Learn Chinese with Shwe Yee
09/05/2026
常用汉语 900句
441.还有别的办法吗?
Hái yǒu bié de bànfǎ ma?
နောက်ထပ်နည်းလမ်းတွေရှိသေးမလား။
442.你问问快递公司。
Nǐ wènwen kuàidì gōngsī.
နင် delivery ကုမ္ပဏီတွေကို မေးကြည့်ပါ။
443.他们的价格也不便宜。
Tāmen de jiàgé yě bù piányi.
သူတို့ရဲ့ဈေးကလည်းမနည်းဘူး။
444.您忘了写邮政编码了。
Nín wàngle xiě yóuzhèng biānmǎ နင်စာတိုက်ကုတ်ရေးဖို့မေ့နေတယ်။
445.这些长城的明信片很不错。
Zhèxiē Chángchéng de míngxìnpiàn hěn búcuò.
ဒီ မဟာတံတိုင်း (Great wall)က အမှတ်တရပစ္စည်းတွေက အရမ်းကောင်းပါတယ်။/မဆိုးဘူး။
446.我更喜欢这些。
Wǒ gèng xǐhuan zhèxiē.
ငါဒီဟာလေးတွေကို ပိုကြိုက်တယ်။
447.我们想看看这些明信片。
Wǒmen xiǎng kànkan zhèxiē míngxìnpiàn.
ငါတို့ဒီအမှတ်တရပစ္စည်းတွေကို ကြည့်ချင်တယ်။
448.单买可以吗?
Dān mǎi kěyǐ ma?
တစ်ခုချင်း ဝယ်လို့ရလား။
449.我想要这些张。
Wǒ xiǎng yào zhèxiē zhāng.
ငါဒါလေးတွေကို ဝယ်ချင်ပါတယ်။
450.我要两套这种的。
Wǒ yào liǎng tào zhè zhǒng de.
ငါဒီအမျိုးအစားကို နှစ်စုံယူမယ်။
451.寄几张明信片。
Jì jǐ zhāng míngxìnpiàn.
အမှတ်ပစ္စည်းတချို့ပို့ချင်ပါတယ်။
452.寄到哪儿?
Jì dào nǎr?
ဘယ်နေရာကို ပို့မှာလဲ။
453.一张是寄到美国的。
Yì zhāng shì jì dào Měiguó de.
တစ်စောင်ကတော့ အမေရိက ကို ပို့မှာပါ။
454.你明白我的意思吗?
Nǐ míngbái wǒ de yìsi ma?
နင် ငါပြောတဲ့အဓိပ္ပါယ်ကို နားလည်လား။
455.这里是平安宾馆。
Zhèlǐ shì Píng’ān Bīnguǎn.
ဒီနေရာက 平安(ဖျင်အန်း) ဟိုတယ် ဖြစ်ပါတယ်။
456.我想订一个房间。
Wǒ xiǎng dìng yí ge fángjiān.
ငါအခန်းတစ်ခန်းဘိုကင်လုပ်ချင်ပါတယ်။
457.你能先说一下价格吗?
Nǐ néng xiān shuō yíxià jiàgé ma?
နင်အရင်ဆုံး ဈေးနှုန်းက ဘယ်လောက်လဲဆိုတာ ပြောပြပေးနိုင်မလား။
458.每天三百元。
Měitiān sānbǎi yuán.
တစ်ရက် ၃၀၀ ယွမ် ဖြစ်ပါတယ်။
459.包括早餐吗?
Bāokuò zǎocān ma?
နံနက်စာ ပါလား။
460.不包括。
Bù bāokuò.
မပါပါဘူး။
#媚蝶 #常用汉语900句 #တရုတ်စာလေ့လာကြမယ် #西南民族大学
04/05/2026
常用汉语900句
421. 下一个服务站还有多远?
Xià yí ge fúwùzhàn hái yǒu duō yuǎn?
နောက်ထပ် ဝန်ဆောင်မှုစခန်း (service center) က ဘယ်လောက်လောက် ဝေးသေးလဲ။
422. 天快黑了。
Tiān kuài hēi le.
မကြာခင် မှောင်တော့မယ်။
423. 找不到加油站就麻烦了。
Zhǎo bù dào jiāyóuzhàn jiù máfan le.
ဓါတ်ဆီဆိုင်ရှာမတွေ့ရင် ဒုက္ခပါပဲ။
424. 都怪我。
Dōu guài wǒ.
အားလုံးကငါ့အပြစ်တွေပါ။
425. 这儿可以停车吗?
Zhèr kěyǐ tíngchē ma?
ဒီနေရာမှာ ကားရပ်ထားလို့ ရလား။
426. 有没有去云南的线路?
Yǒu méiyǒu qù Yúnnán de xiànlù?
ယူနန်ထိ သွားတဲ့ ခရီးစဉ်လမ်းကြောင်း (tour route) ရှိလား။
427. 我想看看行程安排。
Wǒ xiǎng kànkan xíngchéng ānpái.
ငါခရီးစဉ် အစီအစဉ်တွေကို ကြည့်ချင်တယ်။
428. 你们一定不会失望的。
Nǐmen yídìng bú huì shīwàng de.
နင်တို့ သေချာပေါက်စိတ်ပျက်မှာမဟုတ်ပါဘူး။
429. 我们以前去过。
Wǒmen yǐqián qùguo.
ငါတို့ အရင်က သွားဖူးတယ်။
430. 不希望时间安排得太紧。
Bù xīwàng shíjiān ānpái de tài jǐn.
အချိန်အစီအစဉ်ကို အရမ်းလောတာမလိုချင်ဘူး။
431. 想去放松放松。
Xiǎng qù fàngsōng fàngsōng.
အေးအေးချမ်းချမ်းပဲ သွားချင်တယ်။
432. 我现在还不能决定。
Wǒ xiànzài hái bù néng juédìng.
ငါအခုထိတော့ သေချာမဆုံးဖြတ်နိုင်သေးဘူး။
433. 我先回去跟太太商量一下。
Wǒ xiān huíqù gēn tàitài shāngliang yíxià.
ငါအရင်ပြန်ပြီးဇနီးနဲ့ တစ်ချက် ဆွေးနွေးလိုက်မယ်။
434. 我想寄包裹。
Wǒ xiǎng jì bāoguǒ.
ငါပါဆယ်ပို့ချင်ပါတယ်။
435. 是在这儿买纸箱子吗?
Shì zài zhèr mǎi zhǐxiāngzi ma?
ဒီနေရာမှာပဲ စာတိုက်သုံး သေတ္တာ ဝယ်ရတာလား။
436. 都是一些送朋友的小礼物。
Dōu shì yìxiē sòng péngyou de xiǎo lǐwù.
အားလုံးကသူငယ်ချင်းကို ပေးမယ့် လက်ဆောင်တွေပါပဲ။
437. 寄到加拿大。
Jì dào Jiānádà.
ကနေဒါကို ပို့ပါမယ်။
438. 航空的多少钱?
Hángkōng de duōshǎo qián?
လေကြောင်းနဲ့ပို့ရင်ဘယ်လောက်ကုန်မှာလဲ။
439. 多长时间能到?
Duō cháng shíjiān néng dào?
ဘယ်လောက်ကြာမှ ရောက်မလဲ?
440. 最少三个月。
Zuìshǎo sān ge yuè.
အနည်းဆုံး သုံးလ လောက်ကြာမယ်။
#媚蝶 #常用汉语900句 #တရုတ်စာလေ့လာကြမယ် #西南民族大学
01/05/2026
常用汉语 900句
401.我找不到行李了。
Wǒ zhǎo bù dào xínglǐle。
ငါ ရဲ့luggage ရှာလို့မတွေ့တော့ဘူး။
402. 我们去旅行吧。
Wǒmen qù lǚxíng ba.
ငါတို့ ခရီးသွားကြမယ်။/သွားကြရအောင်။
403. 我可以用你的车吗?
Wǒ kěyǐ yòng nǐ de chē ma?
ငါမင်းရဲ့ကားကို သုံးလို့ရလား။
404. 这两天一直下雨。
Zhè liǎng tiān yìzhí xiàyǔ.
ဒီနှစ်ရက်လုံး ဆက်တိုက်မိုးရွာနေတာ။
405. 最近天气真不好。
Zuìjìn tiānqì zhēn bù hǎo.
အခုတလော ရာသီဥတုက တကယ်မကောင်းဘူး။
406. 但愿周末是个好天气。
Dànyuàn zhōumò shì gè hǎo tiānqì.
ဒါပင်မဲ့ စနေတနင်္ဂနွေနေ့တွေမှာ ရာသီဥတုကောင်းဖို့ မျှော်လင့်တယ်။
407. 天气预报说明天晴天。
Tiānqì yùbào shuō míngtiān qíngtiān.
မိုးလေဝသဌာနကတော့မနက်ဖြန်နေသာမယ်ပြောတယ်။
408. 晚上可能下雨。
Wǎnshang kěnéng xiàyǔ.
ညပိုင်းမှာ မိုးရွာနိုင်တယ်။
409. 不会吧?
Bú huì ba?
မဖြစ်နိုင်ပါဘူး။
410. 你带雨伞了吗?
Nǐ dài yǔsǎn le ma?
နင်ထီးယူလာလား။
411. 天气越来越热了。
Tiānqì yuè lái yuè rè le.
ရာသီဥတု ကပိုပိုပြီးပူလာပြီ။
412. 周末有什么计划?
Zhōumò yǒu shénme jìhuà?
စနေတနင်္ဂနွေနေ့မှာ ဘာအစီအစဉ်တွေရှိလဲ။
413. 我们想开车去长城玩玩。
Wǒmen xiǎng kāichē qù
Chángchéng wánwan.
ငါတို့ ကားမောင်းပြီး မဟာတံတား (Great Wall) ကို သွားလည်ချင်တယ်။
414. 你跟我们一块儿去吧。
Nǐ gēn wǒmen yíkuàir qù ba.
နင်လည်းငါတို့နဲ့အတူ သွားမလား။
415. 需要我做什么吗?
Xūyào wǒ zuò shénme ma?
ငါဘာလုပ်ပေးရမလဲ။
416.咱们什么时候出发?
Zánmen shénme shíhou chūfā?
ငါတို့ ဘယ်အချိန် စထွက်မလဲ။
417. 星期六 早上 6 点 在 大门口 见面。
Xīngqīliù zǎoshang liù diǎn zài dàménkǒu jiànmiàn.
စနေနေ့ မနက် ၆ နာရီ တံခါးကြီးဖက်မှာ တွေ့ကြမယ်။
418. 这儿的风景太美了!
Zhèr de fēngjǐng tài měi le!
ဒီနေရာက ရှု့ခင်းတွေက အရမ်းလှတယ်။
419. 好像快没油了。
Hǎoxiàng kuài méi yóu le.
ဓါတ်ဆီ မကြာခင် ကုန်တော့မယ်ထင်တယ်။
420. 快看地图!
Kuài kàn dìtú!
မြေပုံကို မြန်မြန်ကြည့်လိုက်ပါ။
#常用汉语900句 #媚蝶 #တရုတ်စာလေ့လာကြမယ် #媚蝶
30/04/2026
哈喽 哈喽👋👋👋
📌✨Basic Chinese + HSK 1 Online Class✨📌
📌တရုတ်စာကို အခြေခံမှ စနစ်တကျ သင်ယူချင်သူများအတွက်
📌တရုတ်စာကို လုံးဝ မသိသေးဘူးလား
📌Pinyin အသံထွက်ကို မှန်မှန်ကန်ကန် သင်ချင်လား
ဒီလိုဆိုရင်တော့ Study Chinese with Shwe Yee ကိုသာ ရွေးချယ်လိုက်ပါနော်
🎯 တတ်ရောက်သင့်သူများ
✔ တရုတ်စာ လုံးဝ အခြေခံမရှိသူ
✔ Pinyin + အသံထွက်ကို အစမှ သေချာလေ့လာချင်သူ
✔ HSK 1 ကို နားလည်ပြီး ဖြေဆိုလိုသူ
✔ China Study Plan ရှိသူများ
📚 သင်ကြားပေးမည့်အကြောင်းအရာများ
🔹 Pinyin နှင့် အသံထွက်အခြေခံ
🔹 HSK 1 Vocabulary + Sentence Structure
🔹 အခြေခံ Grammar (အသုံးချနိုင်အောင်)
🔹 Listening & Speaking Practice
🔹 HSK 1 Exam Preparation
🗓 Class Schedule
🛎️13 May
📅 Wed, Thu ,Fir (ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ)
⏰ ည ၇:၃၀ – ၉:၃၀
⌛သင်တန်းကာလ -၂ လ
💻 Online Class(zoom)
💰 သင်တန်းကြေး – ၁၂၀,၀၀၀ ကျပ်
***💡 သင်ကြားပုံစံ***
✅ မြန်မာလို နားလည်လွယ်အောင် ရှင်းပြပေးခြင်း
✅ Student တစ်ယောက်ချင်းစီကို လိုက်လံဂရုစိုက်သင်ကြားပေးခြင်း
✅ အလွတ်ကျက်မဟုတ်ဘဲ နားလည်မှုအခြေခံ သင်ကြားပေးခြင်း
***👩🏫 ဘယ်သူ သင်မှာလဲ***
🇨🇳 လက်ရှိ တရုတ်ပြည် တွင် တက္ကသိုလ် တက်ရောက်နေသော Laoshi သင်ကြားပေးမည်။
ဒီအတန်းသည် တရုတ်စာကို အခြေခံမှ ခိုင်မာစွာ စတင်လိုသူများအတွက် အကောင်းဆုံး First Step ဖြစ်ပါတယ် 🌟
📩 စိတ်ဝင်စားပါက Messenger မှတဆင့် ဆက်သွယ်နိုင်ပါတယ်။
အရင်အပ်တဲ့သင်တန်းသားလေးတွေအတွက်လည်း discount လေးတွေရှိမယ်နော်
#တရုတ်စာလေ့လာကြမယ် #西南民族大学 #媚蝶
28/04/2026
常用汉语900句
381. 我要赶飞机。
Wǒ yào gǎn fēijī.
ငါ လေယာဉ်ချိန်မှီဖို့လိုတယ်။
382. 还有别的路吗?
Hái yǒu bié de lù ma?
အခြားလမ်း ရှိသေးလား။
383. 我们走机场高速。
Wǒmen zǒu jīchǎng gāosù.
ငါတို့ လေဆိပ်ကိုသွားတဲ့ အဝေးပြေးလမ်းကနေ သွားကြမယ်။
384. 行,就这样吧。
Xíng, jiù zhèyàng ba.
ကောင်းပါပြီ ။ဒီလိုပဲ လုပ်ကြတာပေါ့။
385. 有没有 11号 到上海的票?
Yǒu méiyǒu shíyī hào dào Shànghǎi de piào?
၁၁ရက်နေ့ ရှန်ဟိုင်းကို သွားတဲ့ လက်မှတ် ရှိလား။
386. 11号的票卖完了。
Shíyī hào de piào màiwán le.
၁၁ရက်နေ့အတွက် လက်မှတ်က ရောင်းကုန်သွားပါပြီ။
387. 路上小心。
Lùshang xiǎoxīn.
လမ်းမှာ သတိနဲ့ သွားပါ။
388. 到了给我们打电话。
Dàole gěi wǒmen dǎ diànhuà.
ရောက်ရင် ငါတို့ကို ဖုန်းခေါ်ပါ။
389. 我会的。
Wǒ huì de.
ငါလုပ်ပါမယ်(သို့)လုပ်မယ်နော်။
390. 火车就要开了。
Huǒchē jiùyào kāi le.
ရထား စထွက်တော့မယ်။
391. 你们 快 下去 吧。
Nǐmen kuài xiàqù ba.
နင်တို့အမြန်ဆင်းလိုက်ကြလာပါ။
392. 一路 平安!
Yílù píng’ān!
လမ်းခရီးသာယာဖြောင့်ဖြူးပါစေ။
393. 请问 餐车 在 几号 车厢?
Qǐngwèn cānchē zài jǐ hào chēxiāng?
ထမင်းစားခန်းက ဘယ်တွဲထဲမှာ ပါလဲဆိုတာ ပြောပြပေးနိုင်မလား။
394. 我 想 订 去 西安 的 往返票。
Wǒ xiǎng dìng qù Xī’ān de wǎngfǎnpiào.
ငါ ရှီးအန်းကို သွားတဲ့ အသွားအပြန်လက်မှတ် တစ်စုံလိုချင်ပါတယ်။
395. 有 打折 票 吗?
Yǒu dǎzhé piào ma?
Discount ချတဲ့လက်မှတ်ရှိလား။
396. 行李 托运 吗?
Xínglǐ tuōyùn ma?
ခရီးဆောင်အိတ်တွေကို စစ်ဆေးဖို့ လိုအပ်ပါသလား။
397. 您 的 行李 超重 了。
Nín de xínglǐ chāozhòng le.
နင့်ရဲ့ luggage ကအလေးချိန်ကျော်သွားပြီ။
398. 可以 给 我 一个 靠 窗 的 座位 吗?
Kěyǐ gěi wǒ yí gè kào chuāng de zuòwèi ma?
ငါ့ကိုပြတင်းပေါက်ဘေးက ထိုင်ခုံ ပေးလို့ရမလား။
399. 给 您 登机牌。
Gěi nín dēngjīpái.
နင့်အတွက် လေယာဉ်တက်ကဒ်ပါ။
400. 请 在 4 号 登机口 登机。
Qǐng zài sì hào dēngjīkǒu dēngjī.
ကျေးဇူးပြုပြီး Gateနံပါတ်4 မှ လေယာဉ်ပေါ်တက်ပါ။
#常用汉语900句 #媚蝶 #တရုတ်စာလေ့လာကြမယ် #西南民族大学
26/04/2026
常用汉语900句
361.我明白了。
Wǒ míngbáile.
ငါနားလည်ပြီ။
362. 这车到东方小区吗?
Zhè chē dào Dōngfāng Xiǎoqū ma?
ဒီဘတ်စ်ကားကအရှေ့ဘက်ရပ်ကွက် ကိုရောက်သလား။
363. 您上车吧。
Nín shàngchē ba.
နင်ကားပေါ်တက်ပါ။
364. 下一站是王府井。
Xià yí zhàn shì Wángfǔjǐng.
နောက်မှတ်တိုင်က ဝမ်ဖူကျင်ပဲ။
365. 买一张票。
Mǎi yì zhāng piào.
လက်မှတ်တစ်စောင်ဝယ်ပါ။
366. 我没去过。
Wǒ méi qùguo.
ငါမသွားဖူးဘူး။
367. 到了麻烦您告诉我。
Dàole máfan nín gàosu wǒ.
ရောက်ပြီဆို နင်ငါ့ကိုပြောပြပါနော်။
368. 这车不到动物园。
Zhè chē bú dào dòngwùyuán.
ဒီကားကတိရိစ္ဆာန်ရုံ ကိုမရောက်ဘူး။
369. 您得换车。
Nín děi huànchē.
နင်ကားပြောင်းရမယ်။
370. 在哪儿换车?
Zài nǎr huànchē?
ဘယ်မှာကားပြောင်းရမလဲ။
371. 下一站换 181 路。
Xià yí zhàn huàn yībāyī lù.
နောက်မှတ်တိုင်မှာ ကားနံပါတ်181ကိုပြောင်းစီးပါ။
372. 您去哪儿?
Nín qù nǎr?
နင် ဘယ်ကို သွားမှာလဲ?
373. 我不知道这个地方。
Wǒ bù zhīdào zhège dìfang.
ငါဒီနေရာကို မသိဘူး။
374. 你有他们的地址吗?
Nǐ yǒu tāmen de dìzhǐ ma?
နင်မှာ သူတို့ရဲ့ လိပ်စာ ရှိလား?
375. 在电视台附近。
Zài diànshìtái fùjìn.
ရုပ်မြင်သံကြားဌာနအနီးနားမှာပါ။
376. 电视台到了。
PယDiànshìtái dào le.
ရုပ်မြင်သံကြားဌာနကို ရောက်ပြီ။
377. 就停在门口吧!
Jiù tíng zài ménkǒu ba!
ဝင်ပေါက်ရှေ့မှာပဲ ရပ်လိုက်ပါ။
378. 对,就是这儿。
Duì, jiùshì zhèr.
ဟုတ်ပါတယ်၊ ဒီနေရာပါပဲ။
379. 师傅,去机场。
Shīfu, qù jīchǎng.
ကားဆရာ လေဆိပ်ကို သွားပါမယ်။
380. 您能不能再快一点儿?
Nín néngbunéng zài kuài yìdiǎnr?
နင်နည်းနည်းလောက် ပိုမြန်ပေးလို့ ရနိုင်မလား။
#常用汉语900句 #媚蝶 #တရုတ်စာလေ့လာကြမယ် #西南民族大学
25/04/2026
常用汉语900句
341. 你能不能给我推荐一下?
Nǐ néng bù néng gěi wǒ tuījiàn yíxià?
နင် ငါ့ကို အကြံဉာဏ်ပေးပေးနိုင်မလား။
342. 是哪个出版社的?
Shì nǎge chūbǎnshè de?
ဘယ်ထုတ်ဝေသူဆီကလဲ။ဘယ်ပုံနှိပ်တိုက်က ထုတ်တာလဲ။
343. 是什么时候出版的?
Shì shénme shíhou chūbǎn de?
ဘယ်အချိန်ကထုတ်ဝေတာလဲ။
344. 要这本大的吧。
Yào zhè běn dà de ba.
ဒီအရွယ်ကြီးနဲ့ယူမယ်။
345. 请问地铁站怎么走?
Qǐngwèn dìtiězhàn zěnme zǒu?
ကျေးဇူးပြုပြီး မေးပါရစေ။ရထားဘူတာကို ဘယ်လိုသွားရမလဲ။
346. 一直往南走。
Yìzhí wǎng nán zǒu.
တောင်ဘက်တည့်တည့်ကိုသွားပါ။
347. 哪边是南啊?
Nǎbiān shì nán a?
ဘယ်ဘက်က တောင်ဘက်လဲ။
348. 在前面的路口往左拐。
Zài qiánmiàn de lùkǒu wǎng zuǒ guǎi.
ရှေ့မှာရှိတဲ့လမ်းခွဲမှာ ဘယ်ဘက်ကိုဘယ်ကွေ့ပါ။
349. 离这儿多远呢?
Lí zhèr duō yuǎn ne?
ဒီကနေ ဘယ်လောက်ဝေးလဲ။
350. 不太远。
Bú tài yuǎn.
အရမ်းဝေးတာ မဟုတ်ပါဘူး။သိပ့်မဝေးဘူး။
351.大概走五分钟就到了。
Dàgài zǒu wǔ fēnzhōng jiù dào le.
ခန့်မှန်းချေအားဖြင့် ငါးမိနစ်လောက်ဆိုရင် ရောက်ပါပြီ။
352.您有什么事?
Nín yǒu shénme shì?
နင့်မှာဘာကိစ္စ၊ပြဿနာရှိလို့လဲ။
353.她病了。
Tā bìng le.
သူမဖျားနေပြီ။
354.那怎么办呢?
Nà zěnme bàn ne?
ဒါဆို ဘယ်လိုလုပ်ကြမလဲ။
355.我想去看看她。
Wǒ xiǎng qù kànkan tā.
ငါသူမကိုသွားကြည့်ချင်တယ်။
356.您别着急。
Nín bié zháojí.
နင်စိတ်မလောပါနဲ့။
357.她住哪儿?
Tā zhù nǎr?
သူမဘယ်မှာနေတာလဲ။
358.她住在东方小区。
Tā zhù zài Dōngfāng xiǎoqū.
သူမအရှေ့ဘက်ရပ်ကွက်မှာနေတာပါ။
359.我应该坐什么车去?
Wǒ yīnggāi zuò shénme chē qù?
ကျွန်တော် ဘယ်ကားစီးသွားသင့်လဲ။
360.您得去马路对面坐车。
Nín děi qù mǎlù duìmiàn zuò chē.
နင်လမ်းတစ်ဖက်ခြမ်းကိုသွားပြီးကားစီးရပါမယ်။
#常用汉语900句 #媚蝶 #တရုတ်စာလေ့လာကြမယ် #西南民族大学
24/04/2026
常用汉语900句
321.Néng dǎzhé ma?
能打折吗?
လျှော့စျေးရနိုင်မလား။
322.再便宜一点儿吧。
Zài piányi yīdiǎnr ba.
ဈေးနဲနဲထပ်လျော့ပေးလို့ရလား။
323.那就算了吧。
Nà jiù suàn le ba.
အဲဒါဆိုရင် မယူတော့ပါဘူး။
324.我再想想。
Wǒ zài xiǎngxiang.
ငါထပ်စဉ်းစားကြည့်လိုက်အုန်းမယ်။
325.我们想买一个小冰箱。
Wǒmen xiǎng mǎi yí ge xiǎo bīngxiāng.
ငါတို့ရေခဲသေတ္တာအသေးတစ်လုံးဝယ်ချင်လို့ပါ။
326.这几种有什么不同呢?
Zhè jǐ zhǒng yǒu shénme bùtóng ne?
ဒီအမျိုးအစားတွေထဲ ဘာကွာခြားချက်ရှိတာလဲ။
327.这种噪音特别小。
Zhè zhǒng zàoyīn tèbié xiǎo.
ဒီတစ်လုံးရဲ့ အသံကအရမ်းတိုးတယ်။အသံမကျယ်ဘူး။
328.哪种质量好?
Nǎ zhǒng zhìliàng hǎo?
ဘယ်အမျိုးအစားက အရည်အသွေးကောင်းလဲ။
329.质量都不错。
Zhìliàng dōu bùcuò.
အရည်အသွေးကလည်း ကောင်းပါတယ်။
330.哪种是最新款的?
Nǎ zhǒng shì zuì xīn kuǎn de?
ဘယ်အမျိုးအစားက နောက်ဆုံးမော်ဒယ်လဲ။
331. 它有哪些功能?
Tā yǒu nǎxiē gōngnéng?
သူ့ကဘာတွေ လုပ်နိုင်သလဲ။
332. 可以放DVD和VCD。
Kěyǐ fàng DVD hé VCD.
DVD နဲ့ VCD ထည့်ပြီးဖွင့်နိုင်ပါတယ်။
333. 很好玩儿。
Hěn hǎowánr.
အရမ်းပျော်ဖို့ကောင်းတယ်။လည်ရတာပျော်စရာကြီး။
334. 声音特别好听。
Shēngyīn tèbié hǎotīng.
အသံ အရမ်းနားထောင်လို့ကောင်းတယ်။
335. 要这个。
Yào zhège.
ဒီတစ်ခုယူမယ်။
336. 保修多长时间?
Bǎoxiū duō cháng shíjiān?
အာမခံကာလ ဘယ်လောက်ကြာလဲ။
337. 送货吗?
Sòng huò ma?
ပစ္စည်းပို့ပေးလား။
338. 请告诉我您的地址和电话。
Qǐng gàosu wǒ nín de dìzhǐ hé diànhuà.
ငါ့ကိုနင့်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ် ပြောပြပေးပါ။
339. 我今天没带那么多钱。
Wǒ jīntiān méi dài nàme duō qián.
ငါဒီနေ့ ငွေအများကြီး မယူလာမိဘူး။
340. 能刷信用卡吗?
Néng shuā xìnyòngkǎ ma?
ကတ်ဖြင့် ငွေရှင်းလို့ ရမလား။
#常用汉语900句 #媚蝶 #တရုတ်စာလေ့လာကြမယ် #西南民族大学
22/04/2026
常用汉语900句
301. 我随便看看。
Wǒ suíbiàn kànkan.
ငါ လိုက်ကြည့်အုန်းမယ်။
302. 您要做什么衣服?
Nín yào zuò shénme yīfu?
နင်ဘယ်လိုအကျီပုံမျိုးချုပ်ချင်တာလဲ။
303. 我想做一件旗袍。
Wǒ xiǎng zuò yí jiàn qípáo.
ငါတရုတ်ရိုးရာဂါဝန်(ချီဖောင်)တစ်စုံချုပ်ချင်ပါတယ်။
304. 这是我想要的式样。
Zhè shì wǒ xiǎng yào de shìyàng.
ဒီဟာကကျွန်မလိုချင်တဲ့ပုံစံပါ။
305. 您穿旗袍一定很好看。
Nín chuān qípáo yídìng hěn hǎokàn.
နင်ချီဖောင်ဝတ်ရင်သေချာပေါက်လှမှာ။
306. 哪天能试穿?
Nǎ tiān néng shìchuān?
ဘယ်နေ့စမ်းဝတ်လို့ရမလဲ။
307. 这是什么料子的?
Zhè shì shénme liàozi de?
ဒီအဝတ်က ဘယ်အသားနဲ့လုပ်တာလဲ။
308. 真丝的。
Zhēnsī de.
ပိုးသားနဲ့လုပ်တာပါ။
309. 蓝色的好还是黄色的好?
Lánsè de hǎo háishì huángsè de hǎo?
အပြာရောင်က ပိုလှလား ဒါမှမဟုတ် အဝါရောင်က ပိုလှလား။
310. 蓝色的更适合您。
Lánsè de gèng shìhé nín.
အပြာရောင်က နင်နဲ့ ပိုလိုက်ဖက်တယ်။
311. 好像不太合适。
Hǎoxiàng bú tài héshì.
ကြည့်ရတာသိပ်မလိုက်ဖက်သလိုဘဲ။
312. 还有别的颜色吗?
Hái yǒu bié de yánsè ma?
အခြားအရောင်တွေရှိသေးလား။
313. 能试试吗?
Néng shìshi ma?
စမ်းဝတ်ကြည့်လို့ရမလား။
314. 您穿什么号的?
Nín chuān shénme hào de?
နင်ဘယ်ဆိုဒ်ဝတ်တာလဲ။
315. 中号的。
Zhōnghào de.
Medium sizeပါ။
316. 试衣间在哪儿?
Shìyījiān zài nǎr?
အဝတ်စမ်းဝတ်ကြည့်ခန်းဘယ်မှာရှိလဲ။
317. 可惜有点儿紧。
Kěxī yǒudiǎnr jǐn.
ဝတ်ရအနည်းငယ်ကျပ်နေတာနှမျောစရာဘဲ။
318. 有大一号的吗?
Yǒu dà yí hào de ma?
တစ်ဆိုဒ်ပိုကြီးတာရှိလား။
319. 多少钱?
Duōshao qián?
ဘယ်လောက်လဲ။
320. 太贵了。
Tài guì le.
ဈေးကြီးလိုက်တာ။
#常用汉语900句 #媚蝶 #တရုတ်စာလေ့လာကြမယ် #西南民族大学
21/04/2026
常用汉语900句
281. 我不想要了。
Wǒ bù xiǎng yào le.
ငါမယူချင်တော့ဘူး။
282. 马上可以修好。
Mǎshàng kěyǐ xiūhǎo.
အခုချက်ချင်းပြင်ပြီးနိုင်ပါတယ်။
283. 你说个价吧。
Nǐ shuō ge jià ba.
နင်ပေးချင်တဲ့ဈေးပြောပါ။
284. 最多一百块。
Zuìduō yì bǎi kuài.
အများဆုံး ယွမ်တစ်ရာ။
285. 是进口的吗?
Shì jìnkǒu de ma?
ပြည်ပကတင်သွင်းတာလား။
286. 是哪儿生产的?
Shì nǎr shēngchǎn de?
ဘယ်မှာထုတ်လုပ်ထားတာလဲ။
287. 可以电话订货吗?
Kěyǐ diànhuà dìnghuò ma?
ဖုန်းနဲ့မှာလို့ရမလား။
288. 怎么付钱呢?
Zěnme fùqián ne?
ငွေဘယ်လိုပေးချေရမလဲ။
289. 可以到邮局汇款。
Kěyǐ dào yóujú huìkuǎn.
စာတိုက်ကနေလွှဲပေးလို့ရတယ်။
290. 也可以货到付款。
Yě kěyǐ huò dào fùkuǎn.
ပစ္စည်းရောက်မှငွေပေးချေလို့လည်းရပါတယ်။
291.还是货到付款最方便。
Hái shì huò dào fù kuǎn zuì fāng biàn.
ပစ္စည်းရောက်မှငွေချေတာကအဆင်အပြေဆုံးဘဲ။
292.我还有一个问题。
Wǒ hái yǒu yí gè wèn tí.
ငါ့မှာ မေးခွန်းတစ်ခုရှိပါသေးတယ်။
293.不合适,能不能退换?
Bù hé shì, néng bu néng tuì huàn?
အဆင်မပြေရင် ပြန်လဲလို့ရမလား။
294.我要订个比萨饼。
Wǒ yào dìng gè bǐ sà bǐng.
ငါ ပီဇာတစ်ခုမှာချင်ပါတယ်။
295.大的还是小的?
Dà de hái shì xiǎo de?
အကြီးလား ဒါမှမဟုတ် အသေးလား။
296.请送到北京大学西门吧。
Qǐng sòng dào Běi jīng Dà xué xī mén ba.
ပေကျင်းတက္ကသိုလ် ရဲ့အနောက်ဘက်တံခါးကိုပို့ပေးပါ။
297.你说一个时间。
Nǐ shuō yí gè shí jiān.
နင်အချိန်တစ်ခုပြောပေးပါ။
298.现在是十一点四十。
Xiàn zài shì shí yī diǎn sì shí.
အခုက ၁၁ နာရီ ၄၀ ဖြစ်ပြီ။
299.我大概十二点十分到。
Wǒ dà gài shí èr diǎn shí fēn dào.
ငါခန့်မှန်းချေ12နာရီ10မိနစ်မှာရောက်မယ်။
300.到了再给您打电话。
Dào le zài gěi nín dǎ diàn huà.
ရောက်ရင် နင့်ကိုဖုန်းထပ်ဆက်ပေးမယ်။
#常用汉语900句 #媚蝶 #တရုတ်စာလေ့လာကြမယ် #西南民族大学
Click here to claim your Sponsored Listing.
Category
Website
Address
Pegu