Taste Gallery

Taste Gallery

Share

07/11/2022

edit-ပံသကူ အလှူလေးပြီးပါပြီ
ပံသကူ ရသွားတဲ့ ၃ ယောက်က
Ko Ko Thae Lay
Sabal Maung Maung
Hsat Kyi Aung ပါ
အလှူလေးမှာပါဝင်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ် ❤❤❤❤

***ပံသကူ အလှူ***
ဘေလ် 3000 ၃ယောက်ယူပါ
ဒီနေ့ ဘာလေးတွေချက်စားဖြစ်လဲ/ ဝယ်စားဖြစ်လဲ comment လေးမန့်ပေးခဲ့နော်
💗💗💗💗💗

comment picker နဲ့ randomly ပံ့သကူပေးမယ်နော်😘
photo crd

Photos from Taste Gallery's post 06/05/2022

" ကြေးအိုး နှင့် ကြေးအိုးဆီချက်ချက်နည်း "

👉ကြေးအိုးတွင် ပါဝင်ပစ္စည်းများ👈

📝ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
ဝက်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ဝယ်ယူနိုင်သည်)
ဝက်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)

ဝက်သဲ – ၁၀ကျပ်သား (အရှည် လှီးထားပါ)
ပဲပြား – ၁တုံး (လက်မဝက်အရွယ် လှီးပြီ တြိဂံပိုင်းဖြတ်ပါ)
ငုန်းဥ – ၁၀လုံး (ရေနွေးဖြင့် ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပါ)
ကြက်သွန်မြိတ် – ၁စည်း ( ၁လက်မအရွယ် ပိုင်းဖြတ်ပါ)
မုန့်ညှင်းစိမ်း- ၂စည်း (ထက်ပိုင်းပိုင်းပါ)
ကုစိုင် – ၁စည်း – (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
ဆား – စားပွဲတင်ဇွန်း ၄ဇွန်း
အချိုမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
ရေ – ၁၀ လီတာ
နှမ်းဆီ – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်

✍️မှတ်ချက် ။ ။ Home made ကြေးအိုးလို အချို အလေး မစားသူများအတွက် အချိုမှုန့်၊ သကြား ထည့်ရမည့် ပမဏ တဝက်မျှ လျှော့ထည့်ပါရန်။ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါသည်။

----------------------------------------------
📝ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ

ဝက်သား – ၄၀ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
ငါးဖယ် - ၁၅ကျပ်သား
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်

(ဝက်သားလုံးမာအောင် ငါးဖယ်ထည့်နုယ်ပေးထားပါတယ်)
----------------------------------------------
📝ငါးဖယ်လုံးတွင် ပါဝင်ပစ္စည်းများ

ငါးဖယ် – ၁၀ကျပ်သား
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – စားပွဲတင်ဇွန်း တဝက် (နှုတ်နှုတ်စဉ်းပါ)
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ဥ အကာ – ၁လုံး (ခလောက်ထားပါ)
ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း

📝ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်အိုး အကြီး တစ်ခုထဲတွင် ဝက်ဒူးဆစ်ရိုးများကို ထည့်ပြီ ရေ ၁၀လီတာ ထည့်ကာ အဖုံးအုပ်ပြီ ၂နာရီခန့် တည်ထားပေးပါ။

၂။ ဝက်ဒူးဆစ်ရိုးများ ပြုတ်ထားစဉ် ဝက်သားလုံးရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ဝက်သား၊ ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ထည့်ထားပါ။

၃။ ထို့နောက် သမအောင် ဝက်သားများကို ရောနုယ်လိုက်ပါ။

၄။ ပြီနောက် ငါးဖယ်လုံးရန် ပါဝင်ပစ္စည်းများဖြစ်သော (ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥအကာ၊ ဂျုံ) တို့ကိုလည်း ခွက်တစ်ခုရောထည့်ပြီ သမအောင် ရောနယ်လိုက်ပါ။

၅။ ထို့နောက် ပုံတွင် ပါသည့်အတိုင်း ငါးဖယ်လုံးများကို လုံးပေးပါ။ ငါးဖယ်လုံး လုံးစဉ် လက်ကို ငါးဖယ်များ အကပ်စေရန် လက်ကို ဆီအနည်းငယ် သုတ်ပြီမှ လုံးပေးပါ။
----------------------------------------------

👉ကြေးအိုးပြုတ်နည်း👈

၁။ ကြေးအိုး ပြုတ်ရည် တဝက်ခန့်ခန်းသွားပြီ အနေတော်ပြီဆိုလျှင် ဝက်ရိုးများကို ပြန်ဆယ်ထားပါ။ ပြီမှ ပြုတ်ရည်ထဲသို့ ဆား(စားပွဲတင်ဇွန်း ၄ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၆ဇွန်း)၊ အချိုမှုန့်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပေးပါ။

၂။ အရသာ အပေါ့အငံ့မြည်းပြီ အနေတော်ပြီဆိုမှ ရေ(၁လီတာ) ထပ်ထည့်ပေးပါ။ ပြီမှ ဝက်အူများကို ကြေးအိုးပြုတ်ရည် ထဲသို့ ထည့်ပြီ ပြုတ်ပေးပါ။

၃။ ဝက်အူများ ကျက်ခါနီးမှ ငါးဖယ်များကို ထည့်ပေးပါ။ ထို့နောက် နုယ်ထားသော ဝက်သားများကို လက်တွင် ဆီအနည်းငယ် သုတ်ပြီ လက်ဖြင့် ဆုတ်ပြီ အရှည်လေးများ ပြုတ်ရည်ထဲ ထည့်ပေးပါ။

၄။ အသားများ ကျက်လာလျှင် ပြုတ်ရည်ပေါ်သို့ ပေါ်လာလိမ့်မည်။ အသားများ ပေါ်လာလာခြင်း မဆယ်သေးပဲ ခေတ္တတည်ထားပေးပါ။

၅။ ပြီမှ ဇကာဖြင့် အသားများကို ဆယ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပါ။

၆။ ထို့နောက် အကျက်လွယ်သည့် ပဲပြား၊ ငုန်းဥ၊ ဝက်သဲတို့ကို ၁မိနစ်ခန့် ထည့်တည်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

ရ။ ကြေးအိုး တခွက်စာ ပြင်ဆင်လို့ရပါပြီ။ တစ်ယောက် ကြာဇံ၊ မုန့်ညှင်းရွက်၊ ကြက်သွန်မြိတ်၊ ဟူစိုင်များကို ဇကာထဲထည့်ပြီ ကြေးအိုးပြုတ်ရည်ဖြင့် အနည်းငယ် စိမ်ပေးပြီ ပြန်ဆယ်ထားပါ။

၈။ ပြီမှ ခွက်တစ်ခုထဲတွင် ကြာဇံ၊ ဝက်သားလုံး၊ ငါးဖယ်၊ ပဲပြား၊ ငုန်းဥ၊ ဝက်အူ၊ ဝက်သဲ၊ မုန့်ညှင်း၊ ကြက်သွန်မြိတ်၊ ဟူစိုင် စသည်တို့ကို ထည့်ပေးပြီ ကြေးအိုးပြုတ်ရည် ယောက်ချို ၁ခွက်ခွဲကို လောင်းထည့်လိုက်ပါ။

၉။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပြီ အရသာရှိသော Homemade ကြေးအိုးကို သုံးဆောင်လို့ရပါပြီ။

💚ကြေးအိုး ဆီချက် လုပ်နည်း💚
**********************
၁။ ကြေးအိုးဆီချက်အတွက် ခွက်တစ်ခုထဲတွင် ကြေးအိုးပြုတ်ရည်ထဲ စိမ်ပြီ ပြန်ဆယ်ထားသော ကြာဇံများကို ထည့်လိုက်ပါ။

၂။ ပြီမှ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း တဝက်)၊ အချိုမှုန့်(စားပွဲတင်ဇွန်း တဝက်)၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဝက်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။

၃။ ထို့နောက် ဝက်သားလုံး၊ ငါးဖယ်လုံး၊ ငုန်းဥ၊ ပဲပြား၊ ဝက်အူ၊ ဝက်သဲ၊ မုန့်ညှင်းစိမ်း၊ ဟူစိုင်၊ ကြက်သွန်မြိတ်၊ ဆီချက်တို့ကို ထည့်ပြီ ရောနုယ်ပေးပါ။

၄။ အရသာရှိသော ကြေးအိုးဆီချက်ကို ကြေးအိုးပြုတ်ရည် ပူပူလေးနှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…
Credit: Wutyee food house

22/04/2022

🍲 ထမင်းအစုံသုပ်ချဉ်ငံစပ်လေး သုပ်စားကြမယ်

နေ့တိုင်းလိုလို ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေပဲ စားရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲလေးဖြစ်အောင် ထမင်းသုပ်လေးသုပ်စားကြည့်နော်။

မိုးအေးအေးမှာ ထမင်းသုပ်ချဉ်ငံစပ်လေးနဲ့ ဟင်းခါးပူပူလေးနဲ့ တွဲစားလိုက်ရရင်တော့ အာဂပါးစပ်လူဖြစ်ကျိုးနပ်ရချည်ရဲ့ 😋

ထမင်းသုပ်တာက မခက်ပါဘူးနော်။ ကိုယ့်အိမ်မှာရှိတဲ့ အစာပလာလေး နည်းနည်းထည့်ပြီး အစပ်အဟပ်တည့်အောင် သုပ်စားရုံပါပဲ။

🔹🔸ပါဝင်ပစ္စည်းများ

အာလူး
ပဲသီး
ပဲပင်ပေါက်
ဆီနီ၊ ဆီဝါ
ကြက်သွန်နီဆီချက်
ငါးဖယ် (မိမိကြိုက်နှစ်သက်ရာ အကြော်)
ကြာဇံ သို့မဟုတ် ခေါက်ဆွဲ
ပဲမှုန့်
ပုစွန်ခြောက်မှုန့်
နံနံပင်
မန်ကျည်းမှည့်ချဉ်
ကြက်သားမှုန့်
ပုစွန်ငံပြာရည်
ငရုတ်သီးအကျက်မှုန့်

🍒အရင်ဆုံး အာလူးကိုနူးပြီး ချေလို့ရတဲ့အထိပြုတ်ထားပါမယ်။ ပြီးရင် ကြာဇံ (သို့) ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးလောင်းချပြီး အအေးခံထားပါမယ်။ ပြီးရင်တော့ ကြက်သွန်နီဆီချက်ချက်ပြီး ဆီချက်တွေကိုခွဲဖယ်ထားပါ။ ပိုတဲ့ဆီတွေကို ငရုတ်သီးအစိမ်း
မှုန့်ထည့်ပြီး ဆီနီ ထပ်ချက်ပါမယ်။

🍒ငါးဖယ်ကို ဆား၊ အချိုမှုန့်ထည့်ပြီး နာနာလေးပေါက်ထားပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူမှာထည့်ပြုတ်ပါမယ်။ ငါးဖယ်လေးနည်းနည်း မာလာပြီဆိုရင်တော့ ဖယ်ထုတ်ထားလို့ရပါပြီ။ ကျွန်မက ငါးဖယ်ကို အိအိထုပ်ထုပ်လေးစားချင်လို့ မကြော်ဘဲ ပြုတ်ပြီးထည့်တာပါ။ ကြော်တာကြိုက်တဲ့သူက ကြော်ပြီးထည့်လို့ရပါတယ်။

🍒မန်ကျည်းမှည့်ကို ရေနွေးလေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ထားပါမယ်။

🍒ပဲသီးကို စိမ်းစိမ်းကျွပ်ကျွပ်လေးစားရအောင်လို့ ရေနွေးမဖျောဘဲ ရေသေချာဆေးပြီး သေးသေးလေးတွေညှပ်ထည့်ပါတယ်။ ပဲပင်ပေါက်ကိုလည်း ၃ ရေလောက်ဆေးပြီး အမှိုက်တွေဖယ်ပြီး ရေစစ်ထားပါမယ်။

အားလုံးပြီးပြီဆိုရင်တော့ ထမင်းထဲကို ခုနကပြင်ဆင်ထားတဲ့ အစာပလာတွေ လိုသလောက်ထည့်ပြီး သုပ်စားလို့ရပါပြီ။ ဆီတွေအရမ်းမထည့်မိဖို့တော့ သတိထားပါနော်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းသုပ်က ဆီများရင် အီသွားပြီးစားမကောင်းတော့လို့...

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။

CreditToOriginalUploader

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Website

Address

ရွှေတစ်ချောင်းလမ်း ၊ ပြည်မြို့။
Pyay