Pyae
တစ်နေ့မှာ လယ်သမားတယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျပါရော မြည်းက သနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အကြံထုတ်နေခဲ့တယ် ။ မြည်းဟာ အိုနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့လိုနေပြီ ၊ ဒါကြောင့်မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ်လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီတောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြားကိုယ်ဆီကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ကြတယ် ။ ပထမတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ်ဆိုတာသိပြီး တုန်လှုပ်ငိုကြွေးတော့တယ် ။ နောက်တော့မြည်းဟာ ငြိမ်သက်သွားတယ်မြေကြီးတွေ အတော်ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တယ် ။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့်သွားတယ် ။ မြည်းဟာ သူ့ရဲ့ ကျောပေါ်ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့အတူ အပေါ်ကို တဖြည်းဖြည်းရောက်လာတယ် ။ နောက်ဆုံးမှာ မြည်းဟာ သူ့ကိုဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာခဲ့တယ် လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ်ကျရောက်ပါစေ ဒါတွေကို ခါချပြီး ဘဝတက်လမ်းအတွက် အသုံးချလိုက်ပါတကယ်တော့ ဒုက္ခဆိုတာ ဘဝအောင်မြင်ဖို့အတွက် ခုတုံးတွေ လှေခါးထစ်တွေပဲ ဖြစ်ပါတယ် ဘယ်လိုနက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲကျရောက်ပါစေ အရှုံးမပေးပါနဲ့ ၊ ဒုက္ခတွေကို ခါထုတ်ပစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ #အတ္တကျော်
#ပညာရေးစုစည်းမှု
ပညာရေးဝန်ထမ်းများ မဖြစ်မနေသိထားသင့်သောအချက်များ
ပညာရေးဝန်ကြီးဌာန(Ministry of Education)
> ပြည်ထောင်စုဝန်ကြီး(Union Minister) - ဒေါက်တာ မျိုးသိမ်းကြီး
> ဒုတိယဝန်ကြီး(Deputy Minister) - ဦးဝင်းမော်ထွန်း
>ပညာရေးဝန်ကြီးဌာန၏ရည်ရွယ်ချက်နှင့်တာဝန်
၁။ ကျောင်းနေအရွယ်လူငယ်အားလုံးပညာသင်ယူခွင့်ရှိစေရန်။
၂။ မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်းမြင့်မာလာစေရန်။
> ပညာရေးဝန်ကြီးဌာန Website – http://www.moe.gov.mm
> ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ - ဒေါက်တာခိုင်မြဲ နှင့် ဦးကိုလေးဝင်း
> ပညာရေးဌာနကို ဗြိတိသျှအစိုးရက ၁၈၆၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။
> ၁၈၈၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။
> ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
> ၁၉၂၄ ခုနှစ်တွင် မန္တလေးဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။
ပညာရေးဝန်ကြီးဌာနလက်အောက် ဦးစီးဌာနညွှန်ကြားရေးမှုးချုပ်များ
၁။ အဆင့်မြင့်ပညာဦးစီးဌာန - ဒေါက်တာသိန်းဝင်း၊
(Department of Higher Education)
၂။ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန - ဒေါက်တာဝင်းထွန်း၊
(Department of Educational Research,Planning and Training
၃။ အခြေခံပညာဦးစီးဌာန - ဒေါက်တာအောင်နိုင်စိုး(တာဝန်ခံ)
(Department of Basic Education)
၎။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန - ဦးမျိုးညွန့်၊(တပ်မတော် ငြိမ်း)
(Department of Myanmar Examinations)
၅။ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန - ဒေါက်တာဇော်မြင့်
(Department of Myanmar Nationalities' Languages)
၆။ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန - ဒေါက်တာခိုင်မြဲ
(Department of Alternative Education)
၇။ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန - ဒေါက်တာအေးမြင့်
(Department of Technical,Vocational Education and Training)
၈။ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန - ဦးဝင်းခိုင်မိုး
(Department of Research and Innovation)
၉။ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန - ဒေါက်တာခင်မောင်လတ်
(Department of Technology Promotion and Coordination)
၁၀။ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး) - ဒေါက်တာညွှန့်ဖေ
(Monitoring and Evaluation Team(Education))
၁၁။ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) - ဒေါက်တာစိုင်းကျော်နိုင်ဦး
(Monitoring and Evaluation Team(Research))
ပညာရေးဆောင်ပုဒ်များ
၁။ ပညာရေးဝန်ကြီးဌာနဆောင်ပုဒ် - “စိတ်ဓာတ်၊စည်းကမ်း၊ပညာ”
၂။ ပညာရေးဆောင်ပုဒ် - “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့”
၃။ ဘက်စုံပညာရေး ဆောင်ပုဒ် - “ကာယ၊ ဥာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေး ဘက်စုံပညာရေး”
၎။ မိဘ ဆရာ အသင်းဆောင်ပုဒ် - “မိဘဆရာပူးပေါင်း ကလေးပညာကောင်း”
၅။ ကျောင်းကောင်စီဆောင်ပုဒ် - (၁)အများအကျိုးဆောင်ကိုယ့်အကျိုးအောင် (၂)စုပေါင်းညီညာအောင်ကြောင်းဖြာ။
၆။ စာပေဗိမာန်ဆောင်ပုဒ် - “အမှောင်ခွင်း၍အလင်းဆောင်အံ့”
၇။ ပညာတန်ဆောင်ဆောင်ပုဒ် - “ပညာ၊သမာ၊အာဘာ နတ္ထိ”
၈။ အခြေခံပညာကျောင်းများ၏ဆောင်ပုဒ် - "စိတ်ဓာတ်-စည်းကမ်း-ပညာ"
နှစ်စဉ်ပြောင်းလဲသော ဆောင်ပုဒ်များ
>၂၀၁၈ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဆောင်ပုဒ်(International Literacy Day 2018)
- "နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးဖို့ စာတတ်မြောက်ရေးဆောင်ရွက်စို့"(Literacy and Skills Development)
>၂၀၁၈ ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်(World Teacher' Day)
- “ပညာရေးအခွင့်အလမ်းရရှိဖို့ အရည်အသွေးပြည့်ဆရာဖြည့်ဆည်းစို့”(The Right To Education Means, The Right To A Qualified Teacher)
>ကမ္ဘာ့ဆရာများနေ့(World Teacher' Day) - အောက်တိုဘာလ(၅)ရက် (ဆရာများနေ့ကို ၁၉၆၆တွင်စတင်ခဲ့သည်)
>နိုင်ငံတကာစာတတ်မြောက်ရေးနေ့ - စက်တင်ဘာလ(၈)ရက်
(စာတတ်မြောက်ရေးနေ့ကို ၁၉၅၆ အီရန်နိုင်ငံတွင်စတင်ခဲ့သည်။ စာတတ်မြောက်ရေးနေ့ဆောင်ပုဒ်ကို ယူနတ်စကိုအဖွဲ့ကြီးမှသတ်မှတ်ပေးသည်။)
ပညာယူနည်း၃သွယ်
၁။ ကျောင်းတွင်းပညာရေး(Formal Education)
၂။ ကျောင်းပြင်ပပညာရေး (Non-Formal Education)
၃။ ကိုယ်တိုင်သတ်မှတ်သင်ယူပညာရေး (Informal Education)
ကျောင်း၏ကျင့်ရာ ခုနှစ်ဖြာ
၁။ကျောင်း၏မြင့်မြတ်ခြင်းဆိုသည်မှာ ဆရာသမားကိုရိုသေလေးစားခြင်း၊
၂။ကျောင်း၏အနှစ်သာရမှာ စည်းကမ်းရှိခြင်း၊စာကြိုးစားခြင်း။
၃။ကျောင်း၏ငြိမ်းချမ်းခြင်းဆိုသည်မှာ တစ်ဦးပေါ်တစ်ဦး မေတ္တာသစ္စာရှိခြင်း။
၎။ကျောင်း၏ကျက်သရေဆိုသည်မှာ ကျောင်း၏ ဝန်းကျင်သန့်ရှင်းစင်ကြယ်ခြင်း။
ကျောင်း၏ဂုဏ်သတင်းဆိုသည်မှာ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်း။
၆။ကျောင်း၏ပျော်ရွှင်ခြင်းဆိုသည်မှာ စည်းလုံးညီညွတ်ခြင်း။
၇။ကျောင်း၏ပင်မအလုပ်ဆိုသည်မှာ နိုင်ငံသားကောင်းမွေးထုတ်ပေးခြင်း။
ကျောင်းကောင်စီ၏ သစ္စာ အဓိဋ္ဌာန် (၄)ချက်မှာ
၁။မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်
၂။မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်။
၃။မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်။
၎။မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်
စည်းကမ်းလိုက်နာမှုနှစ်မျိုး
(၁)အကြောက်တရားနှင့်ယှဉ်သည့်လိုက်နာမှု
(၂)အသိတရားနှင့်ယှဉ်သည့်လိုက်နာမှု
>ကျောင်းလုပ်ငန်းစွမ်းဆောင်မှုအဆင့်၁၂ချက်ကိုခွဲခြားထားသည့်အပိုင်း၂ပိုင်းမှာ
၁။စီမံအုပ်ချုပ်ရေးအပိုင်း
၂။သင်ကြားရေးအပိုင်း
>မြန်မာ့ပညာရေး ရည်မှန်းချက်
"မျက်မှောက်ကာလဖြစ်သော ပညာခေတ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို
ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်"
>မြန်မာနိုင်ငံ၏ပညာရေး မူဝါဒ(၄)ရပ်
(၁)အခြေခံပညာကို လူတိုင်းသင်ယူခွင့်ရရှိစေရန်
(၂)ကိုယ်ကျင့်တရား စာရိတ္တမြင့်မားမှုကို
Click here to claim your Sponsored Listing.