YTO Maths Centre
15/06/2026
ဒီပို့စ်လေးကို Aug 19,2025 တုန်းက ကျွန်တော့် personal acc မှာရေးတင်ခဲ့တာပါ။
အခု page မှာပါ တင်ထားရင် ပိုအကျိုးရှိမယ်ထင်လို့ copy/paste လေးလုပ်ပြီးpin post လေးလုပ်ထားပေးလိုက်ပါတယ်ခင်ဗျ။
💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎
စာသင်ကြားခြင်းကို အမှန်တကယ် စိတ်ဝင်စားသောမီးခဲပြာဖုံး ဆရာ/ဆရာမ များအားဖိတ်ခေါ်ခြင်း
ကျွန်တော်ဦးဆောင်၍ ဖွင့်လှစ်ထားသော YTO MATHS CENTRE တွင် ကလေးငယ်များအား အဓိက program သုံးမျိုး သင်ကြားပေးလျက်ရှိပါတယ်။
1. Maths Olympiad
2. Singapore Maths
3. IGCSE ( E-Maths & A-Maths) တို့ ဖြစ်ပါတယ်
ထို program တွေထဲမှ တစ်ခုကို ဖြစ်စေ၊ တစ်ခုထက်ပိုတဲ့ programs ကိုဖြစ်စေ အမှန်တကယ် သင်ကြားပေးခြင်းကို စိတ်ဝင်စားသော ဆရာ၊ ဆရာမ များအားလုံးကို ဖိတ်ခေါ်ပါတယ်။
အောက်မှာရေးထားတဲ့ စာလေးကို ပြီးဆုံးအောင် ဖတ်စေချင်ပါတယ်
🔹ကျွန်တော်တို့ Team ဘယ်လိုအလုပ်လုပ်ကြသလဲ?
ကျွန်တော်က YTO MATHS CENTRE မှာ တာဝန်
အကြီးဆုံးကို ယူထားရသည့်အလျောက် ကျွန်တော်က မည်သည့်အတန်းက ကလေးမိဘကို မဆို တာဝန်ခံရပါတယ်။
အဲ့ဒါကြောင့် ကလေးတွေကို Maths သင်ပေးဖို့ သက်ဆိုင်ရာ အတန်းတွေကို တာဝန်ယူရတဲ့ ဆရာ၊ဆရာမ တွေက ကျွန်တော် စိတ်တိုင်းကျဖြစ်ဖို့လိုပါတယ်။
အဲ့လိုပြောလို့ ကျွန်တော်ပြောသမျှ အကုန်အမှန်၊ အဲ့ဒီအတိုင်းလုပ်ရမည်လို့ မဆိုလိုပါ။ ယနေ့အထိ ကျွန်တော့်ဆီက Tr များနှင့် ကျွန်တော်နှင့်ကြားမှာ open discussion အဖြစ်ပွင့်ပွင့်လင်းလင်း ညှိနှိုင်း တိုင်ပင်ကြပြီး ဒီခရီးကို လျှောက်လာတာ နှစ်တွေ မနည်းတော့ပါ။
🔹ဘယ်လို Tr တွေနဲ့ လက်တွဲချင်ပါသလဲ?
1. ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို သင်ယူရင်း သင်္ချာဆရာကောင်း တစ်ယောက် ဖြစ်ဖို့ စိတ်အားထက်သန်နေတဲ့ ဆရာ၊ဆရာမများ
2. ကလေးတွေကို စာသင်နေချိန်မှာ စာထဲမှာ 100% စိတ်နှစ်ထားနိုင်သော၊ စိတ်နှစ်ထားလိုသော ဆရာ၊ဆရာမများ
3. လုပ်ငန်းခွင်မှာ ကိုယ့်ထက်အတွေ့အကြုံရင့် senior တွေဆီမှ ပညာနဲ့အတွေ့အကြုံ လိမ္မာပါးနပ်စွာ သင်ယူလိုသူ၊ သင်ယူတတ်သူ ဆရာ၊ဆရာမများ
4. သင်္ချာပညာရပ်ကို အမြဲလေ့လာသင်ယူလိုတဲ့ burning desire ရှိတဲ့ ဆရာ၊ဆရာမများ
3. မိမိရဲ့ဝင်ငွေဟာ အချိန်နဲ့ မဆိုင်ဘဲ မိမိရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်နေစိတ်ထားနဲ့ မိမိရဲ့ကြိုးစားအားထုတ်မှုနဲ့သာ တိုက်ရိုက်သက်ဆိုင်ကြောင်း မိမိစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိမြင်ပြီးသား ဆရာ၊ဆရာမများ
🔹ဘယ်လို Tr တွေနဲ့ လက်မတွဲချင်ဘူးလဲ?
ခဏတာ စားဝတ်နေရေးပြေလည်စေဖို့ သင်ကြားရေးကို စေတနာ အပြည့်အဝ မထားနိုင်ဘဲ၊ ခေတ္တဝင်ရောက်နားခိုရာလို့ သဘောထားသောသူများ
စိတ်ဝင်စားရင် Page Messenger or 09891664636(Viber) ကို CV နှင့်တကွ ဆက်သွယ်နိုင်ပါတယ်။ အပြုသဘောဆောင်ပြီး စကားတွေ အပြန်အလှန် သေသေချာချာ ပြောကြည့်ကြပါမယ်။
🔹🔹🔹
ကျွန်တော်တို့ Team ကို သေသေချာချာစဉ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်။
ကျွန်တော်တို့ကလည်း လေးလေးနက်နက်စဉ်းစားပြီးမှ ပြန်လည်ရွေးချယ်မှာပါ။
ကလေးတွေကို ပျိုးထောင်ရတဲ့အလုပ်ဖြစ်တဲ့အတွက် တွဲတဲ့လက်တွေ ခိုင်မြဲချင်လို့ပါ။
🎄🎄🎄
ဒီပို့စ်က
စာသင်ကြားခြင်းကို အမှန်တကယ် စိတ်ဝင်စားသောမီးခဲပြာဖုံး ဆရာ/ဆရာမ များ နှင့်
ကျွန်တော်တို့ YTO MATHS CENTRE ကြားက တံတားလေး တစ်ခု ဖြစ်တဲ့ အတွက် ဒီpost လေးကို အမြဲတမ်း တင်ပေးထားပါမယ်။
🎄🎄🎄
𝗬𝗲 𝗧𝘂𝗻 𝗢𝗼
𝗙𝗼𝘂𝗻𝗱𝗲𝗿 𝗼𝗳 𝗬𝗧𝗢 𝗠𝗔𝗧𝗛𝗦 𝗖𝗘𝗡𝗧𝗥𝗘
စဉ်းစားနိုင်တယ်/တွေးနိုင်တယ်ဆိုတာ
အလေ့အကျင့် တစ်ခုပဲ
အဲ့ဒီအလေ့အကျင့်ကို
ကလေးငယ်တုန်း
ငွေမကုန်ဘဲ
အိမ်မှာတင် လေ့ကျင့်ပေးလို့ရတယ်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Pathein
095
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |