Pyay Shine Laundry Services

Pyay Shine Laundry Services

Share

31/10/2024

* ဘဝမှာ ....
နုပျိုခြင်းတွေ မရှိတော့တဲ့အခါ
အိုမင်းရင့်ရော်ခြင်းတွေကိုလည်း
လက်ခံနိုင်အောင် ကြိုးစားပါ။

* ကျန်းမာခြင်းတွေ မရှိတော့တဲ့အခါ
မကျန်းမာခြင်းတွေကိုလည်း
သည်းခံနိုင်အောင် ကြိုးစားပါ။
ကျန်းမာရေးဆိုတာ
အမြဲကောင်းမွန် မနေနိုင်ပါဘူး။

* အနားမှာ ဘယ်သူမှ မရှိတော့တဲ့အခါ
အထီးကျန်ခြင်းကိုလည်း
တည်ငြိမ်စွာခံယူတတ်ဖို့ ကြိုးစားပါ။
တစ်ချိန်မှာ အထီးကျန်တဲ့နေ့ရက်တွေလည်း
ရှိလာဦးမှာပါ။

* ရှင်သန်ခြင်းနေ့ရက်တွေ မရှိတော့တဲ့အခါ
သေဆုံးခြင်းကို ပြုံးပြုံးလေးလက်ခံနိုင်အောင်
ကြိုးစားပါ။ရှင်သန်ခြင်းဟာ သေဆုံးခြင်းမှာ
အဆုံးသတ်ပါတယ်။

* 'ဘယ်အရာမှ´လို့ မတည်မြဲဘူးလို့ စိတ်မှာ
အမြဲသတိရပေးနေရင် သင်ဟာ ဒုက္ခတွေကို
ခံနိုင်ရည်ရှိလာလိမ့်မယ်။

*ကိုယ်ပိုင်ဆိုင်ထားသမျှ အရာအားလုံးဟာ
တစ်နေ့မှာ ကိုယ်နဲ့မဆိုင်တဲ့အရာတွေ
ဖြစ်ကုန်ကြလိမ့်မယ်။
ပြောရမယ်ဆိုရင်တော့ဒီကမ္ဘာပေါ်မှာ
ရှိတဲ့ သက်ရှိသက်မဲ့ အရာအားလုံးဟာ
ကျွန်တော်တို့နဲ့ ခဏတာပဲ ပတ်သက်ခွင့်ရတာပါ။

* `မရှိတော့တဲ့အခါ´တွေးပြီးကြောက်ဖို့
မဟုတ်ပါဘူး။

* 'မရှိတော့တဲ့အခါ´ဆင်ခြင်ပြီး ကြိုတင်
ပြင်ဆင်နိုင်ဖို့ပါ။

အလင်းသစ်(သဲကုန်း)
credit copy & photo

31/10/2024

မိဘ ဖြစ်သူတွေက
သူတို့ရဲ့ သားလေးကို

သားလေး…
သူတော်ကောင်းနဲ့ ပေါင်းနော်
လူမိုက်နဲ့ မပေါင်းနဲ့ လို့
အမြဲမှာသတဲ့။

တစ်နေ့ကျတော့…
သားဖြစ်သူက
မိဘ( ၂ )ယောက်ကို

အဖေ နဲ့ အမေ
သား
အခု အများဆုံးပေါင်းနေတာက
အဖေနဲ့ အမေပါ။

သားကို
သူတော်ကောင်းနဲ့ ပေါင်းစေချင်ရင်
အဖေတို့ အမေတို့လည်း
သူတော်ကောင်း ဖြစ်အောင်
နေပေးပါ လို့ ပြောသတဲ့။

#ရိုးရိုးလေးနော် …
ကလေးအတွေးနဲ့ ပြန်ပြောပေမဲ့
စဉ်းစားစရာ နဲ့
အမှန်တရားပါ။

အရက်သောက်တဲ့ အဖေက
သား…
မင်း အရက်မသောက်နဲ့ လို့
ဆုံးမရင်
ရပါ့မလား-?

သား သမီး မကောင်း
မိဘခေါင်း ဆိုတဲ့ ဆိုရိုးနဲ့
မိဘ မကောင်း
သား သမီး ခေါင်း ဆိုတဲ့ ဆိုရိုး
စကား ( ၂ )ရပ်မှာ…

သား သမီး မကောင်းလို့
မိဘခေါင်းပေါ် ကျတာ
နာမည်ပျက်ရုံပဲ ရှိပါတယ်။

အဲဒီ မိဘ
ဘာမှ မဖြစ်ပါဘူး။

မိဘ မကောင်းလို့
သား သမီး ခေါင်းပေါ် ကျလာရင်တော့
အဲဒီ သား သမီး
သူ့ရဲ့ဘဝကိုပါ
ရိုက်ခတ် အထိနာစေပါတယ်။

ဒါကြောင့်…
သား သမီးတွေကို လိမ်မာစေချင်ရင်
မိမိကိုယ်တိုင်လဲ
ရှေ့ဆောင်လမ်းပြကောင်း
ဖြစ်နေရပါမည်။

မိဘက
သူတော်ကောင်း ဖြစ်လို့..
သား သမီးက
သူတော်ကောင်း ဖြစ်မယ်လို့
မဆိုလိုပေမဲ့…

မိဘကသာ လူမိုက်ဖြစ်ကြည့်
သား သမီးက ဆိုးဖို့
ရာခိုင်နှုန်း တော်တော်များပါလိမ့်မယ်။

ကိုယ့်ကြောင့်..
ချစ်လှပါပြီလို့ တဖွဖွပြောနေသော
ကိုယ့်သား သမီး ရဲ့ သမိုင်းစာမျက်ကို
အရောင်မခြယ်မိပါစေနဲ့။.
🙏🙏🙏🙏🙏

#မေတ္တာများစွာဖြင့်

Want your business to be the top-listed Cleaning Service in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyay
0095