Win Business - Myittha

Win Business - Myittha

Share

Photos from Win Business - Myittha's post 03/12/2021

စပါးရွက်ညိုပြောက်ရောဂါ
BROWN LEAF SPOT
(က) ရောဂါဖြစ်စေသက်ရှိ - (Drechslera oryzae)

(ခ) ရောဂါလက္ခဏာ
ရောဂါလက္ခဏာကို အရွက်နှင့်စပါးစေ့အပေါ်တွင် အဓိကတွေ့ရှိရသော်လည်း စေ့ရွက်အောက်ထွက်စ၊ ရွက်ဖုံး၊ အနှံခက်များအပေါ်တွင်လည်း တွေ့နိုင်သည်။ အရွက်ပေါ်တွင် အစက်ငယ်မှ နှမ်းစေ့အရွယ်၊ တစ်ခါတစ်ရံ (၁)စင်တီမီတာ အရွယ်အထိရှိသော ဘဲဥပုံအညိုရောင်ပြောက်များ ညီညာစွာ ပျံ့ကြဲနေသည်။ အစက်အပြောက်များမှာ အစပိုင်းတွင် ခရမ်းရောင်၊ အညိုရောင်ရှိပြီး ကြီးလာသည်နှင့်အမျှ အညိုရောင်အနားရစ်နှင့် မီးခိုးရောင် ဗဟိုရှိသော ကွက်ပြောက်များ ဖြစ်လာသည်။ ထိုမှတစ်ဆင့် အရွက်ခြောက်သေသွားသည်။ အစေ့ခွံပေါ်တွင် အနက်ရောင် (သို့မဟုတ်) အညိုရင့်အစက်အပြောက်များတွေ့နိုင်သည်။ ၎င်းမှတဆင့် ဆန်စေ့ပေါ်အထိပင် အမဲပြောက်များ တွေ့နိုင်သည်။ အနှံခက်၏ အဆစ်များကြားတွင်လည်း အညိုရောင်ရောဂါကွက်ဖြစ်ပြီး စပါးစေ့အဆန်တည်ရှိမှု နည်းစေသည်။ အဆန်မအောင်ပဲ စပါးစေ့ရှုံလိမ်၍ အရောင်ပျက်စေသည်။ ရောဂါရ စပါးစေ့များကို ပြန်လည်စိုက်ပျိုးခြင်းဖြင့် ပျိုးပင်နာရောဂါ (Seeding Blight) ဖြစ်စေပြီး ပျက်စီးဆုံးရှုံးမှုများနိုင်သည်။

(ဂ) ဒေသအလိုက် ပျံနှံ့တည်ရှိမှု
စပါးစိုက်ဒေသတိုင်းတွင် တွေ့နိုင်သည်။ အထူးသဖြင့် အာဟာရချို့တဲ့သော မြေများတွင် တွေ့ရှိနိုင်သည်။

(ဃ) ရောဂါတိုးတက် ဖြစ်ပေါ်မှုကို အားပေးသော အခြေအနေ
မြေတွင် အာဟာရချို့တဲ့ခြင်းနှင့် နိုက်တြိုဂျင်ဓါတ် လွန်ကဲခြင်းတို့သည် ရွက်ညိုပြောက်ရောဂါကို တိုးတက်စေသည်။ ၎င်းပြင် ရေသွင်းရေထုတ်ညံ့ဖျင်းသော၊ ဓါတ်လျော့သည့်အခြေအနေလွန်ကဲသော မြေများတွင်လည်း ၎င်းရောဂါကို တွေ့နိုင်သည်။ စပါးပင်သည် မင်ဂနိ၊ ဆီလီကာ၊ ဖော့စဖရပ် ပိုတက်ဆီယမ်၊ နိုက်တြိုဂျင်စသောဓါတ်များ ချို့တဲ့ပါက ဤရောဂါပြင်းထန်စွာ ကျရောက်လေ့ရှိသည်။ အပုပ်လွန်သော လယ်များတွင် ဟိုက်ဒရိုဂျင်ဆာလဖိုက် ဓါတ်ငွေများ ထွက်လာခြင်းကြောင့် အပင်များသည် ဆီလီကာနှင့် ပိုတက်ဆီယမ်တို့ကို ပုံမှန်အတိုင်း မစုပ်ယူနိုင်သဖြင့် ရောဂါပို၍ ဖြစ်နိုင်သည်။ ရွက်ညိုပြောက်ရောဂါ လက္ခဏာသည် အပင်တွင် ပိုတက်ဆီယမ်ဓါတ် ချို့တဲ့၍ ဖြစ်ပေါ်လာသော ရွက်ပြောက်လက္ခဏာများနှင့် ဆင်တူသည်။ စွတ်စိုသောမြေထက် ခြောက်သွေ့သောမြေတွင် ရွက်ပြောက်အရေအတွက် ပိုမိုများပြားစွာ ဖြစ်ပေါ်သည်။ ရောဂါကူးစက်ရန် အကောင်းဆုံးအပူချိန်မှာ (၂၀ံ-၂၅ံ) စင်တီဂရိတ် ဖြစ်သည်။ တိမ်ထူပြီး မိုးအဆက်မပြတ်ရွာနေပါက မှိုကြီးထွားမှုအတွက် ကောင်းမွန်သောကြောင့် ရောဂါပြန့်ပွားမှုမြန်စေသည်။
(င) ရောဂါသံသရာ
ရောဂါဖြစ်သောမှိုသည် ရောဂါရအပင် အစိတ်အပိုင်းများတွင် (၂-၃) နှစ်အထိ ခိုအောင်းရှင်သန်နိုင်သည်။ မြေထဲတွင်လည်း (၂၈-၂၉)လအထိ ရှင်သန်နိုင်သည်။ ရောဂါရမျိုးစေ့များသည် ရောဂါအဓိကကူးစက်ပျံ့နှံ့စေသော အကြောင်းအရင်းဖြစ်သည်။ မြေကြီးအတွင်းရှိ မှိုမှတစ်ဆင့်လည်း ရောဂါကူးစက်စေနိုင်သည်။ ထပ်ဆင့်ရောဂါကူးစက်ခြင်းမှာမူ လေဖြင့်လွင့်ပါလာသော မှိုစပိုးများကြောင့်ဖြစ်သည်။

(စ) လက္ခံပင်များ
မြက်မျိုးစိတ်များ ၊ စပါးရိုင်းများ။

(ဆ) ကာကွယ်နှိမ်နှင်းနည်းများ
စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း
၁။ ရောဂါကင်းသော စိုက်ခင်းမှ မျိုးစေ့ကို ရွေးချယ်စိုက်ပါ။
၂။ ရောဂါကျ ပင်ကြွင်းပင်ကျန်များနှင့် အခြားပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။
၃။ ကျန်းမာသန်စွမ်းသော စပါးခင်းဖြစ်အောင် သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာ၊ အနည်းလို အာဟာရဓါတ်များကို အချိုးညီညီ သုံးစွဲပါ။ နိုင်တြိုဂျင် မြေသြဇာထည့်သော အကြိမ်တိုင်းတွင် ပိုတက်ရ်ှနှင့်တီစူပါကို တွဲထည့်ပါ။
၄။ ခံနိုင်ရှည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပါ။
၅။ ရောဂါကျစိုက်ခင်းကိုဖြတ်၍ ရေသွင်းရေထုတ် ပြုလုပ်ခြင်းကို ရှောင်ကြည်ပါ။
၆။ စပါးစိုက်မြေကို မြေဆီသြဇာ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေသွင်းရေထုတ်မှန်မှန်ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ခြင်း၊ သင့်တော်သော စိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပါ။

၇။ အောက်ပါဆေးများ ပက်ဖျန်းအသုံးပြုပါ။
(က) Propiconazole (ပီရိုပီကိုနာဇိုး)
(ခ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)
(ဂ) Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း + သိုင်ရမ်)
(ဃ) Chlorothalonil (ကလိုရိုသာလိုနေး)
(င) Carbendazim (ကာဗန်ဒါဇင်)

credit to origin

Photos from Win Business - Myittha's post 05/09/2021

Creative and Nature 😍😍

Photo Crd

Photos from Win Business - Myittha's post 01/08/2021

မြစ်သားမြို့တွင်း အောက်ဆီဂျင်အိုးများ မှာယူချင်ရင် ရပါပြီ -
Myittha Only ( Edited အမှာစာရင်း ပိတ်ပါပြီ။ )

15L - 280 000 ( Flowmeter ပါပြီးဈေး )
40L - 340 000 ( Flowmeter ပါပြီးဈေး )

မြစ်သားမြို့ပေါ် အရောက်ဈေး ဖြစ်ပါတယ် ၊

မှာယူဖို့ စိတ်ဝင်စားရင်တော့ အောက်ကအချက်လေးတွေ သေချာ ဖတ်ပြီးမှ မှာပေးပါ

- ပစ္စည်းက ၈ လပိုင်း ၂၀ ရက်နေ့ ရောက်ပါမယ် ၊
- ငွေကြိုပေးစရာ မလိုပါ ၊ ပစ္စည်ရမှ ငွေချေပါ ၊

- မှာထားပြီးရင် အမှာဖျက်ခြင်း❌ မရပါ၊ အဆင်မပြေပါ ၊
- တကယ်လိုမှ တကယ်ယူဖို့ အဆင်ပြေမှ မှာပေးပါ ၊
- ငွေကြိုမယူဘဲ ရှင်းပြီးယူထားပေးတာမလို့ မှာထားပြီးတာ မယူတာမျိုးက အဆင်မပြေလို့ပါ ၊

မှာချင်ပြီ ဆိုရင်တော့ -
အမည်
ဖုန်းနံပါတ်
လိပ်စာ
အပြည့်အစုံကို Page Messenger မှာ ဆက်သွယ်ပြီး မှာယူနိုင်ပါတယ် ၊

မှတ်ချက် - မြစ်သားမြို့‌ပေါ်အရောက်ဖြစ်ပြီး ၊ ရွာဘက်ဆိုရင်တော့ မြို့ပေါ် လာယူမှ အဆင်ပြေပါမယ် ။

23/06/2021

Malaria Chemo prophylaxis for Myanmar
In Burmese version
-------------------------------------------

မြန်မာနိုင်ငံအတွက်ငှက်ဖျားကာကွယ်ဆေးအညွန်း
CDC yellow book မှအညွန်းပါ
ကချင် ကယား ကရင် ရှမ်း တနင်္သာရီဒေသများအတွက်

Atovaquone-Proguinil (Maralone) တလုံး

• ခရီးမသွားခင်၂ရက် ကစပြီးတနေ့ တလုံး စသောက်ပါ ။ငှက်ဖျားဒေသတွင်ရနေထိုင်နေစဉ် တနေ့တလုံးနေ့တိုင်းသောက်ပါ ခရီးပြန်ရောက်ပြီး ရ ရက်အထိတနေ့တလုံး
ဆက်သောက်ပါ။

*** ကိုယ်ဝန်သည် နို့တိုက်မိခင် ကျောက်ကပ်ရောဂါသည်မသောက်ရပါ ***

Doxycycline 100mg

• ခရီးမသွားခင်၂ရက် ကစပြီး တနေ့ တလုံး စသောက်ပါ ။ငှက်ဖျားဒေသတွင်ရနေထိုင်နေစဉ် တနေ့တလုံးနေ့တိုင်းသောက်ပါ ။ ခရီးပြန်ရောက်ပြီး ၄ ပါတ်အထိတနေ့တလုံးဆက် သောက်ပါ

*** ကိုယ်ဝန်သည် နို့တိုက်မိခင် ခလေး ၈နှစ်အောက်မသောက်ရပါ ***

Tafenoquine 200mg

• ခရီးမသွားခင် ၃ ရက် ကစပြီး တနေ့ ၂လုံး (100 mg) စသောက်ပါ ။ငှက်ဖျားဒေသတွင်ရနေထိုင်နေစဉ်
တပါတ်၂ုလုံးအပါတ်စဉ်တိုင်းသောက်ပါ ။

• ခရီးပြန်ရောက်ပြီး ၁ပါတ် တွင် နောက်ဆုံး ၂ လုံးသောက်ပါ။

*** ကိုယ်ဝန်သည် G6PD deficiency မှာမသောက်ရပါ
အစာနှင့်သောက်ပါ***

ခြင်ကိုက်မခံရအောင်
အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ပါ။
ခြင်ထောင်နှင့်အိပ်ပါ။
အခြားကူးစက်ရောဂါများကာကွယ်ရန် ရေကိုကျိူချက်သောက်ပါ။

အားလုံးဘေးရန်ကင်းဝေးကြပါစေ။

Crd

Want your business to be the top-listed Business in Myittha?
Click here to claim your Sponsored Listing.

Telephone

Address

Myittha
05161

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00