Mr.Paper Safety Equipment Store

Mr.Paper Safety Equipment Store

Share

24/04/2022

DOC အ​ကြောင်း​လေးမျှ​ဝေပါရ​စေရှင်

ဆရာ သန့်ဇင် DRRD (QC) ​ရေးပါတယ်

မြေကြီးလုပ်ငန်း တည်ဆောက်ရေးများမှာ Degree of Compaction 95% 98% နှင့် 100% ဆိုတဲ့ရလဒ်များကိုရရှိအောင်တည်ဆောက်မူ့ပြုလုပ်ကြရပါတယ် လမ်းများတွင်Embankment Layer DOC 90% Subgrade Layer DOC 95% နှင့် Subbase Course Gravelly Soil အုပ်စုများမှာ DOC 98% တည်ဆောက်ကြမူများလည်းရှိပါတယ် လမ်းမှာ Subgrade Layer 1ပေခန့် အမာခံတည်ဆောက်ရသလိုပဲ လေယာဉ်ကွင်းတည်ဆောက်ရေးများမှာတော့ Subgrade Layer 3ပေတည်‌ေဆာက်ကာ အောက်ဆုံး 2ပေမှ 3ပေအတွင်း DOC 98% နှင့် အပေါ် 0ပေမှ 2ပေအတွင်း DOC 100% ဆိုပြီးတည်ဆောက်ကြရပါတယ် DOC %တည်ဆောက်ရာမှာ လမ်းလုပ်ငန်းများ မမှီရခြင်းအကြောင်းအရာများမှာ OMC အနေအထားဖြင့် သိပ်သည်းမူ့ကောင်းစွာမရရှိခြင်းနှင့် ဓါတ်ခွဲခန်းပေးပို့ထားသော မြေအမျိုးအစားနှင့် ကွင်းအတွင်းအသုံးပြုမြေအမျိုးအစား လွှဲမှားမူ့များကြောင့်ဖြစ်ပါသည်
သိပ်သည်းမူ့ကောင်းစွာမရရှိခြင်းသည်လည်း လမ်းကြိတ်သောအခါအကြိမ်ရေနည်းပါးမူ့ တခါတရံ မြေအမျိုးအစားနှင့် ကြိတ်စက်လွှဲမှားနေမူ့ နှင့် OMC အနေအထားမဟုတ်ပဲ ရေနည်းချိန် ရေများချိန် လမ်းကြိတ်တည်ဆောက်နေမူ့များကလည်း DOC ခက်ခဲစေမူ့ကိုလည်း အကျိုးသက်ရောက်စေပါတယ် Wet Density ကို Moisture နဲ့စားမှ Dry Density ဆိုတာဖြစ်တည်တာပါ တခါတလေ Field ထဲ Cutter Test စမ်းချိန် ကျစ်လစ်လို့ Wt တတ်ပေမယ် ရေများရင်လည်း Wt
တက်စေတာ ကြည့်ပြီး Ok ပြီလို့သုံးသပ်မူ့များလည်းရှိပါတယ် Moisture နဲ့လည်းစားရော Dry Density နည်းတော့ DOC ကကျပြီး မှီရဲ့သားနဲ့လို့ ကောက်ချက်ချကြပါတယ်
မြေအမျိုးအစားလွှဲမှားမူ့ကလည်း DOC ရလဒ်ကို ကမောက်ကမဖြစ်စေတတ်ပါတယ် DoC ဆိုတာ Field D/D ကို Lab D/D နဲ့စားတာပါ ကွင်းအတွင်းတည်ဆောက်တဲ့မြေအမျိုးအစားနဲ့ ဓါတ်ခွဲခန်းမြေအမျိုးအစားပေးပို့ချိန် တူဖို့လိုအပ်ပါတယ် ကွင်းအတွင်းမြေက MDD နည်းပါးရင် DOC ခက်ခဲစေသလို ကွင်းအတွင်းမြေက MDD မြင့်ရင် သိပ်သည်းမူ့အားနည်းပေမယ် DOC မြင့်မားပါတယ် လမ်းအတွက်မကောင်းပါဘူး ကွင်းအတွင်း စက်နဲ့ကုတ်ချိန် အပေါ်မြေလွှာနဲ့ အောက်မြေလွှာရောသွားရင် လည်း MDD ပြောင်းသွားတာကြောင့် DOC ရလဒ်ကိုလည်း ခက်ခဲစေပါတယ် DOC အရမ်းတက်နေခြင်းနှင့် OMC အနေအထားဖြင့် ဘယ်လိုကြိတ်ကြိတ်မမှီလာဘူးဆိုရင် ချိန်ထိုးပြီ QC လုပ်သူက မြေအမျိုးအစား ဆန်းစစ်ဖို့လိုအပ်ပါတယ် လမ်းရဲ့ DOC % ခံနိုင်ရည်အားမှာ DOC မမှီနိုင်ဘူးဆိုတာ မရှိပါဘူး
Subgrade Layer ကျောက်ရောမြေ များမှာ DOC 95 % ထက် CBR 15 %ဆိုပြီး အချို့မြေအမျိုးအစားလား ခံနိုင်ရည်အားလားမသဲကွဲပါဘူး ထိုအတူ Soaked ဆိုတဲ့ ရေ 4 ရက်စိမ်ထားတာ နဲ့ UnSoaked
နဲ့က CBR အဖြေရလဒ်ဟာ မတူပါဘူး DCP ရိုက်ပြီး 15 ရရင် Ok နေလို့မရပါဘူး ကျောက်ရောမြေကို အနည်းငယ်ကြိတ်ပြီး DCP ရိုက်ရင် CBR 20အထက်မှာရှိပါတယ် ခံနိုင်ရည်အား ကောင်းတယ်လို့သုံးသပ်လို့မရပါဘူး
DOC %ရရှိအောင် Cutter Test တို့ Sand Cone တို့နဲ့စမ်းရင် ကွင်း Moistureထုတ်တာ နဲ့ မြေအမျိုးအစားမတူပြန်ရင်လည်း ချက်ချင်း မြေအခြောက်ခံ Lab မှာ Compaction Test နှင့် Moisture စမ်းတဲ့လုပ်ငန်း ၂ ရက်ခန့်ကြာမြင့်တတ်တာမို့ QC ကစမ်းပြီးချက်ချင်း DOC %ချက်ချင်းမသိရဘူးလားဆိုတဲ့ သူများလည်းရှိတတ်ပါတယ်
Moisture Content ဟာလည်း Subgrade Layer မှာ ဓါတ်ခွဲခန်းစမ်းသပ်ရလဒ် O MC ရဲ့ +or _ 2 သာသွေဖယ်လို့ရတာကြောင့် မြေကြီးလုပ်ငန်းစလုပ်တာနဲ့ Density &Moisture Test ဖြစ်တဲ့ Core Cutter Test နဲ့ Sand Cone Test တွေ စမ်းရင် လည်း ကွင်းMoisture ချိန်ညှိဖို့ ရေကားလည်း ဆောင်ထားသင့်ပါတယ်

DOC အကြောင်းတွေးတောရင်းဖြင့်
DOC 100%လေယာဉ်ကွင်းတည်ဆောက်ချိန်သာ ခက်ခဲပေမယ့် လမ်းမှာ DOC 95% ဆိုတာ ကတော့ဖြင့်ရပါတယ်ဆိုတာဖြင့်

ဆရာသမားများနှင့် အားလုံးကိုချစ်ခင်လေးစားလျှက်

သန့်ဇင် DRRD QC

Photos from Mr.Paper Safety Equipment Store's post 07/02/2022

Pumpkin helmet, pumpkin steel tape (5 m), pumpkin glass များMr Paper Safety Equipment Storeမှာ ဝယ်ယူရရှိနိုင်ပါပီ​နော်

ဆိုင်လိပ်စာ
_ဘုရားကြီးဘုရား​ရှေ့
_ပြည်​အောင်လံလမ်းမကြီးရဲ့​ဘေးမှာပါ

Ph no.
_ 09254164312
_ 09423659469 တို့ကိုလဲစုံစမ်း​မေးမြန်းဝယ်ယူနိုင်ပါ
ပီ​နော်

Want your business to be the top-listed Shop in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyay-Aunglan Road, Near The Phaya Gyi Phayar
Pyay
08151