Mingala Phyapon

Mingala Phyapon

Share

20/07/2023

ဦးသန့်၏ စကား ငါးခွန်း
လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။
၁။ ရည်ရွယ်ချက် ရှိပါ
လောက်၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။ မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုးင်းယှဉ်သာအောင် ကြီးပွားကြလေသည်။
၂။ သူများနှင့် မတူအောင် လုပ်ပါ
ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် ဟုတ်ချေ။ မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။
၃။ အများသဘောကို မလိုက်နှင့်
အများသဘောသည် အမှားပေါ၏။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူက မနှိုင်းယှဉ် လောက်အောင် နည်းလှ၏။ အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။ မည်သည့် ကိစ္စ၌မဆို .. အများသဘောပါဟု ပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍ မှတ်အပ်၏။ အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။
၄။ ပြုပြင်ရန် မကြောက်နှင့်
လောက၌ ဘာသာရေးမှ လွဲလျှင် အားလုံးသော ကိစ္စဟူသမျှသည် အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။ အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ အမြဲ ပြောင်းလဲလျှက် ရှိ၏။ ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား အပြေး လာ အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။
၅။ မယုံလွယ်နှင့်
မစဉ်းစားပဲ ယုံကြည်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ္လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။ ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။
Credit မူရင်း

16/07/2023

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်
🌿 ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ ။
အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။
ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။
ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။
ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။
ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။
🌿 ၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့
ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။
လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။
🌿 ၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ ။
သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့
အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။
စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။
🌿 ၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ ။
လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။
ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။
အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။
🌿 ၅။ စည်းကမ်းရှိပါ။
အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။
ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။
ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။
သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ ။ ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။
အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။
🌿 ၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့ ။
ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။
အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။
🌿 ၇။ လူရွေးပေါင်းပါ။
အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။
ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ် ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။
🌿 ၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ။
အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက် ဖွ-တ်ဖြစ်မယ့်ကောင် ကိုယ့်ကိုယ်ကိုယ် သ-တ်​ေ-သဖို့သာ ကောင်းတော့တယ် ။
ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။
မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ ။
#လူရာဝင်ခြင်းမှတ်စုများ
#ဒေါက်တာသူရိန်လှိုင်ဝင်း
မူရင်း(လေးစားစွာcrdပေးပါသည်)✍🖤📖🌿
---------------------------------------------

07/07/2023

အကြံဉာဏ်ဖြင့် ကြီးပွားရေး // ရွှေဥ​​ဒေါင်း

​အနှစ်ချုပ်

(၁) ပြင်းပြ​တဲ့ ဆန္ဒရှိပါ

အောင်မြင်ဖို့ ပြင်းပြ​တဲ့ ဆန္ဒရှိရပါမယ်။ ​ဝေ​လေ​လေ သူများ​​ပြောလို့ လိုက်​ပြောတာမျိုး မဟုတ်ပဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ​ရဲရဲတောက် အောင်မြင်ချင်စိတ်​တွေ ပြင်းပြ​နေရပါမယ်။ ​

အောင်မြင်ဖို့ ကိုယ်ရည်မှန်းထား​တဲ့ ​ပန်းတိုင်ကို ​သေ​သေချာချာ တိတိကျကျ သိရပါမယ်။ ဥပမာ ချမ်းသာချင်တယ် ဆိုပါစို့။ ​ငွေဘယ်လောက် ချမ်းသာချင်တယ်၊ ဘယ်​အချိန်​အ​တော​အတွင်းမှာ ချမ်းသာချင်တယ် စသဖြင့် ​အသေးစိတ် သတ်မှတ်ထားရပါမယ်။

(၂) ယုံကြည်မှု ရှိပါ

အောင်မြင်လာ​တဲ့လူ​တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ​အ​ပြည့်ရှိကြပါတယ်။ မဆုတ်မနစ် ယုံကြည်မှု​အ​ပြည့်​နဲ့ ကြိုးစား​အားထုတ် ​​​ရှေ့ဆက်လျှောက်ကြပါတယ်။

(၃) ​အထုံပါအောင် နှလုံးသွင်းပါ

ကိုယ့်​ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မသိစိတ်ထဲထိ ​အထုံပါအောင် ထပ်တလဲလဲ ​​နေ့တိုင်း ပွားများ နှလုံးသွင်းရပါမယ်။ မသိစိတ်ထဲထိ ​အရိုးစွဲသွားပြီဆိုရင်​​တော့ ပန်းတိုင်ကို ဦးတည်​တဲ့ လုပ်ငန်း​တွေကို ​အလိုလို တွေးမိ လုပ်မိ​သွားပါတယ်။

(၄) ပညာရှင် ဖြစ်အောင်လုပ်ပါ

တိုးတက်ကြီးပွားဖို့ ​အတွက် နယ်ပယ် တစ်ခုခုမှာ ပညာရှင်​အဆင့်ဖြစ်​နေဖို့ လိုပါတယ်။ ပညာရှင် ဖြစ်တယ်ဆိုတာ တက္ကသိုလ်က ​ဘွဲ့ရတာကိုမှ ဆိုလိုတာ မဟုတ်ပါဘူး။ ​ဘွဲ့မရ​​ ကျောင်းမပြီးလည်း ကိုယ် ​အသက်မွေး​တဲ့ နယ်ပယ်မှာ ​အထွဋ်​အထိပ်ရောက်အောင် ကျွမ်းကျင်​နေရင် တိုးတက်ကြီးပွားနိုင်ပါတယ်။

(၅) စိတ်ကူးဉာဏ် ကွန့်မြူးပါ

​အလုပ်လုပ်ရာမှာ သမားရိုးကျ ​​လမ်းအို ​မလိုက်ပဲ ​အသစ်ထွင်တာမျိုး၊ ဖက်စပ်တီထွင်တာမျိုး​တွေ လုပ်နိုင်ဖို့ စိတ်ကူးဉာဏ်ကို ကွန့်မြူး ​အသုံးချ တတ်ဖို့ ​​လိုပါတယ်။

(၆) ​အသေးစိတ် စီ​မံချက် ဆွဲပါ

ပန်းတိုင်ရောက်ဖို့ အောင်မြင်ဖို့ ဘယ်လိုကြိုးစားမယ်ဆိုတာကိုလည်း ​အသေးစိတ် တစ်ဆင့်ချင်း ကြိုတင် စဥ်းစားထားပြီး စီ​မံချက် ဆွဲ ထားဖို့ လိုပါမယ်။

(၇) ဆုံးဖြတ်ချက် ခိုင်မာပါ

အောင်မြင်​တဲ့သူ​တွေဟာ ဆုံးဖြတ်ချက်ကို မတွန့်မဆုတ် လျင်လျင်​မြန်​မြန် ချတတ်ပြီး ချပြီးသား ဆုံးဖြတ်ချက် ကို ​ပြန်ပြင်ဖို့​​တော့ ကြန့်ကြာတတ်ပါတယ်။ ဘယ်သူ ဘာ​ပြော​ပြော ချထား​တဲ့ ဆုံးဖြတ်ချက်​အတိုင်း ပန်းတိုင် ရောက်​တဲ့ ​အထိ သတ္တိရှိရှိ လျှောက်လှမ်းကြပါတယ်။

(၈) ဇွဲ​​ကောင်းပါ

ရည်မှန်းချက်​အတွက် ပြင်းပြ​တဲ့ ဆန္ဒ၊ ​အသေးစိတ် စီ​မံချက်​တွေ ရေးဆွဲပြီးပြီဆိုတာ​နဲ့ ​အဆိုးမြင် မ​​ကောင်း​ပြော ဘေးထိုင် ဘု​တော​​နေ​တဲ့သူတွေကို စိတ်ထဲမ​ထည့်ပဲ ကိုယ့်​အ​​ပေါ် ယုံကြည်ကိုးစား ​အားထားသူ​တွေ​အတွက် ဇွဲ​​ကောင်း​​ကောင်း​နဲ့ ​အရှုံးမပေး ​အားမလျှော့ပဲ ကြိုးစားရမှာပါ။

(၉) လူ​​တော်များနှင့် ​အသင်း​ဖွဲ့ပါ

ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့ စိတ်တူကိုယ်တူ လူ​​တော်​တွေ​နဲ့ ​အသင်း​ဖွဲ့ပြီး ​အ​​ကောင်​အ​ထည်​​ဖော်ရပါမယ်။

(၁၀) လိင်စိတ်စွမ်း​အားကို ​​အသွင်​​ပြောင်း အသုံးချပါ

လိင်စိတ်​ရဲ့ ပြင်းပြ​တဲ့စွမ်း​အား​တွေက​နေ တစ်ဆင့် စိတ်ကူးဉာဏ်၊ တီထွင်ဉာဏ်၊ ​အနုပညာဉာဏ်၊ သတ္တိ၊ စိတ်စွမ်း​အား၊ ဇွဲ တွေရအောင် စွမ်းအင် အသွင်​​ပြောင်းပြီး အောင်မြင်အောင် ကြိုးစားလို့ ရပါတယ်။

နားလည်လွယ်အောင် ဥပမာ​ပေးရရင် ကိုယ် ​ဘောလုံး​ကန်​နေတုန်း ကိုယ်တစ်ဖက်​သတ်ကြိုက်​နေတဲ့ ​​ကောင်မ​လေးက လာ​အား​ပေးတာကို ​တွေ့တဲ့​အခါ ​ခြေစွမ်းပြချင်စိတ်​တွေ ​ပေါ်လာတာ၊ ဘယ်က​နေဘယ်လိုရမှန်းမသိတဲ့​ အား​အင်တွေနဲ့ သက်​လုံပို​​ကောင်း၊ စွမ်း​ဆောင်ရည်ပို​​ကောင်းလာကြတာမျိုးပါ။ ​နောက်ပြီး ​​အချစ်​​နဲ့.တွေ့တဲ့​အခါတို့၊ အသည်းကွဲတဲ့​အခါတို့ မှာ သီချင်း​​ကောင်းလ​တွေ ​ရေးနိုင်ကြတဲ့ ​​တေး​ရေးသမား​တွေလည်း ​ဒီထဲမှာ အကျုံးဝင်မယ် ထင်ပါတယ်။

(၁၁) မသိစိတ် ​​နဲ့ သိစိတ် ဦးနှောက်ကို ​​လေ့ကျင့် ထိန်းချုပ်ပါ

မသိစိတ်ထဲမှာ ရှိ​နေတတ်​တဲ့ မ​​ကောင်း​တဲ့ စိတ်​ခံစားမှု​တွေဖြစ်​တဲ့ ​သံသယစိတ်၊ ကြောက်စိတ်၊ မနာလိုစိတ်၊ ​အမုန်းတရား၊ လက်စား​ချေချင်စိတ်၊ ​မ​​တော်လောဘစိတ်၊ ​အယူသီးစိတ်၊ ​ဒေါသစိတ် ​တွေကို သတိ​နဲ့ဖယ်ရှားပြီး ​​ကောင်း​တဲ့ စိတ် ​ခံစားမှု​တွေဖြစ်​တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်၊ ချစ်ခြင်း မေတ္တာစိတ်၊ စိတ်​အားထက်​​သန်မှု၊ မျှော်လင့်ချက်​နဲ့ ဆန္ဒပြင်းပြမှု စ​တဲ့ စိတ်​တွေကို မသိစိတ်ထဲထိ ​အထုံပါအောင် မွေးမြူ ထိန်း​​ကြောင်းရပါမယ်။

မသိစိတ်ထဲက ထွက်​​​ပေါ်လာ​တဲ့ စိတ်​ခံစားမှု စွမ်းအင်​တွေဟာ သိစိတ် ဦးနှောက်ကို ​​မောင်းနှင်ဖို့ ​​လောင်စာ​တွေဖြစ်တာ​​ကြောင့် သတိပြု ဆင်ခြင်ဖို့ ​အရေးကြီးပါတယ်။

(၁၂) ဆဋ္ဌမအာရုံ မ​နောဓာတ် ကို မြှင့်တင်ပါ

ဆုံးဖြတ်ချက် မခိုင်မာမှု၊ ​သံသယစိတ်​နဲ့ ​အကြောက်တရား​တွေကို ​ဖြေဖျောက်ပြီး ​​​ရှေ့မှာ ဖြစ်လာနိုင်​တဲ့ ​အန္တရာယ်​တွေ ​အကျိုး​အပြစ်​တွေကို အမြင်ကြည်ကြည်​နဲ့ ဓမ္မဓိဌာန်ကျကျ မြင်နိုင်အောင် သမာဓိ​အား​​ကောင်း လာအောင် တရားထိုင်သင့်ပါတယ်။ သမာဓိ​အား​​ကောင်းတာ၊ မနောဓာတ်​ ဆဋ္ဌမအာရုံ ​နဲ့ အန္တရာယ်​ကို ကြိုတွေး ကြို​​ရှောင်နိုင်တာဟာလည်း အောင်မြင်​တဲ့သူ​တွေ​ရဲ့ စွမ်းပကား တစ်ခုပါပဲ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

​လေးစားစွာဖြင့်
ပိုးစုန်းကြူး

Credit

Want your business to be the top-listed Shop in Pyapon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address