TharrawaPyay News

TharrawaPyay News

Share

Photos from TharrawaPyay News's post 19/06/2023

ပြည်မြို့နယ်က ပြည်သူများ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်

၂၀၂၃ ဇွန် ၁၉ TharrawaPyay News

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်ခရိုင် ပြည်မြို့နယ်က ပြည်သူများမှ ဇွန် ၁၉ရက် ယနေ့မှာ ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို ပါဝင်ခဲ့ကြပါသည်။

Photo- Pyay Underground News

=======================
TharrawaPyay News ၏ သတင်းများကို အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဝင်ရောက်ဖက်ရူနိုင်ပါတယ်👇👇👇

https://t.me/tharrawapyaynews

14/06/2022

လက်ပံတန်းမြို့က ပျုခေါင်းဆောင်ကို ရှင်းလင်းခဲ့သည့်
ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်မှ အရေးပေါ်
ငွေကျပ် သိန်း ၂၀ လိုအပ်နေ

၂၀၂၂ ။ ဇွန် ။ ၁၄ ။ TharrawaPyay News

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်က ပျုခေါင်းဆောင်ကို ရှင်းလင်းခဲ့သည့် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်မှ အရေးပေါ် ငွေကျပ် သိန်း ၂၀ လိုအပ်နေကြောင်း သိရသည် ။

‟ ရှေ့လုပ်ငန်းစဉ်လေးတွေနဲ့ ပက်သက်ပြီး အလုပ် လုပ်ဖို့အတွက်ဆိုပြီးတော့ လိုအပ်တဲ့ ပစ္စည်း လေးတွေ ဝယ်တာ ကုန်ကျတာက သိန်း ၄၀ လက်ထဲရှိတာက သိန်း ၂၀ ပဲရှိလို့ ရှိတာအရင်ပေးပြီး အကြွေးနဲ့ဝယ်လိုက်တယ်
ကျန်တာကိုသတ်မှတ်ရက်တခုပြည့်ရင် ပေးမယ်လို့အခုသတ်မှတ်ထားတဲ့ရက်ပြည့်သွားတယ် မပေးနိူင်သေးဘူး အကြွေးသမားက ဖုန်းဆက်တောင်းနေလို့ အရေးပေါ် လိုအပ်နေလို့ အကူညီတောင်းခံရတာဖြစ်တယ် ’’ လို့
ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက သာယာဝပြည် သတင်းစဉ်သို့ ရင်ဖွင့်ပြောကြားပါတယ်။

ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ လူရင်းတွေ အသိတ်မိတ်ဆွေတွေကို အကူညီတောင်းကြည့်တော့လဲ ပြန်စာတောင် မရတော့ဘူး ကျနော်တို့ရှေ့ဆက်ရမယ့်အလုပ်တွေရှိနေပါသေးတယ် ပြည်သူအားလုံးတတ်နိူင်သရွေ့ ဝိုင်းဝန်းကူညီပေးဖို့ မေတ္တာရပ်ခံ အကူညီတောင်းဆိုကြောင်း
၎င်းမှ ဆက်လက်ပြောကြားပါတယ် ။

ဇွန်လ ၁၁ ရက်နေ့ကလဲ လက်ပံတန်းမြို့၏ စစ်တပ်သတင်းပေး ဒလန် ပျုစောထီးခေါင်းဆောင် တပ်ထွက် မြင့်ရွှေ ဆိုသူကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ပါသေးတယ် ။

ပျုစောထီးခေါင်းဆောင် မြင့်ရွှေ သုတ်သင်ရှင်းလင်းခံရပြီးနောက် မြင့်ရွှေခေါင်းဆောင် ယူထားသည့်နေရာတွင် လစ်လပ်သွားသည့် အတွက် မြတ်မင်းပိုင်မှ ပျုစောထီး
( သွေးသောက် အဖွဲ့ ) ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူထားသည်ဟု သတင်းများ ထွက်ပေါ်နေပါတယ် ။

ရွှေတန်းမြေ၏ အရေးပေါ် လိုအပ်လျှက်ရှိသည့် အလှူငွေအား မိဘပြည်သူများ ကူညီပေးမည်ဆိုက ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ် LPN - PDF Page သို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းပေးနိူင်ပါရန် အကူညီတောင်းခံအပ်ပါသည် ။

တိုက်ရ်ိုက် လှုဒါန်းနိူင်ရန် PageLink.

https://www.facebook.com/SDM.INFOR/

14/06/2022

PDFတွေလာလာ

cartoon_ဘီရုမာ

12/06/2022

‟ တာဝန်အရပါ ဆရာမ ’’

ကာတွန်း နာနတ်သီး

Want your business to be the top-listed Media Company in Pyay?
Click here to claim your Sponsored Listing.

Address

Pyay