MOTO LIFE
23/05/2025
Tiger Rally Helmet - adventure နဲ့စီးဖို့ ဦးထုပ်ကောင်းကောင်းရှာနေတဲ့သူတွေအတွက် Tiger က ထုတ်တဲ့ ဒီ helmet က ဈေးအတန်ဆုံးဖြစ်မှာပါ
Tiger ဆိုတာ တရုတ်ပြည်မကြီးထဲက နာမည်ကြီး MX safety Gear တွေထုတ်လုပ်တဲ့ Company တခုပါ သူကထုတ်တဲ့ MX ဖိနပ်တွေဆိုရင် international ထိကိုပါဖြန့်ပါတယ် Reviews ကောင်းတွေလည်းအများကြီးပါ ခုလည်း TR ကနေ ထုတ်တဲ့ Helmet က အရည်အသွေးကောင်းတဲ့အတွက် တရုတ်ပြည်မကြီးထဲမှာ နာမည်ကောင်းရထားပါတယ် Safety အတွက်ဆိုရင် 3C certificate ရထားပြီးသားပါ
3C ဆိုတာ DOT(us) / TIS (thai) တို့လို တရုတ်ရဲ့ safety standard တခုပါ အရှည်ကောက်က China Compulsory Certification (CCC) လို့ခေါ်ပါတယ် ၊ တရုတ်နိုင်ငံတွင်းမှာ အသုံးပြုတဲ့ Helmet တွေက 3C လက်မှတ်မဖြစ်မနေ ရှိဖို့လိုအပ်ပါတယ် သူ့ရဲ့စမ်းသပ်ပုံတွေက ECE စမ်းသပ်ပုံနဲ့ အတော်လေးနီးစပ်ပြီး တရုတ်အစိုးရက ခွင့်ပြုထားတဲ့ lab တွေမှာဘဲ စစ်ဆေးထားတာပါ
ထိခိုက်မှုအတွက် Impact Absorption Test , Pe*******on Resistance Test , Chin Strap / Chin Guard Test , Visor အတွက် မျက်လုံးထိခိုက်မှုရှိ/မရှိ ၊မြင်နိုင်စွမ်း ၊ ခံနိုင်ရည် ဒါတွေကို တခုစီအသေးစိတ်စစ်ဆေးပါတယ် ဒါတွေအောင်မြင်ပြီဆိုရင် တောင် စက်ရုံရဲ့ ထုတ်လုပ်မှုကို အသေးစိတ်စစ်ဆေးပါသေးတယ် အကုန် pass ဖြစ်ပြီဆိုမှ အသိအမှတ်ပြုလက်မှတ်ရတာပါ အဲ့ကျမှ တရုတ်ပြည်တွင်းမှာရောင်းချခွင့်ပြုတာပါ ကျနော်သိသလောက်တော့ ချိနက သူ့ပြည်သူတွေအသုံးပြုမယ့်ပစ္စည်းအတွက်ဆို စည်းကမ်းတွေတအားတင်းကြပ်ထားပါတယ် ၊ 3C လက်မှတ်ကိုရထားရင်တောင် QC အတွက် တစ်နှစ်တခါ ပြန်လည်အစစ်ဆေးခံရပါသေးတယ် ဒီလောက်ဆို safety ပိုင်းကို စိတ်ချရလောက်ပြီထင်ပါတယ် ဒီတော့ဦးထုပ်ဘက်ပြန်လှည့်ရအောင်ပါ
ဦးထုပ်ကို Multi Layer Buffer Protection လို့ခေါ်တဲ့ အပြင်ဘက် ABS layer အတွင်းဘက် EPS layer နဲ့ ဖွဲ့စည်းထားပါတယ် ABS ကတော့ ဦးထုပ်တွေအတွက် စံ အသုံးပြုတဲ့ မာကျောတဲ့ပလက်စတစ်အသားပါ EPS ကတော့ မာကျောတဲ့ အမြုပ်အသားလို့ဘဲခေါ်မလား အဲ့တာမျိူးပါ ABS + EPS ပေါင်းစပ်အလုပ်လုပ်ပုံကိုထပ်ရှင်းပြပါ့မယ် ကျနော်တို့ Accident ဖြစ်တဲ့အခါ ABS (အပြင်သား)က ပထမဆုံး ထိခိုက်မှုဒဏ်ကို ခံယူပြီး ထိခိုက်မှု အားကို ဦးထုပ်မျက်နှာပြင်ပေါ် ဖြန့်ကျက်ပေးပါတယ် ဒါ့အပြင် ချွန်ထက်တဲ့ အရာတွေ ဝင်ရောက်လာခြင်းကနေလည်း ကာကွယ်ပေးပါတယ် ABS က ထိခိုက်မှုရဲ့ ကနဦးဒဏ်ကို ထိန်းချုပ်လိုက်တဲ့အခါ ကျန်ရှိတဲ့ ဒဏ်တွေဟာ EPS လို့ခေါ်တဲ့ အထဲသား ဆီကို ရောက်လာပါတယ်။ EPS အမြှုပ်ဟာ ဒီ ထိခိုက်မှုအား အကုန်နီးပါး ကို စုပ်ယူလိုက်တဲ့အတွက် ဦးနှောက်ဆီရောက်မယ့် ဒဏ်က အများကြီးလျော့ချပြီး မိမိကိုအန္တရာယ်ကင်း စေတာပါ ( စာရှည်သွားမှာ စိုးလို့ အများကြီးရှင်းမပြတော့ပါဖူး သဘောတရားဘဲပြောပြပြီး နောက်မှ Brain Impact နဲ့ပတ်သတ်တာကို ပို့စ်အသစ်တခုနဲ့ အကျယ်တဝင့် ရှင်းပြပေးပါ့မယ် )
မှန်ကလည်း အတင်အချပြုလုပ်လို့ရတဲ့ PC အမျိူးအစား Visor 2 ထပ် နဲ့ ဖြစ်ပြီး မေးသိုင်းကြိုးကို Double D ring အသုံးပြုထားပေးပါတယ် Adv ဦးထုပ်တွေရဲ့ထုံးစံအတိုင်း ဖြူတ်တပ်လို့ရတဲ့ Peak ပါပြီး ဦးထုပ် အလေးချိန်က 1650 +- gram ပါ ဒါကပုံမှန် ADV ဦးထုပ်တလုံးအလေးချိန်ပါလေးတယ်လို့မဆိုနိင်ပါဖူး အတွင်းသားကတော့ ဖြုတ်လို့တပ်လို့ရပြီး လေဝင်လေထွက်ကောင်းတဲ့ ဖော့အအိသားကို အသုံးပြုပြီး တည်ဆောက်ထားပေးပါတယ်
ဈေးနှုန်းကတော့ 480,000 ကျပ် ဝန်းကျင်ခန့် ဖြစ်ပြီး ဆိုဒ်အနေနဲ့ကတော့ S ကနေ 3XL အထိ ရရှိနိင်မှာပါ
မှာယူယူမယ်ဆိုရင် 4-5 ပတ် ဝန်းကျင်ခန့်ကြာမြင့်ပါ့မယ် စိတ်ဝင်စားရင် CB ဒါမှမဟုတ် 09955030711 ကိုတိုက်ရိုက်ဆက်သွယ်မှာယူလို့ရပါတယ်
18/05/2025
CRF 300 L အတွက် 13L ဆန့် ဆီတိုင်ကီ အကြီး
၂၁သိန်းအတိပါခင်ဗျာ
12/05/2025
Insta360 X4
၁၈ သိန်းအတိနဲ့ယူပါ
thai center warranty 1 year ပါပါ့မယ်
ပါကင်စစ်စစ် ကိုဒီဈေးနဲ့ရမှာဆိုတော့ တန်ပါတယ်
ကြာချိန် ၁၀-၁၄ ရက်ဝန်းကျင်ခန့်
Click here to claim your Sponsored Listing.
Category
Website
Address
08191