Humanity Institute
24/06/2026
Business grant call introduction and products fair was held on last June 16 in Myitkyina. The call is for women led businesses and has been desdminated through Myitkyina Business Page (Facebook). The respective micro and small scale producers and enterprenurers have joined a one day event. The intention is to provide supports to emerging and potential local productions. Base on the assessment, the supports will be given for the most related areas such as technical, market, equippments and licensing processes. We throughly appreciate our participants, staff and partner for joining and supporting the event.
စီးပွားရေးလုပ်ငန်းဆိုင်ရာ ထောက်ပံ့ကြေးလျှောက်လွှာခေါ်ယူခြင်း မိတ်ဆက်ပွဲနှင့် ထုတ်ကုန်ပစ္စည်းပြပွဲ ကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့၌ ကျင်းပခဲ့ပါသည်။ ဤထောက်ပံ့ကြေးအစီအစဉ်သည် အမျိုးသမီးများ ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များကို Myitkyina Business Center (page) မှတစ်ဆင့် ဖြန့်ဝေအသိပေးထားပါသည်။
အဆိုပါ တစ်ရက်တာအစီအစဉ်သို့ သက်ဆိုင်ရာ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ယခုပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပေါ်ထွက်လာဆဲဖြစ်သော (သို့မဟုတ်) အလားအလာရှိသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန် ဖြစ်ပါသည်။
လုပ်ငန်းများအပေါ် ဆန်းစစ်ချက်များအပေါ် အခြေခံ၍ -နည်းပညာပိုင်းဆိုင်ရာ၊ဈေးကွက်ရရှိရေး၊ စက်ကိရိယာ ပံ့ပိုးမှုနှင့် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း လုပ်ငန်းစဉ်များ ကဲ့သို့သော အလိုအပ်ဆုံးနှင့် အကိုက်ညီဆုံး ကဏ္ဍရပ်များတွင် ထောက်ပံ့ကူညီမှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။
ဤပွဲသို့ တက်ရောက်ပေးကြသူများ၊ ဝန်ထမ်းများနှင့် ပံ့ပိုးကူညီပေးခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
22/06/2026
In the last week of May, community members/leaders from target areas, some civil society organization and HI's staff have attained basic awareness training on community forestry through online for 3 days. Some community members joined via online and some came from remote areas. The training aim to help the participants to apply in their areas. We deeply thank to our participants, trainer, project team and our partner for supporting the training.
မေလနောက်ဆုံးပတ်တွင် ဦးတည်ဒေသမှဒေသခံလူထုကိုယ်စားလှယ်များ/ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့နှင့် HI ဝန်ထမ်းများသည် ၃ ရက်တာ လူထုအခြေပြုသစ်တောလုပ်ငန်း (Community Forestry) ဆိုင်ရာ အခြေခံအသိပညာပေးသင်တန်းကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။ အချို့သော ဒေသခံများသည် အွန်လိုင်းမှ တိုက်ရိုက်ပူးပေါင်းပါဝင်ခဲ့ကြပြီး အချို့မှာမူ ဝေးလံခေါင်သီသော ဒေသများမှ လာရောက်တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းသည် သင်တန်းသားများအနေဖြင့် မိမိတို့ဒေသများတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ သင်တန်းဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးခဲ့ကြသော သင်တန်းသားများ၊ သင်တန်းဆရာ၊ စီမံကိန်းအဖွဲ့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းတို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။
14/05/2026
Humanity Institute ၏ဘုတ်အဖွဲ.ဝင် ဟောင်း "Panghuk Duwa Lahpai Hkun Sa" ယနေ့နေ.လယ်ခန့်တွင်ခရစ်တော်၌အိပ် ပျော်သွားပါသဖြင့် Humanity Institute အနေဖြင့် မိသားစုနှင့်အတူလွန်စွာဝမ်းနည်းရပါသည်။ ဘုတ်အဖွဲ.ဝင်အနေဖြင့်တာဝန်ယူခဲ့စဥ်မိမိတို.အား လူထုအတွက်
လုပ်ငန်းများလုပ်ဆောင်နိုင်ရန် မြေနေရာအားအခမဲ့ ငှားရမ်းပေးကာရုံးအဖြစ် အသုံးပြုစေခြင်း၊ ငွေကြေးများထည့်ဝင်လှူဒါန်းပေးခြင်းများအပင်၊ စိတ်ခွန်အားပေးခြင်းများအတွက်လွန်စွာခွန်အားဖြစ်ခဲ့ရပါသည်။ Duwa ၏ ဝိညာဉ်ကောင်း ကင်ဘုံ၌ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေလို့မိမိတို့ Humanity Institute မိသားစုများမှတောင်းဆုပြုအပ်ပါသည်။
14/05/2026
On Monday this week, both ALin Local Development Organization Leaders and HI met for exchanging organizational development experiences, learning, best practices and ways to develop. It was a fruitful learning meeting for both organizations.
လွန်ခဲ့သောတနင်္လာနေ့တွေ အလင်းဒေသဖွံ.ဖြိုးရေးအသင်းမှတာဝန်ရှိသူများနှင့် HIမှတာဝန်ရှိသူများအကြား အဖွဲ.အစည်းတိုးတက်မှုဆိုင်ရာအတွေ.အကြုံများ၊ သင်ယူမှုများ၊ ကောင်းမွန်သောအလေ့အထများနှင့် ပိုမိုတိုးတက်ကောင်းမွန်လာရန်နည်းလမ်းများအား အပြန်အလှန်မျှဝေခြင်းနှင့်ဖလှယ်ခြင်းကိုလုပ်ဆောင်ခဲ့ပါသည်။ မိမိတို့နှစ်ဖွဲ.အတွက်အကျိုးရှိသောသင်ယူမှုလုပ်ငန်းစဥ်ဖြစ်ခဲ့ပါသည်။
Click here to claim your Sponsored Listing.
Contact the organization
Telephone
Website
Address
1011