Swal Taw Learning Centre
08/06/2026
🎒 Uniform Day လေးမှာ ဆင်တူဝတ်လို့ အပြိုင်လေ့လာနေကြတဲ့ တို့ရဲ့ သားသားမီးမီးများ 🎒
Swal Taw Learning Center ရဲ့ Uniform လေးတွေ ကိုယ်စီဝတ်ဆင်ပြီး စာသင်ခန်းထဲမှာ တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနေကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံရိပ်လေးတွေက တကယ့်ကို ချစ်စရာလေးတွေပါပဲရှင်။
ပုံတွေထဲကလိုပဲ တစ်ယောက်ကိုတစ်ယောက် ကူညီရင်း၊ ဆရာမတွေရဲ့ လမ်းညွှန်မှုအောက်မှာ စည်းစည်းလုံးလုံးနဲ့ ကြိုးစားနေကြတဲ့ ဒီရင်သွေးငယ်လေးတွေဟာ ကျွန်တော်တို့စင်တာရဲ့ ဂုဏ်ဆောင်လေးတွေ ဖြစ်လာမှာ အသေအချာပါပဲ။ 🥰
သားသားမီးမီးတို့အားလုံး ပညာရေးမှာ ထူးချွန်ပြီး လိမ္မာသိတတ်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်ကြဖို့လဲ ရည်မှန်းမျှော်လင့်ပါတယ်❤️
သားသားမီးမီးတို့ရဲ့ တက်ကြွတဲ့ ခြေလှမ်းတိုင်းကို Swal Taw Learning Center မှ အမြဲတမ်း ချစ်မြတ်နိုးစွာ စောင့်ကြည့်အားပေးနေပါတယ်ခင်ဗျာ။ 🌟
Swal Taw Learning center
No.135, SanPya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521
05/06/2026
မေမေ၊ ဖေဖေတို့ရေ... သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာအခြေခံကို အပျော်ဆုံးနဲ့ အထိရောက်ဆုံး ပျိုးထောင်ပေးကြစို့။ 🥰✨
ကျွန်မတို့ Swal Taw Learning Center က အသက် (၅ နှစ်ကနေ ၇ နှစ်) ကြား သားသားမီးမီးတို့အတွက် English Foundation Class (4 Skills) အတန်းသစ်လေး ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
👉အိမ်ကနေပဲ တက်မလား? အပြင်မှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး သင်မလား?
📌Online ရော In-person (လူကိုယ်တိုင်) ပါ တက်ရောက်နိုင်အောင် အဆင်ပြေပြေ စီစဉ်ပေးထားပါတယ်နော်။ 🌟
🌟ဘယ်အရွယ်တွေ တက်ရမလဲ? 👉အသက် (၅ နှစ်မှ ၇ နှစ်) အတွင်း Young Learners လေးများ
🌟ဘာတွေသင်မှာလဲ? 👉Listening, Speaking, Reading & Writing (၄) ချက်လုံး အခြေခံပိုင်နိုင်အောင် စနစ်တကျ သင်ကြားပေးမှာပါ။
📍သင်တန်းရက် စနေ၊ တနင်္ဂနွေ (Saturday & Sunday)
📍သင်တန်းအချိန် နေ့လယ် ၂:၃၀ - ညနေ ၄:၀၀ နာရီ
📍သင်တန်းကြေးလေးကတော့ 250000MMK
📍သင်တန်းကာလကတော့ 4-5 Months
ကလေးတို့ရဲ့ ကမ္ဘာလေးထဲမှာ ကစားရင်း၊ သင်ယူရင်းနဲ့ အင်္ဂလိပ်စာကို ချစ်မြတ်နိုးသွားစေဖို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါဦးမေမေတို့ရေ... 💖
📞 Contact Now: 09-750050521, 09-750052021
(အသေးစိတ်ကို Page Messenger ကနေလည်း လာရောက်မေးမြန်းနိုင်ပါတယ်ရှင်)
Swal Taw Learning Center
No.135, SanPya2nd Street, Kinmalinkyune, Pathein.
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Opening Hours
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |