SMART POINT - Computer & Mobile

SMART POINT - Computer & Mobile

Share

05/05/2024

SSD ဆိုတာဘာလဲ? ဘာကြောင့် HDD ထက် SSD ကိုပိုသုံးသင့်တာလည်း?
*****
SSD ဆိုတာ Solid State Drive ကိုအတိုကောက်အနေနဲ့ခေါ်တာဖြစ်ပါတယ်။
ယခင်က Hard Disk Drive (HDD) ကိုအသုံးပြုလာခဲ့ကြတာဖြစ်ပြီး HDD နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Store Drive တစ်မျိုးဖြစ်ပါတယ်။
SSD အသုံးပြုတဲ့အခါမှာ Hard Disk Drive(HDD) အသုံးပြုတဲ့ OS တွေထက်
💾 Windows/Linux စတဲ့ Operation System အဖွင့်၊ အပိတ်ပိုမြန်လာမယ်။
💾 Software တွေကိုဖွင့်တဲ့အခါ Loading ပိုမြန်လာမယ်။
💾 Data အကူး၊ အပြောင်းပိုမြန်လာမှာပဲဖြစ်ပါတယ်။
မိမိတို့ ကွန်ပျူတာမှာ CPU အနိမ့်ကိုပဲသုံးပြီး Storage မှာ SSD ကိုသုံးထားရင်တော့
💻 Engineering Software,
💻 Graphics Design Software တွေကိုအသုံးပြုတဲ့အခါမှာ Loading တော့ပိုမြန်လာမှာဖြစ်ပြီး Processing အပိုင်းကတော့ ကွန်ပျူတာက CPU ကိုပဲ မှီခိုနေရမြဲဖြစ်တာမလို့ ယခင်အတိုင်း Processing လုပ်နေမှာပဲဖြစ်ပါတယ်။
ပိုမြန်လာတာမျိုး ပိုပြီး Processing ကောင်းလာတာမျိုးတော့ ဖြစ်လာမှာမဟုတ်ပါဘူး။
SSD က Read/Write ပိုင်းကို တာဝန်ယူတာဖြစ်လို့ Loading နဲ့ ပတ်သတ်တဲ့အပိုင်းမှာတော့ Hard Disk Drive (HDD) ထက်ပိုပြီးမြန်ပါတယ်။
Engineering Software တွေ Graphic ပိုင်းသုံးတဲ့ Software တွေ ကိုသုံးတဲ့အခါမှာ Loading လည်းမြန်ရမယ် Processing ပိုင်းလည်းမြန်ရမယ်ဆိုရင်တော့ CPU Generation အမြင့်ပိုင်းနဲ့ SSD ကိုပေါင်းစပ်သုံးတာက ပိုပြီးသင့်တော်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Naypyidaw?
Click here to claim your Sponsored Listing.

Telephone

Address

Zayar Thiri Township
Naypyidaw
15013