For Future Stars

For Future Stars

Share

08/06/2025

Happy Children's Day ပါတီချစ် ချစ်ရတဲ့ကလေးငယ်လေးတို့ရေ
ကမ္ဘာပေါ်က ကလေးများအားလုံးဘေးကင်းလုံခြုံပျော်ရွှင်ကျန်းမာပါစေနော......

01/09/2024

Happy blessed birthday တီချစ်ရဲ့ချစ်ရတဲ့အချစ်ကလေးရေ..အဦးဆုံးလေးမို့တစ်အိမ်လုံးရော နှစ်ဖက်ဘိုးဘွားဆွေမျိုးတွေကတုန်အောင်ချစ်တာကိုခံခဲ့ရတဲ့တီချစ်ရဲ့အချစ်ကလေးရေ..လွန်ခဲ့တဲ့၁၂နှစ်ဒီလိုနေ့မျိုးမှာကလေးလေးတယောက်ရဲ့မျက်နှာလေးမြင်ရဖို့တီချစ်တို့ညမအိပ်ပဲစောင့်ခဲ့ရတာပေါ့...ကလေးလေးကိုတွေ့ရတော့ဘယ်လိုချစ်စရာကောင်းတာဘယ်သူနဲ့တူတာဆိုပြီးဝိုင်းပြီးထွေးပွေ့ကြချစ်မဝပဲဖြစ်နေတဲ့အချိန် ကလေးကိုမချီတတ်ချီတတ်နဲ့လက်ထဲကမချနိုင်တဲ့တီချစ်တယောက်ကလေးငိုရင်ကိုလိုက်ငိုချင်ခဲ့တဲ့အထိရူးမတတ်ချစ်ခဲ့ကြတာပါ..သားလေးနဲ့ပတ်သက်ပြီးအဲ့လောက်ချစ်ကြတာမို့ နည်းနည်းလေးမှအထိအခိုက်မခံနိုင်တာမို့ လိမ္မာယဥ်ကျေးတဲ့ကလေးလေးအဖြစ်ဆက်လက်ပြီးကြီးပြင်းလာပေးပါနော မွေးနေ့မှစလာမဲ့နှစ်ပေါင်းများစွာ ဘုရားရှေ့လူရှေ့မှာမျက်နှာရပါစေ ဘုရားအတွက်ဆက်ကပ်နိုင်တဲ့ကလေးလေးဖြစ်ပါစေနော..လက်ဆောင်ကတော့ပြန်လာမှဝယ်ခဲ့မယ်နော..

Photos from For Future Stars's post 16/06/2024

ကလေးငယ်လေးရေ ဒီနေ့တော့
Happy Father's dayမှာဖခင်များအတွက် ဂုဏ်ပြုလက်ဆောင်လေးရေးလိုက်တယ်နော

Thank you, Daddy

တစ်ကိုယ်ရည်စာငွေရှာရခက်လို့ပူပန်နေချိန်မှာ တစ်မိသားစုလုံး ရဲ့စားဝတ်နေရေးပြေလည်အောင်မညည်းမညူ ဖြေရှင်းခဲ့တဲ့သူတစ်ယောက်အကြောင်းပြန်တွေးမိတဲ့အခါ အားနာရပါတယ်ဖေဖေ.....
အလုပ်တွေရှုပ်လို့အိမ်ပြန်ဖို့မေ့နေတိုင်း...ဘယ်လောက်အလုပ်များများ အိမ်ဆိုတဲ့မိသားစုလေးစုဝေးရာဆီအပြေးပြန်တတ်တဲ့သူတစ်ယောက်အကြောင်းပြန်တွေးမိတိုင်း အားနာရပါတယ်ဖေဖေ.....
ဘဝအတွေ့အကြုံတွေကခါးသီးတဲ့အချိန်တိုင်း မိသားစုအတွက်လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်ပြီးခါးဆီးခံခဲ့တဲ့သူတစ်​ယောက်အကြောင်းတွေးမိပြန်တော့
အားနာရပါတယ်ဖေဖေ.....
ကိုယ့်အတွက်ဆိုတဲ့အတ္တတွေနဲ့ပိတ်မိနေတိုင်း မိသားစုအတွက်ဆိုတဲ့အတ္တသမားကြီးတစ်ယောက်အကြောင်းခေါင်းထဲဝင်လာပြန်တော့ ထပ်ပြီးအားနာရပြန်ပါပြီဖေဖေ...
ဘဝဆိုတာဆိုတဲ့ခေါင်းစဥ်နဲ့အစချီတဲ့စာမျက်နှာတိုင်းမှာအဖေ့ရဲ့ပြုံးနေတဲ့ပုံရိပ်ကိုထည့်ပြီးပုံနှိပ်ထားတာမို့ စိတ်ဓါတ်ကျစရာကြုံလာရင်တောင် အဖေ့ပုံရိပ်တွေနဲ့အားယူပြီးပြန်လည်ရှင်သန်ရပါတယ်ဖေဖေ..
လိုချင်တာမရ သေးရင် ငိုယိုခဲ့အရွယ်ကနေ လိုချင်တာတွေဝယ်နိုင်ရင်တောင် မဝယ်ရက်တော့တဲ့အရွယ်အထိ လိုလေသေးမရှိပြည့်စုံစေခဲ့လို့ ကမ္ဘာကြီးလောက်ကျေးဇူးတင်ပါတယ်ဖေဖေ ...
ကမ္ဘာပေါ်ရှိဖခင်များအားလုံးကိုဂုဏ်ပြုလျက်...❄️


father's day
#❄️

30/03/2024

ကလေးငယ်လေးရေ
တီချစ်စာတွေမရေးဖြစ်တာကြာလို့ခရီးသွားရင်းပေါ်လာတဲ့အတွေးလေးတစ်ခုနဲ့ပီတိတစ်ခုကြောင့်ရလာတဲ့သင်ခန်းစာလေးကိုsharingလုပ်ပေးမယ်နော..
1.ကိုယ်မရလိုက်တဲ့အောင်မြင်မှုတွေ သူများရလာခဲ့ရင်ထပ်တူဝမ်းသာပေးလိုက်ပါ....
2.ကိုယ်ရလိုက်တဲ့ နာကြင်မှုတွေ သူများမရခဲ့ရင် ကျေနပ်စွာပြုံးပျော်ပေးလိုက်ပါ...
3.ခဏတာလေးရှင်သန်ရတဲ့အချိန်မှာ အရာရာမှာကျေနပ်ရောင့်ရဲတတ်ပါ..
4.ပြုံးတတ်အောင်ပြုံးပါ...
5.ဘဝရောခန္ဓာရောလှအောင်နေပါ...
6. စိတ်နှလုံးသားလေးထဲမှာပျော်စရာတွေပဲတွေးပါ(အပျော်နဲ့အပျက်ကွဲပြားပါစေ)ပူလောင်စရာတွေများတဲ့လောကကြီးမှာအေးချမ်းနေရင် ချမ်းသာခြင်းတစ်မျိုးပဲမလား? ..
တီချစ်ရဲ့ကလေးငယ်လေးတွေအေးချမ်းစွာကြီးပြင်းလာနိုင်ပါစေနော

ကလေးတို့ရဲ့တီချစ်

Want your business to be the top-listed Shop in Pathein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pathein