ARDEN Gaming

ARDEN Gaming

Share

08/09/2021

မင်းတို့သာ နား လည်မယ်ဆိူရင်...🙂

င့တိူ့ ပြည်သူတွေ ခုလို ခက်ခဲမယ်မထင်ဝူး..🙂




..

08/09/2021

ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေးမ၀ယ်ယူကြရန် YUG တိုက်တွန်း

==================================

အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော်အားအရေးပေါ်အခြေအနေ‌ ကြေညာပြီးသည့်နောက် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေး၀ယ်ယူစုဆောင်းခြင်း များမပြုလုပ်ရန် ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ (YUG)မှ တိုက်တွန်းလိုက်သည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ တတ်စွမ်းသည့် နယ်ပယ်ကဏ္ဍတို့မှ ပူးပေါင်းပါဝင်ပေးကြရန်လည်း ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်းအချက်အလက်များကို သေချာစိစစ်ပြီးမှ ယုံကြည်ရန်၊ တော်လှန်ရေးအင်အားစုများ၏ တည်နေရာများ အင်အားများအား ဖော်ထုတ်တင်ပြခြင်းမပြုရန်၊ စိုးရိမ်ထိတ်လန့်စွာ ဈေးဝယ်စုဆောင်းခြင်းများ မလုပ်ကြရန်နှင့် စစ်ကောင်စီအား သတင်းပေးခြင်း ပူးပေါင်းခြင်းများကို ရှောင်ကျဉ်ကြရန် ပြည်သူများအား အသိပေးထားသည်။

တိုက်ပွဲများဖြစ်ပွားလာပါက နေရပ်စွန့်ခွာရမည်ဆိုလျှင် အိုးမင်းမစွမ်းသူများ၊ မိခင်နှင့် ကိုယ်ဝန်ဆောင်သည်များ၊ ကလေးငယ်များ၊ ထိခိုက်ဒဏ်ရာရနေသူများ၊ ဆေးဝန်ထမ်းများနှင့် သာသနာ့ဝန်ထမ်းများကို အစဉ်လိုက် ကယ်ထုတ်ပေးကြရန်လည်း အသိပေး တိုက်တွန်းထားသည်။

တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် NUG မှ ထုတ်ပြန်ကြေညာ ထားသော စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးကြရန်နှင့် YUG အနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟု ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့မှ ထုတ်ပြန်ထားသည်။

YUGသည် ရန်ကုန်မြို့တွင် ရှိသည့် မြို့ပြပျောက်ကြားတော်လှန်ရေးအင်အားစုတစ်ချို့ စုပေါင်းကာဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

11/06/2021

Live Stream

Coming soon😊

Want your establishment to be the top-listed Arts & Entertainment in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyay
MYAKENTHAR