Electrical Engineering

Electrical Engineering

Share

30/12/2020

***ကိုယ့်ဇာတ်လမ်းထဲမှာတော့ ကိုယ်ဟာ ဇာတ်လိုက်ပါပဲ...

လူတိုင်းက သူတို့ရဲ့ဇာတ်လမ်းထဲမှာ သူတို့က ဇာတ်လိုက်ပဲ..
ကိုယ်လည်းပဲ ကိုယ့်ကိုကိုယ်ဇာတ်လိုက်လို့ ထင်ခဲ့တာပဲ..
ဟုတ်ပါတယ် အားလုံးက ဇာတ်လိုက်ဖြစ်နိုင်တာပဲကို...

ဒါပေမဲ့ ဇာတ်လိုက်ဖြစ်ဖို့အတွက် အရင်ဆုံး ကိုယ့်ကိုကိုယ်ဇာတ်နာ ခံနိုင်ရမယ်..
ကိုယ့်ကိုကိုယ် အားပေးရမယ်..
မဆုပ်မနစ် ကြိုးစားနေရမယ်..
အဲ့ဒါတွေ မခံနိုင်ပဲနဲ့တော့ ဇာတ်လိုက် ဖြစ်မလာနိုင်ပါဘူး...

Dramaဆန်ဆန်ပြောရရင် ပထမပိုင်းမှာ ဇာတ်လိုက်က ခံရမယ် ပြီးဆုံးသွားရင်တော့ ကောင်းစားမယ်ပေါ့..
ဇာတ်ပို့ကျတော့ ပြောင်းပြန် ပထမပိုင်းမှာ အဆင်ပြေမယ် ဇာတ်လမ်းအဆုံးမှာတော့ ကိုယ်လုပ်ထားတာ ကိုယ်ပြန်ခံရမယ်ပေါ့..
ဒါက ဇာတ်လမ်းတစ်ခု ကောင်းဖို့အတွက် ဇာတ်ပို့က လူယုတ်မာ ဖြစ်ရမှာကိုး...

ဒါပေမဲ့ အားလုံးက သိပ်အရေးမလုပ်တဲ့ အရန်တွေရဲ့ အရေးပါပုံလည်း ရှိသေးတယ်နော်..
အဓိက ဇာတ်ဆောင်နဲ့ ဇာတ်ပို့တို့ သိသိသာသာ ကွဲထွက်ဖို့ကို အရန်တွေက အရောက်ပို့ပေးထားရတာ..
အရန်တွေက ဇာတ်လိုက်ဘက်ကလည်းရှိနိုင်သလို ဇာတ်ပို့ဘက်ကလည်း ရှိနိုင်သေးတယ်ပေါ့...

အဲ့တော့ ကိုယ်ထင်တယ် ကိုယ်ဟာ ဇာတ်လိုက်မဟုတ်ပဲ အရန်တစ်ယောက်များ ဖြစ်နေရင် ပိုကောင်းမလားပေါ့..
အရန်ဖြစ်ရတာက ဇာတ်လိုက်ဖြစ်သလို အရမ်းလည်း ဇာတ်မနာသလို အရမ်းလည်းကောင်းစားမသွားဘူးဆိုပေမဲ့ပေါ့...

ဘဝမှာ အမေ့ဗိုက်ထဲကထွက်လာပြီး သိတတ်ပါပြီဆိုကထဲက ဇာတ်နာလာလိုက်တာ အခုထိကို မပြီးဆုံးနိုင်ဘူး..
အခုတော့ တွေးမိတယ် ဇာတ်နာမခံနိုင်တော့လို့ အရန်ပဲလုပ်ပါတော့မယ်လို့..

အာလုံးလည်း ဇာတ်အနာခံနိုင်ရင်တော့ ဇာတ်လိုက်လုပ်ကြပေါ့နော်...

tzz

Want your public figure to be the top-listed Public Figure in Pathein?
Click here to claim your Sponsored Listing.

Category

Website

Address

No(3)
Pathein