HTET MON Clinic
04/11/2021
သို့/
ဒေါက်တာအပ်ပုန်း
ညောင်ပင်သာရွာ
အကြောင်းအရာ။ ။ လူကြီးမင်း၏ လူနာအခြေအနေအား အကြောင်းကြားခြင်း။
အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ်ရက်က လူကြီးမင်းနှင့် ဆေးထိုးခဲ့သော ညောင်ပင်သာရွာမှ မောင်လူအေး အသက် ၄ နှစ်သည် ကျွန်ုပ်တို့၏ မကွေးတိုင်းဆေးရုံရှိ ကလေးကုသဆောင်သို့ ရောက်ရှိလာပြီးနောက် ယခုအခါ အဖျားကျ၍ နေကောင်းနေပြီဖြစ်သည်။ သို့သော် လူကြီးမင်းဆေးထိုးပေးခဲ့သော တင်ပါးတွင်မူ ပူးတွဲပါပုံအတိုင်း နီရဲယောင်ရမ်းပြီး ခဲနေပါသဖြင့် လမ်းမလျှောက်နိုင်ဖြစ်နေရရှာလေသည်။ ဆရာဝန်များ၏ စမ်းသပ်တွေ့ရှိချက်များအရ မောင်လူအေး၏ရောဂါမှာ သွေးလွန်တုပ်ကွေး အဆင့် ၁ ဖြစ်ကြောင်း, သွေးဥမွှားနည်းနေသည့် အခိုက်အတန့်တွင် အသားဆေးထိုးလိုက်၍ တင်ပါးအသားထဲ၌ သွေးယိုစိမ့်ခြင်းဖြစ်ကြောင်း ကြားသိရသည်။ သွေးလွန်တုပ်ကွေးရောဂါအနေအထားမှာ စိုးရိမ်ဖွယ်မရှိသော်လည်း လူကြီးမင်း၏ ဆေးထိုးကြမ်းချက်ကြောင့် ကလေးမှာ အိပ်ရာပေါ်က မထနိုင်ဖြစ်နေရသည်။ နောက်နောင် အပ်ပုန်းကုသရာတွင် ကလေးများအား ချမ်းသာပေးရန် အကျွန်ုပ်မှ သတိပေးအကြောင်းကြားလိုက်သည်။
ပုံ/
ကလေးဆောင်စောင့်နတ်မင်း
မကွေးတိုင်းဆေးရုံကြီး။
=======================
ကလေးနှင့်အသားဆေး
ကလေးတွေကို ဆေးပေးရာမှာ လိမ်းဆေး သောက်ဆေး ထိုးဆေး (အသားဆေး, အကြောဆေး) တွေပေးဖို့အတွက် ကလေးရဲ့ ဖြစ်တဲ့ရောဂါ, ရောဂါရဲ့ ပြင်းထန်မှု, အစာအိမ်နဲ့အူလမ်းကြောင်းက သောက်ဆေးကို လက်ခံစုပ်ယူနိုင်တဲ့ အခြေအနေ ရှိ/မရှိ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ရွေးချယ်ရပါတယ်။
💉 အရင်ခေတ်ကလို ဖျားတာနဲ့ ဆေးသွားထိုးတတ်ကြတဲ့ခေတ် ကုန်ပါပြီ။ မလိုအပ်ဘဲ ဆေးမထိုးတော့ပါ။ တတ်နိုင်သမျှ သောက်ဆေးသာပေးတတ်ပါတယ်။
💉 ဘာကြောင့်လဲဆိုတော့ ထိုးဆေးရဲ့ ဆိုးကျိုးတွေက သောက်ဆေးထက် ပိုများလို့ပါ။ အထူးသဖြင့် ကလေးတွေမှာ ပိုလို့ဆိုးကျိုးဒဏ်ခံရပါတယ်။ မွေးတုန်းကအကောင်းကနေ တင်ပါးမှာ အသားဆေးထိုးခံရလို့ အာရုံကြောကို ထိမိပြီး ခြေတဖက် ထော့ကျိုးဖြစ်သွားတဲ့ ကလေးတွေ မနည်းမနောတွေ့နေရပါတယ်။
💉 အခုလို သွေးယိုလွယ် သွေးမတိတ်လွယ်တဲ့ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးတွေ တင်ပါးကို ဆေးထိုးခံလိုက်ရရင်တော့ အသားထဲသွေးယိုရာကနေ အနာဖြစ်နိုင်သလို အသက်အန္တရာယ်ဖြစ်လောက်အောင်ထိလည်း သွေးယိုနိုင်ပါတယ်။
💉 ဘာကြောင့်လဲဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးမှာ ဖျားလို့ သုံးရက်မြောက်ကနေ ခြောက်ရက်အထိကာလအတွင်း ကလေးရဲ့သွေးထဲမှာ သွေးတိတ်ဖို့ ကူညီပေးတဲ့ သွေးဥမွှားလေးတွေရော သွေးခဲပစ္စည်းတွေပါ နည်းနေတတ်လို့ပါ။
💉 Hemophilia ခေါ်တဲ့ သွေးမတိတ်ရောဂါ ရှိတဲ့ကလေးတွေလည်း အလားတူဖြစ်နိုင်ပါတယ်။
💉 ဒါကြောင့် မိဘများ ကိုယ့်ကလေးကို မလိုအပ်ဘဲ ဆေးထိုးမခံကြပါနဲ့။ ကလေးနေမကောင်းပါက ယုံကြည်ရသော ဆရာဝန် ဆရာမသာ ပြသပါ။ တာဝန်ရှိသူများအနေနဲ့လည်း အပ်ပုန်းများ ရမ်းကုများအား အရေးယူနှိမ်နင်းနိုင်ပါစေ။
ကလေးတို့ ဆေးထိုးခံရခြင်း ဝေးကြပါစေ။
ဒေါက်တာသက်ထားရွှေစင်ဝင်း
ကလေးဆရာဝန်
04/10/2021
ကိုဗစ်ဖြစ်တိုင်း ဓါတ်ဆားရည် သောက်ဖို့မလိုပါဘူး ဘယ် အဖျားမဆို ခန္ဓာကိုယ်က ရေနဲ့ဆား ဓါတ်ဆုံးရှုံးနိုင်လို့ ရေနဲ့ ဆားဓါတ် ပြန်ဖြည့်ဖို့လိုပါတယ် အူတွေကအကောင်းမို့ ဓါတ်ဆားရည်လို အချိုးကျကျ ဖျော်ဖို့မလိုပါဘူး အငံပါတဲ့အချိုရည် ပဲသေါက်သေါက် သံပုရာရည် လိုမျိုးကိုဆားခတ်သေါက်သေါက်ရပါတယ်
ဝမ်းပျက်ပြီဆိုရင်တော့ ရေဆားသကြားတွေကို အချိုးကျကျ ဖျော် ရပါတယ် ဒါမှရောင်ယမ်းနေတဲ့ အူတွေကစုပ်ယူ မှာပါ ဒါက ဓါတ်ဆားရည်ရဲ့အခြေခံသဘောတရားပါ
ဓါတ်ဆားထုပ်တွေ ဈေးကြီးနေရင် ဝယ်မရရင်စိတ်မပူပါနဲ့ အေါက်မှာဖေါ်ပြထားတာက WHO က ဖေါ်ပြထားတဲ့ အိမ်လုပ်ဓါတ်ဆားရည် ဖျော်နည်းပါ အရမ်းအသုံးဝင်ပါတယ်
BPI ဓာတ်ဆားထုတ်တွေလည်း အကုန် out of stock ဖြစ်ကုန်ပါပြီ
Google မှာ ရှာဖတ်ကြည့်တော့ WHO Homemade ORS လေး လုပ်ဖြစ်တာ ပြန်မျှဝေချင်ပါတယ်။
လိုအပ်တာကတော့ -
1.Boiled Water (ရေကျက်အေး) 1 Liter
2. Salt (ဆား) Half teaspoons
3. Sugar (သကြား) 6 teaspoons
ရေနွေး 200 ml (ဖန်ခွက်တစ်ခွက်)လောက်ထဲကို ဆားနဲ့ သကြား ထည့်ပြီး အကုန်ပျော်သွားအောင်မွှေပါ။
ရေသန့်ဘူး 1လီတာ ပြည့်အောင် ရော၍ လိုအပ်သလို သောက်သုံးနိုင်ပါသည်။
သတိ။ ။ သကြား နဲ့ ဆားကို ပိုထည့်ခြင်း ၊ လျော့ထည့်ခြင်း မပြုလုပ်ကြပါရန်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။
Stay fit and keep hydrated !
crd:::
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyinmana