May Myanmar Kachin Weaving

May Myanmar Kachin Weaving

Share

12/07/2022

မဂ်လာရှိသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ....🙏🙏🙏

🌕 ဝါဆိုလပြည့်နေ့ 🌕
ဓမ္မစင်္ကြာအခါတော်နေ့ 🙏🙏🙏

ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်ဆက်စပ်သောထူးခြားဖြစ်စဉ်များမှာ...

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသားပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္စစကြာ စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့
တို့ပင်ဖြစ်ပါသည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်၍

"ဓမ္မစကြာနေ့ '' ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ယနေ့ ရက်ထူးရက်မြတ်မှသည် မြန်မာတစ်နိုင်ငံလုံးရှိ မိဘပြည်သူအပေါင်း...
ကျန်းမာချမ်းသာ၍ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်​ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့် 🙏🙏🙏

15/07/2021

ငါတို့ သေချာပေါက် အကြောတင်းစွာကျန်ခဲ့ရမည်။

မနက်မိုးလင်း ကိုယ်လက်သန့်စင်
ဘုရားဝတ်ပြု ကန်တော့ ပြီး
တစ်နေ့တာကို စတင်ဖြတ်သန်းပါတယ်

လက်ဆေးတယ်။
Mask တပ်တယ်။

ရေနွေးပူပူ အလုပ်လုပ်ရင်း 15 မိနစ် တစ်ခါ သောက်တယ်။ ဒင်းဒီလည်ချောင်းထဲ နေနိုင်အုံးမလား

ငပိရည်ကြိုနဲ့ထမင်းကိုနယ် ကြက်ဥပြုတ်နဲ့ ကြက်သွန်နီ တို့စားတယ်၊ ငရုတ်သီးစိမ်းလေးကိုက် ရေနွေးလေးနဲ့

အကုန်အကျသက်သာ ရောဂါလည်းကာကွယ်ပြီးသား
ဒင်းအစာအိမ်ထဲမှာ မာလကီးယားနေလောက်ပြီ

ရေခဲရေ လုံးဝ မသောက်
အအေး လုံးဝမသောက်နဲ့
မိုးချုပ် ရေမချိုးနဲ့ ခေါင်းမလျှော်နဲ့
ဖျားနိုင်မယ့် အကြောင်းအရာ အကုန်ရှောင်တယ်
ဒင်းလာမယ့်လမ်း လုံးဝမခင်းပေးနိုင်ဘူး

ကြောက်လားမေး လုံးဝ မကြောက်ပါဘူး
တရားသဘောတော့ ရှိတာပေါ့။

ဘုရားတရားလေးလုပ်မယ်
စိတ်ကောင်းလေးထားမယ်
ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေမယ်
အသက်ကို ဉာဏ်စောင့်တယ်လေ

ကိုယ်လုပ်နိုင်တာတွေအများကြီးရှိနေတာကို
သေမှာကိုပဲ ကျော်ပြီးတွေးတွေး ကြောက်နေကြတာ
စိတ်ဓါတ်တွေကျနေကြတာတွေ လုံးဝ လုံးဝ မဖြစ်ကြပါနဲ့
နော်

အတူတူကျော်ဖြတ်ကြမယ်
တစ်နေ့ အတူတူ ရယ်မောကြမယ်
ငါတို့သည် ဒီကမ္ဘာမြေပေါ် အကြောတင်းစွာ ကျန်ခဲ့ရမည်

Photos from May Myanmar Kachin Weaving's post 25/01/2021

2/100ချည်ရှယ်ဝမ်းဆက်​လေး​တွေ​ပါ💯
♥️အ​ရောင်​လေး​တွေကသိပ်လှ♥️
♦️(၇​တောင်ကွင်း​)တွေပါ​နော်♦️💎အရည်အ​သွေးပြည့်ပါ​နော်💎
လိုချင်တယ်ဆို
Messengerကိုအမြန်​လေးလာခဲ့ပါရှင့်
Price-32000kyats
☎️09454803713

Want your business to be the top-listed Clothing Store in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No(72/A), Satanar Street, Ohntaw
Pyay

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00