I Love Zabu Thapyay
20/11/2022
🤍 နှလုံးသားထဲက ဆန္ဒတွေပြည့်ဝပြီဆိုရင်.....
🎯သင်ဖြစ်ချင်တဲ့ တစုံတခုကို ရင်ထဲက တစိုက်မတ်မတ် တောင်းဆိုတဲ့အခါ.....ဘာကြောင့် သင့်ထံ ထင်ထင်ရှားရှား မရောက်ရှိသေးတာလဲ ?
📌 မိမိဘဝရဲ့ လိုအင်ဆန္ဒတွေပြည့်မြောက်စေရန်အတွက် မိမိမှာ လုံလောက်တဲ့ quality တွေရှိကြောင်းကို မိမိနှလုံးသားထဲကနေ နှစ်နှစ်ကာကာ ယုံကြည်မူဟာ အမှန်တကယ် အားနည်းနေလို့ပါ။
📌 ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ရည်ရွယ်ချက်တွေအားလုံးဟာ ကိုယ်နဲ့ အမှန်တကယ် ထိုက်တန်ပါတယ်ဆိုတာ ကိုယ့်ရဲ့နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း အသိအမှတ် မပြုမိတာတွေကြောင့်ပါ ။
⭐️Manifestation ရဲ့ ကိုယ်တွေ့ လျှို့ဝှက်ချက်တစ်ခုကတော့ …✨✨
❤️Mind လို့ခေါ်တဲ့ စိတ်ရယ်
❤️Body ဆိုတဲ့ ခန္ဓာကိုယ်ရယ်
❤️Emotion လို့ခေါ်တဲ့ စိတ်ခံစားချက်တွေရယ်
❤️Energy လို့ခေါ်တဲ့ နှလုံးသားမှလာတဲ့စွမ်းအင်ရယ်
✨️ဒီ dimension လေးခုက နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာထိ တပြိုင်နက် လှုပ်နှိုးမိတဲ့အခါ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ၊ ကိုယ်ရချင်အရာများစွာဟာ မဖြစ်မနေ ကိုယ့်ဆီ ရောက်ရှိပိုင်ဆိုင်လာရပါတယ်။
✨️ဒီအရာတွေထဲမှာ တစ်သားထဲဖြစ်ဖို့ ဆိုတာ ကိုယ့်ရဲ့ နှလုံးသားအတွင်းထဲမှာ တားဆီးပိတ်ဆို့နေတာတွေကို ဦးဆုံးဖယ်ရှား ရှင်းလင်းထားဖို့က အဓိက ကျပါတယ် ။
⛳️⛳️ ဒါတွေအားလုံး နှလုံးသားထဲမှ ပိတ်ဆို့နေတာတွေကို ဖယ်ရှားရှင်းလင်းပြီး
မိမိဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝဖို့ အကောင်အထည်ဖော် တည်ဆောက်ပြီး
ကိုယ်လိုချင်တဲ့ ရွှေရောင်ဘဝခရီးလမ်းတစ်ခုဆီသို့
မိမိကိုယ်တိုင် လမ်းခင်းဖန်တီးပြီးလျှောက်လှမ်းသွားကြပါစို့…..
🌟🌟ဆန္ဒပြည့်ဝ နှလုံးလှ ဇမ္ဗူ့သပြေနှင့်အတူ ရယူကြ✨✨
#
#ဆုဆုလင်းထက်
#မႂ်ႇသုင်ၶႃႈ
#ၸဝၲႈၶုၼၲၼၢငၲး(တႆႈ)
#စဝ်ခွန်နန်း(Tai)
(Tai)
18/11/2022
🍂🍃ရိုးရှင်းနေပေမယ့် အများနဲ့မတူပဲ ထူးခြားပေါ်လွင်နေတာကိုက
နှစ်လိုဖွယ်ကောင်းနေတာ !!!
🍃🍂ရှေးမြန်မာဘုရင်တွေ လက်ထပ်က စတင်ပြီး နန်းတွင်းမြန်မာ့ အမျိုးသမီး များ အစပြုလို့ မိဖုရားခေါင်ဒေဝီကြီးတွေကိုယ်တိုင်
နံ့သာနီ၊ နံ့သာဖြူ၊ ကရမက် ၊ အကျော် ၊ ကတိုး ၊ စမ္ပါရယ်လို့ နန်းတွင်းတော်ဝင်သုံးနံ့သာတော်တွေအဖြစ်သတ်မှတ်ပြီး သနပ်ခါးနဲ့ တွဲဖက်ပြီး
အမြတ်တနိုး အလှဆင် လိမ်းခြယ်ခဲ့ကြတယ်တဲ့
🍃🍂ယနေ့ခေတ်မှာတော့ နံ့သာများကို
လိမ်းခြယ်တဲ့ ချစ်စရာဓလေ့ကလေးဟာ မှေးမှိန်တိမ်ကောလာလုနီးပါးဖြစ်လာသလို
လိမ်းကျံထားရင်တောင် ထူးထူးဆန်းဆန်းလေး ဖြစ်လို့နေပါတယ်
“ ခေတ်ရေစီးကြောင်းအရ ကြီးစိုးစရာရှိတာ ကြီးစိုးရပေမယ့် ...
အဖိုးထိုက်တဲ့ ဓလေ့ဆိုတာတော့
တိမ်ကောပျောက်ကွယ်မသွားကောင်းဖူးမလား??
🍃🍂ဇမ္ဗူ့သိဒ္ဓိဝင်နံ့သာတော်လေးဟာ
ကိုယ်စိတ်နှလုံးကို တည်ကြည်စွာ အာရုံပြုမွေ့လျော်စေဖို့
နွေးထွေးပေါ့ပါးမှု တစ်စုံတရာခြုံလွှမ်းဖန်တီးပေးနိုင်မယ့် ခိုနားရာအထောက်အပံ့ကောင်းလေးတစ်ခုပါပဲ
✨အထောက်အပံ့ကောင်းလေးတစ်ခုလို လိုအပ်လာပြီဆိုတော့ နံ့သာတော် လေးနဲ့ပဲ လွယ်လွယ်ကူကူ မျက်နှာပေါ်မှာ လိမ်းကျံတန်ဆာဆင်ဖို့ အကြံပေးချင်ပါတယ်။
✨နံ့သာတော်ခဲလေးကိုဆို မျက်နှာပေါ်မှာ လိမ်းကျံတာအပြင် အခြားနည်းလမ်းတွေရောတွေးမိကြလား?
မြတ်ဆု ကတော့ ဆံစဖျားလေး မှာ တို့ဖို့ စဉ်းစားမိတယ်။ ရေစက်ပွင့်လေးတို့ရော?
#ဇမ္ဗူ့သိဒ္ဓိဝင်နံ့သာတော်
15/11/2022
သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းနားစေချင်။
ဒီစာလေးကတော့ 🌿ဇမ္ဗူ့သပြေရဲ့ ရေစက်ပွင့်လေးများကို
မိသားစုလိုက် တိုးတက်စေချင်တဲ့စေတနာနဲ့
ရေးသားတင်ဆက်မိတဲ့စာလေးဖြစ်ပါတယ်။
ကုသိုလ်ထူးခြားသူတို့ဟာ မိမိကိုယ်ကိုသာမက
မိသားစုနဲ့ ဆွေမျိုးကိုပါ ထောက်ပံ့ ကူညီနိုင်ပါတယ်။
မိမိရဲ့ ကုသိုလ်အရှိန်ကြောင့် မိမိဘေးနားက
မိသားစုတွေအားလုံးကို ခိုနားရာအရိပ်ပေးစွမ်းနိုင်ပါတယ်။
ဒီတော့ ကုသိုလ်ထူးခြားသူဖြစ်အောင်
ဘယ်လိုကြိုးစားကြံဆောင်ပါမလဲ?
မနက်ခင်းတိုင်းမှာ စိတ်လက်ကြည်သာနိုးထပါ။
🌿ဇမ္ဗူ့သပြေဆေးတော်ကြီးကို တစ်ကိုယ်လုံးသုတ်လိမ်းကာ
ရေချိုးသန့်စင်မယ်ဆိုရင် ညဘက်ကောင်းမွန်စွာ
အိပ်စက်နိုင်တဲ့ ဂုဏ်သတ္တိကိုရရှိပါမယ်။
ဒါကြောင့်ကျက်သရေအဖြာဖြာ ရှိတဲ့မနက်ခင်းမှာ
မိမိရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို
စိတ်ကြည်လင်စွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
တစ်နေ့တာပတ်လုံး မင်္ဂလာရှိသောစကားကိုသာဆိုပါ။
စကားနောက်တရားပါဆိုတဲ့ စကားရပ်ဟာ
မှန်ကန်သင့်မြတ်ပါတယ်။
ဒါကြောင့် မရှိစကားထက် ရှိစကားကိုသာ
တွင်တွင် ဆိုစေချင်ပါတယ်။
အလှူ တစ်ခုနေ့စဉ်ပြုပါ။
ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ထဲက
သင့်တော်ရာကို
နေ့စဉ်ပုံမှန်ပြုလုပ်နိုင်အောင် ကြိုးစားအားထုတ်ကြည့်ပါ။
မိဘကို နေ့စဉ်ပြုစုကျွေးမွေးပါ။
တရားဓမ္မအလုပ်ကို ပိုမိုလုပ်ဆောင်နိုင်ရန်အားပေးကူညီပါ။
🌿ဇမ္ဗူ့သပြေရဲ့ ဆေးအစွမ်းဟာ
သက်ကြီးရွယ်အိုများကို စိတ်ကြည်စေပါတယ်။
ဆေးတော်ကို တစ်ကိုယ်လုံးသုတ်လိမ်းကာ ရေချိုးသန့်စင်မယ်ဆိုရင်
အခိုးပွင့်ပြီး အမှောင်ဓာတ်လွင့်ပျယ်ကာ
စိတ်ကြည်လင်ပြီး ဘုရားတရားကို
လန်းဆန်းစွာပြုလုပ်နိုင်ပါလိမ့်မယ်။
လူသားတွေဟာ ရိုးရှင်းသောလုပ်ငန်းစဉ်တို့ကို
မေ့လျော့ကာနေတတ်ပါတယ်။
ဒါကြောင့် မမေ့မလျော့သတိနဲ့နေထိုင်ကျင့်သုံးနိုင်ရန်🌿ဇမ္ဗူ့သပြေမိသားစုမှ
အသိ၊ သတိပေးစာပေလေး မေတ္တာနဲ့ ဖြန့်ဝေလိုက်ပါရစေရှင်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
011849