Honey’s Kitchen Pyay

Honey’s Kitchen Pyay

Share

Photos from Honey’s Kitchen Pyay's post 04/12/2024

မင်မင်အလွယ်တကူ လုပ်စားဖြစ်တဲ့ ရာသီစာ #မုန်ညှင်းပေါင်းလေး…
လုပ်ရလွယ်ပြီး အနံ့ရော အရသာရော တကယ်ကိုကောင်းလွန်းလို့ လုပ်နည်းလေးပြန် မျှပေးလိုက်မယ်နော်။

မင်မင်ထည့်သုံးဖြစ်တဲ့ပါဝင်ပစ္စည်းလေးတွေကတော့…
မုန်ညှင်း - 1000 ဖိုး (အရမ်းရင့်တဲ့အမြှီးပိုင်းတွေဖြတ်၊ ရေသေချာဆေးပြီး ရေစစ်ထားမယ်နော်။)
ဂျင်း/ကြက်သွန်ဖြူထောင်း - 1/2 tbsp
ခရမ်းချဉ်သီး - 1 လုံး( မင်မင်ကတော့ အနှစ်တိုက်ပြီးထည့်ပါတယ်နော်။ ပါးပါးလှီးထည့်လဲ ရပါတယ်။)
မွှေးဆန်စိမ်းမှုန့် - အထုပ်ဝက်
ဆီ - 1 tbsp
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်

တွဲဖက်စားရန်
ကြက်သွန်ဖြူဆီချက်
ငရုတ်သီးအလှော်မှုန့်
ကြက်သွန်ဖြူကြော်
ပဲပုပ်မှုန့် ( မရှိရင် ထည့်မစားလဲရပါ၏။)
ဂျုးမြစ် ( မရှိရင် ထည့်မစားလဲရပါ၏။)

-မင်မင်ကတော့ မုန်ညှင်းကလွဲကျန်ပါဝင်ပစ္စည်းအားလုံးကို ရေလေး ပိစိလေးထည့်ပြီး ပျစ်ပျစ်လေးဖျော်ထားလိုက်ပါတယ်နော်။
-ထည့်ပေါင်းမဲ့ ဇလုံထဲမှာ မုန်ညှင်းရွက်လေးတွေကို စီထည့်ပြီး နယ်ထားတဲ့မုန့်နှစ်လေးတွေနဲ့ သေချာနှံ့နေအောင်နယ်ပြီး ပေါင်းချောင်ထဲ မိနစ် ၃၀ ကနေ ၄၅ မိနစ်ထိပေါင်းပေးရင် အနံ့အရမ်းမွှေးပြီး နူးနူးညံ့ညံ့လေးနဲ့ စားကောင်းသောမုန်ညှင်းပေါင်းလေးရပြီနော်။
-တွဲဖက်စားရမဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့ မုန့်ပွဲပြင်ပြီး ပူပူနွေးနွေးလေး မိသားစု အားလုံး စုပြီး ညပိုင်း အပျင်းပြေရေနွေးကြမ်းလေးနဲ့ စားရင်း ဒီဇင်ဘာရဲ့ အေးစက်တဲ့ ညချမ်းတွေမှာ နွေးထွေးမှုလေး ယူလိုက်ပါနော်…😘

Photos from Honey’s Kitchen Pyay's post 30/08/2024

အသစ်တွေမရေးဖြစ်တော့ အဟောင်းလေးတွေပဲ ပြန် try ကြည့်ကြပါအုံး…☺️

Photos from Honey’s Kitchen Pyay's post 30/07/2024

မင်မင်ရဲ့ အမဲသားသနပ်လေး ဘယ်လောက်လှလဲ ပြော…😝😝😝

Want your business to be the top-listed Home Improvement Business in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pyay