Loon Khat Mhan

Loon Khat Mhan

Share

16/11/2022

ဒါက အရင်တစ်ခါမရောက်ဖြစ်ခဲ့တဲ့ မှတ်တိုင်တစ်ခုအတွက်
ကျနော့်ရဲ့ ဒုတိယခြေလှမ်းပါ

Pre-order တင်လို့ရမယ့်အချိန်ကျရင်
ပြန်ပြောပေးပါ့မယ်

Cover photo လေးတင်ပေးကြမယ်ဆိုလည်း စိတ်မဆိုးဘူးနော်😁

#ကျန်ရစ်ငေးမောခဲ့ရလေသော
#လွဏ်းခက်မာန်

16/11/2022

မကြာခင်က စာအုပ်Cover လေးရလာတော့မှာပါ။

စက္ကူဈေးတွေအရမ်းတက်နေတော့ သေချာစဥ်းစားနေရတယ်။
စာအုပ်ထဲလည်း ထွေထူးမဟုတ်ပါဘူး။
(၁) ဒီမှာပြိုကျနေတယ် စိတ်တွေ၊(၂) ကျန်ရစ်ငေးမောခဲ့ရလေသော၊ (၃) အစ်မကိုသိစေချင်လို့ ရေးတဲ့စာ၊ (၄) နောက်ဆုံးဘူတာ ဆိုပြီး အခန်း(၄)ခန်းနဲ့ ဖြည်းဖြည်းချင်းဖြည်ချမယ့် ဒဏ်ရာတွေ၊နာကျင်မှု အစုဝေးတွေပါပဲ။ စာတွေကတော့ အရင် ကျနော်ရေးနေကျ ပုံစံအတိုင်း၊ အက်ဆေးတွေပါမယ်၊စာပိုဒ်လေးတွေပါမယ်ပေါ့။

စာအုပ်ခေါင်းစဥ်လေးကတော့ '' ကျန်ရစ်ငေးမောခဲ့ရလေသော '' ပါ။ ဒီလိုပဲ ဒီစာအုပ်လေးက ဘာမှမထူးခြားပါဘူး။

ထွက်ခွာသွားသူတစ်ယောက်ရဲ့ ကျောပြင်ကို
ကျန်ရစ်ငေးမောခဲ့ရခြင်းတွေပါပဲ။ သွေးမထွက်ပေမယ့် ​သေရာပါမယ့် ဒဏ်ရာတွေပေါ့လေ။

ခင်ဗျားတို့ဘဝမှာ ကျန်ရစ်ငေးမောခဲ့ရ ဖူးရင်ပေါ့လေ။ ဒါမှမဟုတ်လည်း ခံစားချက်ချင်းတူရင်တော့ ရင်ဘတ်ချင်းချိတ်မိကြမှာပါ။

ဒီလောက်ပါပဲ ။

(စာကြွင်း) = စာအုပ်ကာဗျာအရောင်လေး ခန်မှန်းကြည့်ကြပါဦး။ မှန်တဲ့သူ ၃ ယောက်ကို စာအုပ်ထွက်လာတဲ့အခါ အမှတ်တရလက်ဆောင်ပေးပါ့မယ်။😁

Telephone

Website