Toe That Aung

Toe That Aung

Share

02/12/2020

အိုင်ဖုန်းတီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်အမွေကျန်ခဲ့တယ်
သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တယ်

သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ်

"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက
ငါ့မှာ ရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"
"မင်းအတွက် car မောင်းပေးဖို့ car driver ငှားပေးလို့ရပေမယ့်
ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး
အရာဝတ္ထု ပစ္စည်းဥစ္စာတွေကပျောက်သွားရင် ပြန်ရှာလို့ ရနိုင်ပေမယ့်
အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ ရှာမတွေ့တော့ဘူး"

"ဒါကြောင့် ကိုယ့်ကျန်းမာရေး ကိုယ်ကိုတိုင် ကရုစိုက်ပါ
မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ
$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ် အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာပြသပေးမှာပါ"

"$150,000 တန်ကားကိုပဲမောင်းမောင်း ၊ $3000တန် ကားကိုပဲမောင်းမောင်း တူညီတဲ့လမ်း တူညီတဲ့ခရီးအကွာအဝေးနဲ့ သင်သွားချင်‌တဲ့နေရာကို အတူတူပဲပို့ပေးမှာပါ"

"$300 တန် wine ပဲသောက်သောက် $10 တန် wine ပဲသောက်‌သောက် မူးတာကတော့ အတူတူပဲဖြစ်နေမှာ"

" $300 တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် $30 တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် အိတ်ထဲက ပိုက်ဆံ amount က ပြောင်းသွားမှာမဟုတ်ဘူး"

"300 sqm ကျယ်တဲ့အိမ်မှာပဲနေနေ 3000 sqm လောက်ကျယ်တဲ့အိမ်မှာပဲနေနေ အထီးကျန်တဲ့လူက အထီးကျန်နေမှာပဲ"

"First class မှာပဲ လေယာဉ်စီးစီး
Eco class မှာပဲ လေယာဉ်စီးစီး လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ"

"မင်းနားလည်ဖို့ ငါမျှော်လင့်တာက ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာ တွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ
ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ
မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့ ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့ ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ် ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို ဆိုလိုတာပါ"

နောက်ပြောချင်တာက
"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့
ဘယ်လို ပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတာကို သင်ပါ
ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု ပစ္စည်းဥစ္စာ‌တွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် တန်ဖိုးထားတတ်လာလိမ့်မယ်
တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို ဆိုလိုတာမဟုတ်ဘူးနော်"

"အစား‌အသောက်ကို ဆေးလိုစားပါ မဟုတ်ရင်တော့
ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"

လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှုနေထိုင်တာ(being human) က အများကြီးကွာခြားမှုရှိတယ် အဲ့ဒါကို လူအနည်းငယ်လောက်ပဲနားလည်ကြတယ်

မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ်
မင်းသေသွားတဲ့အခါမှာလည်း လူတွေချစ်အောင်လုပ်ရမယ်
အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ်

"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ
ဝေးဝေးကို သွားချင်ရင်တော့ ၂ ယောက်အတူတကွသွားပါ"

"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န် ၆ ယောက်ကတော့
၁၊၊ နေရောင်ခြည်
၂၊၊ အနားယူခြင်း
၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
၅၊၊ မိမိကိုယ်ကို ယုံကြည်မှု
၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း

အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာအမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ"

"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွာရမှာပါ
အဲ့ဒါကြောင့် အသက်ရှိနေစဉ် သင့်မိသားစုကို ချစ်ပါ
သူငယ်ချင်းတွေကို ချစ်ပါ သင့်ရဲ့ ဘ၀လက်တွဲဖော်ကိုချစ်ပါ သင့်‌အပေါ်ကောင်းဖူးတဲ့လူတွေကို ချစ်ပါ"

Credit : Steve Jobs
Translated by Joymaker

Want your establishment to be the top-listed Bar/pub in Pathein?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pathein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 05:00
Saturday 09:00 - 00:00