Tr.Phyu Sin

Tr.Phyu Sin

Share

Photos from Tr.Phyu Sin's post 22/05/2026

Page 9 to 16
Unit 1
Grade 8 English
Volume 1
အခက်အခဲရှိသူများအတွက်
အစမှ အစဉ်လိုက် ပညာဒါန ပြုပေးတာပါ။
Save ထားလို့ရပါတယ်။
Download ဆွဲထားလို့ရပါတယ်။
Share ထားလို့ ရပါတယ်။
ပြန်တင်လို့လည်း ရပါတယ်။
(၁) သားသား မီးမီးတွေအတွက်လည်း အဆင်ပြေမယ်။
(၂) ဆရာ၊ ဆရာမတွေအတွက်လည်း အဆင်ပြေမယ်။
(၃) Guide ပေးနေတဲ့ ဖေဖေ မေမေတို့အတွက်လည်း အဆင်ပြေပါမယ်။
ဆက်လက်ပြီး ဒါနပြုပါမယ်နော်။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
May 21, 2026

22/05/2026

KG ပြီးဆုံးတဲ့ကျောင်းသားတစ်ယောက်မှာ ဒါတွေကျွမ်းကျင်ပြီးမြောက်ပြီးသားဖြစ်ရပါမယ်…

1. အရောင်တွေကို သိရပါမယ်
2. ဘယ်ဖက်လက်၊ ညာဖက်လက်ကို သိရပါမယ်
3. မိမိအိမ်လိပ်စာကို ပြောပြတတ်ရပါမယ်
4. ဖခင်အမည်၊ မိခင်အမည် ပြောပြတတ်ရပါမယ်
5. ရက်သတ္တပတ်နေ့ရက်တွေကို ပြောပြတတ်ရပါမယ်
6. နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေကို ပြောပြတတ်ရပါမယ်
7. ခု၊ ဆယ်၊ ရာ၊ ထောင် ငွေကြေးအသုံးကို ပြောပြတတ်ရပါမယ် (ခု နဲ့ ဆယ်ကတော့ မသုံးသလောက်ဖြစ်၍ အနည်းငယ်အခက်အခဲတွေ့နိုင်)
8. မိမိနာမည်ကို ဖတ်တတ်ရပါမယ်
9. မိမိနာမည်ထဲက ပထမအမည်စာလုံးကို ရေးတတ်ရပါမယ်
10. ကိန်းဂဏန်း ၂၀ အထိ ရေတွက်နိုင်ရပါမယ်
11. စာအုပ်ကို အတည့်အတိုင်း ကိုင်တွယ်နိုင်ရပါမယ်
12. ပုံပြင်ဖတ်ပြတာကို ကောင်းကောင်း နားထောင်တတ်ရပါမယ်
13. ကာရံစကားလုံး (rhymes) များကို သတိထားတတ်ရပါမယ်
14. KG သီချင်းများ သီဆိုတတ်ရပါမယ်
15. သီချင်းထဲက စာသားအတိုင်း လိုက်လုပ်တတ်ရပါမယ်
16. ရွှံ့၊ ရွှံ့တု စသည်တို့ဖြင့် ကစားတတ်ရပါမယ်
17. ပုံဆွဲ၊ ရောင်စုံခြယ်တတ်ရပါမယ်
18. ပန်းချီဆေးဖြင့် ပုံဆွဲတတ်ရပါမယ်
19. ကတ်ကြေးအသုံးပြု၍ စာရွက် ဖြတ်/ညှပ်တတ်ရပါမယ်
20. ဘလော့တုံးလေးများ တည်ဆောက်ဆော့ကစားတတ်ရပါမယ်
21. သဲကန်အတွင်း သဲများဖြင့် အဆင်ပြေစွာ ဆော့ကစားတတ်ရပါမယ်
22. သစ်စေ့လေးများဖြင့် အပင်လေးတွေစိုက်တတ်ရပါမယ်
23. အစားအစာတစ်မျိုးမျိုး ချက်ပြုတ်ပြင်ဆင်တဲ့အတွေ့အကြုံတစ်ခုခု ရှိထားရပါမယ်
24. အပ်နှင့် အပ်ချည် အသုံးပြုတတ်ရပါမယ်
25. တကိုယ်ရည်သန့်ရှင်းမှု ဂရုပြုတတ်ရပါမယ်
26. ခြေသည်းလက်သည်း သန့်ရှင်းနေစေရန် ဂရုပြုတတ်ရပါမယ်
27. ထမင်းစားစဉ် လက်ကိုင်ပုဝါအား ကောင်းစွာ အသုံးပြုတတ်ရပါမယ်
28. စည်းကမ်းရှိရှိ စားသောက်တတ်ရပါမယ်
29. မိမိကိုယ်တိုင် ဖိနပ်စီး/ခြေနင်းကြိုးချည် လုပ်ဆောင်တတ်ရပါမယ်
30. ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်ရပါမယ်
31. တဖက်သားအပေါ် ကြင်နာတတ်သလို ကူညီပေးတတ်ရပါမယ်
32. အများနဲ့ဆောင်ရွက်စဉ် လုမလုပ်ပဲ မိမိအလှည့်ရောက်ရန် စောင့်နေတတ်ရပါမယ်
33. ကစားစရာနှင့် အခြားအများပိုင်ပစ္စည်းများအား အသုံးပြုပြီး နေရာတကျ ပြန်ထားတတ်ရပါမယ်
34. မိမိနေရာမှာ ငြိမ်ငြိမ်ထိုင်ပြီး တစ်ခုခုပြောစရာရှိလျင် လက်မြှောက်ပြပြီး အခွင့်တောင်းတတ်ရပါမယ်
35. မိမိ၏ စာသင်စားပွဲခုံအား စာရေးကိရိယာများဖြင့် ရှုပ်ပွမနေအောင် ထားတတ်ရပါမယ်
36. ကျောင်းမှ အိမ်အပြန် မိမိ၏ပစ္စည်းပစ္စယများအား သေချာစစ်ဆေးတတ်ရပါမယ်

Crd

21/05/2026

အခြေခံပညာနှင့် စက် မှု ၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊
နည်းပညာအထက်တန်းကျောင်း
တက်ရောက်လိုသူများအတွက်

#သတင်းစာ

Want your public figure to be the top-listed Public Figure in Pyapon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

7street
Pyapon