Success Computer Training Center

Success   Computer Training Center

Share

26/08/2023

#အိမ်ပုံစံဒီဇိုင်း

15/03/2023

ကွန်ပျူတာ Network,WiFi ပြဿနာများဖြေရှင်းနည်း
---------------------------------------------------------

ကွန်ပျူတာမှာ WiFi,
Network ပြဿနာ ဖြေရှင်းနည်းတွေကို ပြဿနာအဖြစ်များ၊
အမေးများကြလို့ ကြုံဖူးတာလေးတွေကို ဖော်ပြလိုက်ပါတယ်။

1. WiFi အဖွင့်၊အပိတ်လုပ်မရခြင်းပြဿနာ
2. No Internet Access ဖြစ်နေခြင်းပြဿနာ
3. အနီရောင်ကြက်ခြေခတ်(Red Cross)ပြဿနာ

1. WiFi အဖွင့်၊အပိတ်လုပ်မရခြင်းပြဿနာ

ကွန်ပျူတာ Task Bar ပေါ်က WiFi ပုံ Icon လေးကို
နှိပ်လိုက်ရင် ဘယ် WiFi နဲ့ချိတ်ချင်သလဲ ရွေးလို့ရတဲ့
လွင့်ထားတဲ့ WiFi တွေကို မြင်ရပါမယ်။ အဲ့ဒီ WiFi
တစ်ခုကို ချိတ်ဆက်ဖို့ အရင်ဆုံး အောက်က WiFi
Icon ပုံလေးကို တစ်ချက်နှိပ်ပြီး ON လုပ်ပေးရပါမယ်။
On လုပ်လိုက်မှသာလျှင် ချိတ်ဆက်နိုင်မယ့် WiFi တွေကို
မြင်ရပြီး ကိုယ်ချိတ်ဆက်တဲ့တစ်ခုကိုရွေးချိတ်နိုင်ပါတယ်။
FB ပေါ်မှာ မေးထားကြတဲ့သူတွေကို တွေ့ပါတယ်။
WiFi က အဖွင့်၊အပိတ်လုပ်လို့မရဘူးဖြစ်နေတယ်လို့
မေးထားကြပါတယ်။ တကယ်တော့ WiFi Icon ကို
OFF လုပ်ထားလို့ပါ။ တစ်ချို့ဖြေထားကြတာလည်း
တွေ့ပါတယ်။ Airplane Mode ကို ON ထားရမယ်တဲ့။
မဟုတ်ဘူးနော်။ Airplane Mode ကို On တယ်ဆိုတာက
မည်သည့် Network မှ ဝင်မလာအောင် ပိတ်လိုက်တဲ့
သဘောပါ။ Airplane Mode ကို OFF လုပ်ထားရမယ်။
အဲ့ဒီ Airplane Mode ကို On လုပ်လိုက်ရင် အကုန်လုံးကို
ပိတ်လိုက်တာဖြစ်လို့ မည်သည့် Network မှ ပေါ်လာမှာ
မဟုတ်ပါဘူး။ အဲ့ဒါကြောင့် Airplane Mode ကို OFF လုပ်
ထားပြီး WiFi ကို ON လုပ်လိုက်မှသာလျှင် ချိတ်ဆက်နိုင်
သော သူတော်ကောင်းအပေါင်း WiFi များကို မြင်တွေ့ရပါမယ်။
အဲ့ဒီမှာ ချိတ်ဆက်ချင်တဲ့ WiFi ကို Click တစ်ချက်နှိပ်ပြီး
Connect ကို နှိပ်လိုက်ရင် ချိတ်ဆက်လို့ရပါပြီ။

2. No Internet Access ဖြစ်နေခြင်းပြဿနာ

အင်တာနက်ချိတ်လိုက်တဲ့အချိန်မှာ No Internet Access
ပြဿနာဖြေရှင်းနည်းကလည်း အပေါ်က နံပါတ်နှစ်အတိုင်း
လုပ်ကြည့်ပြီး ဖြေရှင်းနိုင်သလို အောက်ပါအချက်များဖြင့်လည်း
ဖြေရှင်းနိုင်ပါတယ်။ အရင်ဦးဆုံး ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာကို
စဉ်းစားရပါမယ်။ WiFi လွှင့်ထားတာကို သူများစက်ကျတော့
ချိတ်လို့ရနေပြီး ကိုယ့်စက်ကျမှ ချိတ်လို့မရ၊ချိတ်လိုက်တိုင်း
No Internet Access ဆိုတာကြီးဖြစ်နေတတ်ပါတယ်။
ထို့ကြောင့် ကိုယ့်ကွန်ပျူတာက IP လိပ်စာ အသေပေးထား၊
မပေးထား အရင်စစ်ကြည့်ရပါမယ်။ Windows Logo + R ကို
တစ်ပြိုင်တည်းတွဲနှိပ်ပြီး Run Box မှာ ncpa.cpl ကိုရိုက်ထည့်ပါ။
သို့မဟုတ် ကွန်ပျူတာ Task Bar ပေါ်က Network, WiFi အပေါ်ကို
Right Click နှိပ်ပြီး Open Network & Internet Settings\Change
Adapter Options ထဲကိုဝင်သွားလိုက်ပါ။

Control Panel\All Control Panel Items\Network Connections
အတိုင်းဝင်သွားရင်ရလည်းရတယ်။ အခု မိမိစက်မှာဖြစ်နေတာက
Network Cable နဲ့လား၊ WiFi နဲ့လား တစ်ခုကိုရွေးပြီး Right Click နှိပ်၊
အောက်ဆုံးက Properties ကို နှိပ်ဝင်လိုက်ပြီး (TCP/IPv4) ကို
Click နှိပ်ချက်နှိပ်ဝင်လိုက်ပါ။ Use The Following IP အောက်မှာ
IP တွေပေးထားတယ်ဆိုရင် အပေါ်က Obtain an IP ကို အမှန်ခြစ်
ပေးပြီး OK နှိပ်ပေးလိုက်ပါ။ DHCP Server ကပေးတဲ့ IP ကို ယူသုံးဖို့တော့
ပြင်ဆင်ပြီးသွားပြီ။ အဲ့ဒီ IP ကိုယ့်စက်ထဲကို မရောက်နိုင်တာ၊
မမှန်နိုင်တာတွေလည်းဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် Cmd လို့
Windows Search box မှာ ရိုက်ရှာပါ။ အမဲရောင် Command
Promtp ဆိုတာကိုတွေ့ရင် Right Click နှိပ်ပြီး Run as Admin ကို
နှိပ်ပြီး အောက်ပါ Command တွေကို တစ်ခုပြီး တစ်ခုရိုက်ထည့်
ကြည့်ပါ။

netsh winsock reset
netsh int ip reset
ipconfig /release
ipconfig /renew
ipconfig /flushdns

Windows All Settings\Network & Internet ထဲကိုဝင်သွားပြီး
အောက်ဆုံးက Network Reset ဆိုတာကို နှိပ်ဝင်ပြီး Reset Now ကို
နှိပ်လိုက်ရင်လည်းရပါတယ်။ အကုန်လုံးပြီးသွားရင် ပြန်ချိတ်ကြည့်ပါ။

3. အနီရောင်ကြက်ခြေခတ်(Red Cross)ပြဿနာ

အနီရောင်ကြက်ခြေခတ်(Red Cross)ပြဿနာဖြစ်နေခြင်း၊ မည်သည့်
Network မပေါ်လာခြင်းကတော့ Network Cable ကြိုးနဲ့ WiFi ကို
အလည့်ကျ အသုံးပြုတဲ့သူတွေ အဖြစ်များပါတယ်။ ကြိုးနဲ့သုံးတဲ့
အချိန် WiFi ကို OFF, Disable လုပ်ထားမိလို့ WiFi နဲ့ပြန်သုံးတဲ့
အချိန် အနီရောင်ကြက်ခြေခတ်ဖြစ်နေနိုင်သလို WiFi နဲ့သုံးတဲ့အချိန်
ကြိုး Network ကို Disable လုပ်ထားမိလို့ Cable Network ကို
ပြန်ချိတ်တဲ့အချိန် အနီရောင်ကြက်ခြေခတ် ဖြစ်နေတတ်ပါတယ်။
Control Panel\All Control Panel Items\Network Connections
ထဲကို ဝင်သွားပြီး အခုချိတ်ဆက်ချင်တဲ့ WiFi,Network Cable တွေမှာ
တစ်ခုခုက မိန်မိန်အရောင်လေးနဲ့ Disable ဖြစ်နေတယ်ဆိုရင် အဲ့ဒီ
Disable ဖြစ်နေတာတစ်ခုကို Right Click နှိပ်ပြီး Enable ကိုနှိပ်ပါ။
Enable လုပ်တာတောင်မရသေးဘူးဆိုရင် WiFi,Network Driver ကို
Uninstall လုပ်ပြီး ကိုယ့်စက်မော်ဒယ်နဲ့လိုက်ရှာဒေါင်းပြီး ပြန်ထည့်ပါ။
Network ပြဿနာအားလုံးနီးပါးကို Network Driver ဖြုတ်၊ပြန်တပ်၊
Update ဖြစ်တာ Install ပြန်လုပ်ခြင်းအားဖြင့် 100 % ကောင်းနိုင်ပါတယ်။
ကြိုးနဲ့သုံးတယ်ဆိုရင် ကွန်ပျူတာမှာထိုးထားတာမိ၊မမိစစ်ကြည့်ရမယ်။
ဒါပေမယ့် Administrator က Registry Editor, Group Policy ကနေ
ပိတ်ထားရင်တော့ အင်တာနက်သုံးခွင့်ရရှိမှာမဟုတ်ပါဘူး။ မိမိစက်
Domain နဲ့အသုံးပြုနေသူတွေအနေဖြင့် Server ကနေ ပိတ်ထားရင်
လည်း အင်တာနက်အသုံးခွင့်မရနိုင်ပါဘူး။
Crd # NetComplus

09/01/2023

Word 2016 မှာWatermarkအသုံးပြုနည်း

Want your school to be the top-listed School/college in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Naypyidaw
Naypyidaw