သေချာအလုပ်မလုပ်တော့ဘူးဆိုရင်တော့ ဘက်ထရီ”ဒေါင်း”နေပြီပဲ ဖြစ်ပါတယ်။
3️⃣ ကားစက်နှိုးတဲ့အခါ ကလစ်သံထွက်ခြင်း
ကားစက်နှိုးလို့ ကလစ်သံထွက်နေခြင်းဟာ ဘက်ထရီအားမလောက်တာမို့ မော်တာဆီ ပါဝါအလုံအလောက်မရောက်ခြင်းသာ ဖြစ်ပါတယ်။
4️⃣ Battery Warning မီး အချက်ပြနေခြင်း
Battery Warning မီး အချက်ပြနေခြင်းဟာ ဘက်ထရီအားကျနေတာလည်း ဖြစ်နိုင်သလို အားသွင်းစနစ် စတင်ချို့ယွင်းတဲ့ လက္ခဏာဖြစ်တဲ့ Alternator ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။
5️⃣ ကြက်ဥပုပ်အနံ့လို အနံ့ဆိုးများရလာခြင်း
ဘက်ထရီမကောင်းတော့ဘူးဆိုရင် ဂတ်စ်တွေ ယိုစိမ့်လာတတ်တာမို့ ဆာလဖာအနံ့၊ ကြက်ဥပုပ်အနံ့လို အနံ့ဆိုးများ ထွက်လာတတ်ပါတယ်။ အဲ့ဒီလို အနံ့ဆိုးတွေဟာ ဘက်ထရီအတွင်းပိုင်း ပျက်စီးနေခြင်းရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကားပိုင်ရှင်လူကြီးမင်းများလည်း အပေါ်ကအချက် (၅) ချက်ကိုသိပြီဆိုတော့ ကိုယ့်ရဲ့ ကားဘက်ထရီ ကောင်း၊ မကောင်းကို ပြန်စစ်ကြည့်လိုက်တော့နော်…🔋
အရည်အသွေးမြင့်၊ ပစ္စည်းမှန် Car Spare Parts များ လိုအပ်ရင်တော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကို သတိရလိုက်ပါ။
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
17/06/2026
မောင်းနှင်နေတဲ့ကားဟာ ပေါ့ပါးမှုအပြည့်နဲ့ ကားဆွဲအား/ ရုန်းအားကောင်းနေရခြင်းဟာ Plug နဲ့ Plug Coil တို့ သူတို့ရဲ့ ကျရာတာဝန်ကို လုပ်ဆောင်နိုင်စွမ်းရည်အပြည့်ရှိနေသေးလို့ပါပဲ…🦾🚘
ဒီနေ့မှာတော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကနေ ဓာတ်ဆီကားပိုင်ရှင်လူကြီးမင်းများအတွက် ဓာတ်ဆီကားတစ်စီးမှာ Plug နဲ့ Plug Coil များ အခြေခံအားဖြင့် အလုပ်လုပ်ပုံကို မျှဝေပေးချင်ပါတယ်။
ဓာတ်ဆီအင်ဂျင်တစ်လုံးရဲ့ အင်ဂျင်ဆလင်ဒါတွေထဲမှာ လေနဲ့ လောင်စာဆီအရောတွေကို လောင်ကျွမ်းသွားစေရန် Plug နဲ့ Plug Coil တို့ဟာ အတူတကွ လုပ်ဆောင်ကြရပါတယ်။
🔹 Plug Coil (မီးကွိုင်) ဆိုတာ (၁၂) ဗို့အားရှိ ကားဘက်ထရီဆီကနေ Spark (မီးပွား) ဖန်တီးရန် လိုအပ်တဲ့ (၁၂၀၀၀) မှ (၂၅၀၀၀) ရှိ ဗို့အားမြင့်တွေကို ပြောင်းလဲကာ ပို့လွှတ်ပေးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ခေတ်မီကားများမှာတော့ Coil-On-Plug (COP) စနစ်ကို အသုံးပြုလေ့ရှိပြီး Plug တစ်ခုစီမှာ တိုက်ရိုက်တပ်ဆင်ထားတဲ့ Plug Coil ကိုယ်စီပါရှိတတ်ကြပါတယ်။
🔹 Plug ဆိုတာ အင်ဂျင်ဆလင်ဒါထိပ်လေးမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး လေနဲ့ လောင်စာဆီအရောတွေကို လောင်ကျွမ်းစေမယ့် Spark (မီးပွား) ကို ဖန်တီးပေးရတာပဲ ဖြစ်ပါတယ်။ Plug တွေမှာလည်း Hot Type / Cold Type ဆိုပြီး အမျိုးအစား ခွဲခြားနိုင်ပါသေးတယ်။ ဒီအမျိုးအစား (၂) ခုအကြောင်း အသေးစိတ် သိချင်ကြတယ်ဆိုရင် Post လေး သီးသန့်ထပ်တင်ပေးပါဦးမယ်။
Plug နဲ့ Plug Coil တွေရဲ့ အလုပ်လုပ်ပုံကတော့…
Plug Coil ကနေ ပို့လွှတ်ပေးတဲ့ ဗို့အားတွေကို ပလပ်ကြိုးတွေကနေ Plug ဆီ ရောက်လာပြီး Plug ထိပ်မှာရှိတဲ့ Center Electrode ကနေ Ground Electrode ဆီ မီးပွားတွေ ခုန်ကူးပါတယ်။ ဒီလိုမျိုး မီးပွားများကြောင့် လေနဲ့ လောင်စာဆီအရောတွေ လောင်ကျွမ်းသွားမှသာ အင်ဂျင်စနှိုးပြီး ကားစတင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ကားဆွဲအား၊ ရုန်းအားမကျစေချင်ဘူး၊ ပေါ့ပေါးမှု အပြည့်ရှိချင်တယ်ဆိုရင်တော့ အရည်အသွေးပြည့်မီတဲ့ ဓာတ်ဆီအမျိုးအစားသာ ရွေးချယ်ဖြည့်ပေးပါ။ Plug နဲ့ Plug Coil တွေကို အရည်အသွေးကောင်း၊ ပစ္စည်းစစ်တာကိုပဲ ရွေးချယ်လဲပေးပါ။
Plug နဲ့ Plug Coil ကောင်းကောင်းလိုအပ်ပြီဆိုရင်တော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကိုသာ သတိရလိုက်ပါ။
Plug အတွက်
🚘 KIA Rio
🚘 KIA Carnival
🚘 KIA Sportage
🚘 Hyundai Accent
🚘 Hyundai Porter 2
🚘 Hyundai Grand Starex
🚘 Chevrolet Malibu
🚘 Chevrolet Trax တို့အတွက် အဆင့်သင့် (Instock) ရှိပြီး
Plug Coil အတွက်ဆိုရင်တော့
🚘 Volkswagen အတွက် Instock ရှိပါတယ်နော်။
လိုအပ်နေတဲ့ ကားပိုင်ရှင်လူကြီးမင်းများအနေနဲ့ ပျဉ်းမနားမြို့ရှိ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ဆိုင်သို့ ကိုယ်တိုင် လာရောက်ဝယ်ယူနိုင်သလို Online မှတဆင့် မှာယူနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
13/06/2026
ကားပိုင်ရှင်လူကြီးမင်းများအတွက် 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ရဲ့ “အဖြေမှန်ရွေး” အစီအစဉ်လေး ပြန်လာပါပြီ…😍
ပုံထဲက ယာဉ်အပိုပစ္စည်းရဲ့ အမည်လေးကို သိကြလား ?
သိတယ်ဆိုရင်တော့ Comment မှာ ရေးပေးခဲ့ကြဦးနော်…🤳
🔎 သဲလွန်စလေး ပြောရမယ်ဆိုရင်တော့ ဒီယာဉ်အပိုပစ္စည်းလေး ဟောင်းနွမ်းပျက်စီးတဲ့အခါ မလဲလှယ်ဘဲ ထားမယ်ဆိုရင် Overheat ဖြစ်တတ်ပြီး ကားအင်ဂျင်ကို ပုံမှန်ထက် မြန်မြန်ပျက်စီးစေပြီး အင်ဂျင်သက်တမ်းတိုးစေပါတယ်။
ကိုယ့်ရဲ့ ကားအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးနေတဲ့ ယာဉ်အပိုပစ္စည်းလေးဖြစ်တာမို့ ဟောင်းနွမ်းနေပြီဆိုရင် အချိန်မဆွဲဘဲ လဲလှယ်ပေးဖို့ လိုပါ့မယ်နော်။
ဒီယာဉ်အပိုပစ္စည်းလေးရဲ့ အမည်မှန်လေးကိုလည်း သိတယ်၊ ဒီပစ္စည်းကို ကိုယ့်ရဲ့ ကားမှာ လဲဖို့ အရည်အသွေးကောင်းတာလေးမှ ရှာဖွေနေတယ်ဆိုရင်တော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာ Korea/ China/ Europe Made Car Brand တွေအတွက် Instock ထား ရောင်းချပေးနေပါပြီ။
“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”
☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7
Click here to claim your Sponsored Listing.
Category
Address
Pyinmana
15011
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |