KM

KM

Share

Photos from KM's post 31/07/2020

VRV အဲကွန်းစက်တွေနဲ့ အိမ်သုံး
အပူအအေး ၂မျိုးသုံးအဲကွန်း(Heat Pump)
တွေမှာသုံးတဲ့ Four way valve ခေါ်
valveပါ။

‌ပိုက်သုံး‌ချောင်းရှိတဲ့ဘက်နဲ့
ပိုက်တချောင်းတည်းရှိတဲ့ ဘက်ဆိုပြီးပါပါတယ်။
တချောင်းတည်း ရှိတဲ့ဘက်က ကွန်ပရက်ဆာအထွက်
Discharge Pipe အတွက်ပါ။
သုံးချောင်းရှိတဲ့ဘက်မှာ အလည်ပိုက်က
ကွန်ပရက်ဆာအ၀င် Suction Pipeပါ။
ကျန်နှစ်ချောင်းမှာ တချောင်းက အပူကွိုင် ကိုသွားတဲ့ပိုက်ဖြစ်ပြီး၊ကျန်တချောင်းကတော့
အအေးကွိုင် Evaporator ကိုသွားတဲ့ပိုက်ပါ။

ကွန်ပရက်ဆာအထွက်
Discharge Pipeကလာတဲ့ဂက်စ်ကို
အအေးကွိုင်နဲ့အပူကွိုင် တလှည့်စီလိုတဲ့ဘက်ကို
ဦးတည်ရာပြောင်းပေးဖို့ လျှပ်စစ်သုံး
ဆိုလိုနွိုက် ကွိုင် Selonoid တခုပါပါတယ်။
ပုံမှန် အခန်းထဲအအေးလိုချိန်မှာဆို တချောင်းတည်းဘက်က ၀င်လာတဲ့
Discharge gasက အပူကွိုင်ဆီသွားပါတယ်။

အခန်းထဲအပူလိုချိန်မှာဆိုရင်တော့
ရီမုတ်က Heat ခလုပ်နှိပ်လိုက်ရင်
အင်ဒိုးက Solenoid ကို
ဆစ်ဂနယ် Signal ကြိုးကတဆင့်လှမ်းဖွင့်ပြီး Discharge pipeကGasကို
အအေးကွိုင်သွားတဲ့ဘက်ဆီ ပြောင်းပြန်ချိန်းသွားပြီး
အအေးကွိုင်က အပူကွိုင်ဖြစ်သွားစေပါတယ်။

အဲဒီအတွက် ဆိုလိုနွိုက်ကို အလုပ်လုပ်စေဖို့
အင်ဒိုးနဲ့ အောက်ဒိုးကြား
ဆစ်ဂနယ်ကြိုးတချောင်း
ပိုပြီး တပ်ဆင်ထားလေ့ရှိပါတယ်။
Crd......

27/07/2020

⛔⛔ #အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းဘာကွာသလဲ? #ဘယ်ဟာကပိုကောင်းသလဲ?

🛑အင်ဗာတာဖြစ်စေရိုးရိုးဖြစ်စေ
အဲကွန်းတိုင်းက အခန်းထဲကအပူကို စုပ်ယူပြီး
အောက်ဒိုးယူနစ်ကနေ အပြင်ကို အပူစွန့်ထုတ်ပေးတာချင်းအတူတူပါ။

🛑ပါဝင်တဲ့အစိတ်အပိုင်းအတွေကလည်းတူသလို
အလုပ်လုပ်ပုံကလည်းအတူတူပါ။

🛑ဒါဆိုဘာက မတူတာလဲဆိုရင်
#အင်ဗာတာအဲကွန်းမှာတော့
ပါဝင်တဲ့အစိတ်အပိုင်းတွေထဲကမှ လျှပ်စစ်သုံးပြီးလည်ပတ်နေရတဲ့ အခန်းတွင်းအင်ဒိုးယူနစ်တွေထဲက
ပန်ကာမော်တာ၊အောက်ဒိုးယူနစ်တွေထဲက
ကွန်ပရက်ဆာမော်တာနဲ့ပန်ကာတွေရဲ့အလုပ်လုပ်တဲ့ အမြန်နှုန်းက အခန်းရဲ့အပူချိန်၊ရာသီဥတုနဲ့လူဦးရေလိုက်လို့ ပြောင်းလဲပြီး အတိုးအလျော့လုပ်လို့
အမြန်နှုန်းကို ကစားပေးနိုင်တာပါ။

🛑ရိုးရိုးအဲကွန်းကတော့
ပန်ကာမော်တာတွေနဲ့ကွန်ပရက်ဆာရဲ့လည်နှုန်းက
အခန်းထဲမှာအေးသည်ဖြစ်စေပူသည်ဖြစ်စေ
ချိန်ညှိထားတဲ့အပူချိန်ထိမအေးမချင်း
လူကချိန်ထားတဲ့အတိုင်းလည်ကတ်နှုန်း
မပြောင်းလဲပဲစက်ကပုံသေအမြင့်ဆုံး
အမြန်နှုန်းနဲ့အလုပ်လုပ်နေမှာပါ။
သတ်မှတ်အပူချိန်ရောက်ပြီဆိုရင်လုံးဝရပ်သွားပြီး
အခန်းရဲ့အပူချိန်က ပြန်တက်ပြီး သတ်မှတ်ချိန်ညှိထားတဲ့
အပူချိန်ကျော်တာနဲ့ ပြန်လည်ပါတယ်။
(ကွန်ပရက်ဆာက ခဏခဏ လည်လိုက်ရပ်လိုက်လုပ်ရင်
သက်တမ်းတိုနိုင်ပါတယ်၊ စမောင်းမောင်းချင်းမှာ
လျှပ်စစ်ဆွဲအားကိုများလို့ အကြိမ်ရေများများလည်လိုက်ရပ်လိုက်ဖြစ်လေ
လျှပ်စစ်စွမ်းအင်ပိုကုန်လေပါ)

🛑အင်ဗာတာတွေမှာကတော့အခန်းထဲမှာ
ပူနေရင် ကွန်ပရက်ဆာနဲ့ပန်ကာတွေကို
မြန်မြန်လည်ပြီး အခန်းကိုသတ်မှတ်ထားတဲ့
အပူချိန်အနေအထားထိအေးစေဖို့
မြန်မြန်အလုပ်လုပ်ပေးမှာပါ ။
အေးမြသွားရင်တော့ လည်နှုန်းကိုလျော့ချပြီး
စွမ်းအင်ကိုချွေတာပေးပါလိမ့်မယ်။
(လျှပ်စစ်မော်တာတွေက သုံးစွဲတဲ့ဝန်အသေမှာဆိုရင်
လည်နှုန်းမြန်လေလေ လျှပ်စစ်စွမ်းအင်သုံးစွဲမှု
ပိုများလေလေပါ)

🛑အဲဒီလိုအခန်းမှာ
သတ်မှတ်အပူချိန်ရောက်ပြီဆိုတာနဲ့
အင်ဗာတာအဲကွန်းအများစုက ရိုးရိုးအဲကွန်းတွေမှာလို ကွန်ပရက်ဆာနဲ့ အောက်ဒိုးယူနစ်ကြီးတခုလုံးကို
လုံးဝရပ်တန့်ပစ်တာမျိုးမလုပ်ပဲ စက်ရပ်မပစ်ပဲ
အနိမ့်ဆုံးလည်ပတ်နှုန်းနဲ့ဆက်ပြီးတော့
လည်ပတ်နေစေပြီး လျှပ်စစ်ကိုချွေတာရင်း
အခန်းရဲ့အပူချိန်ကိုထိန်းပေးထားတဲ့အတွက်
ရံဖန်ရံခါ အပူများများထုတ်ဖို့ အခန်းကိုမြန်မြန်ပြန်အေးစေဖို့ လိုတဲ့အချိန်ကလွဲလို့
အမြဲတမ်းကြီး မြန်နှုန်းမြင့်မြင့်နဲ့လည်နေစရာမလိုပဲ
အခန်းကိုအေးနေအောင်
အငြိမ်ထိန်းထားနိုင်ပါတယ်။

⛔အဲဒီလိုမတူညီမှုတွေကနေ
သုံးစွဲသူတွေအတွက်ဘာတွေ
အားသာစေသလဲဆိုရင်တော့

♦️ရိုးရိုးအဲကွန်းတွေကစက်မောင်းနေတဲ့တလျှောက်
အခန်းကသတ်မှတ်ထားတဲ့အပူချိန်ထိမအေးမချင်း
ပုံသေနှုန်းနဲ့ လည်နေတဲ့အတွက် နာရီနဲ့အမျှ လျှပ်စစ်
ကပုံသေနှုန်းနဲ့ကုန်နေပြီး မီတာခတက်နေမှာပါ။

⛔ပြည်တွင်းမှာရောင်းချနေတဲ့
ရိုးရိုးအဲကွန်းတွေအများစုကတော့
9000BTU/hr (တကောင်စက်)
တနာရီမောင်းရင် စက်အများစု
မီတာယူနစ်အနေနဲ့( 0.9)ယူနစ်
(တယူနစ်နီးပါ) တက်ကြပါတယ်။
တချို့စက်အနည်းစုပဲ
တနာရီကို (0.7)ဝန်းကျင်လောက်သာတက်တာပါ။

⛔တနေ့ကို (၁၀) နာရီသုံးမယ်ဆိုရင်တော့
စက်အမျိုးအစားလိုက်လို့တနေ့ကို
လျှပ်စစ်ယူနစ် (၇) က ယူနစ်(၉) ကြား
ကုန်ကျပါလိမ့်မယ်။ တနှစ်ဆိုရင်တော့

✍🏻၉ ယူနစ် × ၃၆၅= ၃၂၈၅ယူနစ် ယူနစ်ကုန်ပါမယ်။♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

✍🏻မီတာခအနေနဲ့ ၃၂၈၅ × ၁၂၀= ၃၉၄၀၀၀ ကုန်ကျနိုင်ပါတယ်။
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

⛔အဲဒီအချိန်မှာ အင်ဗာတာအဲကွန်းကိုသုံးရင်တော့
တနေ့စာအတွက် ကွန်ပရက်ဆာနဲ့မော်တာတွေဟာ
အခန်းထဲမှာအေးနေချိန်
မလိုအပ်ရင်ဖြည်းဖြည်းပဲလည်လို့
လည်နှုန်းလျော့လေလေ လျှပ်စစ်စွမ်အင်ကုန်တာ
သက်သာလေလေပါ။အဲဒါကြောင့် စက်သံလည်းငြိမ်တဲ့အပြင် မီတာခလည်းသက်သာစေပါတယ်။

⛔ရိုးရိုးစက်နှင့်ယှဉ်ရင်စက်အမျိုးအစားလိုက်လို့ ၃၀%ကနေ ၅၀%ကျော်ထိသက်သာနိုင်ပါတယ်။

⛔အဲဒါကြောင့်တနှစ်ရဲ့မီတာခအနေနဲ့
တကောင်အားအဲကွန်း(9000Btu/hr)
အင်ဗာတာစက်အမျိုးအစားလိုက်လို့
စက်တလုံးအနေနဲ့တနှစ်ကို

ကျပ် 120000/- ဝန်းကျင်ကနေ
200000/- ဝန်းကျင်ထိသက်သာနိုင်ပါတယ်။

⛔အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းရဲ့
ဝယ်ရင်းစျေးက
တလုံးကို လက်ရှိပေါက်စျေးအရ
၁၀၀၀၀၀/- ဝန်းကျင်ပဲပိုကုန်လို့
တနေ့ ၁၀ နာရီနဲ့ တနှစ်ကျော်ကျော်
သုံးရင်ကို အတူတူကုန်ကျတာဖြစ်လို့
ရေရှည်မှာ အင်ဗာတာအဲကွန်းက
ငွေကြေးပိုချွေတာနိုင်မှာပါ။

⛔စက်ရဲ့သက်တမ်းကလည်း ရိုးရိုးစက်နဲ့ယှဉ်ရင်
အရပ်အပြုနည်းလို့ ပိုပြီးသက်တမ်းရှည်ပါလိမ့်မယ်။

⛔အဲကွန်းအလုံးရေအများကြီးသုံးတဲ့
အဆောက်အဦးတွေဆိုရင်တော့
အင်ဗာတာအဲကွန်းသုံးတဲ့ အဆောက်အဦးတွေက
အများကြီး ငွေကြေးချွေတာနိုင်မှာပါ။

♦️♦️အားသာချက်အားနည်းချက်အနေနဲ့♦️♦️

⛔အင်ဗာတာအဲကွန်းရဲ့စျေးနှုန်းက
ရိုးရိုးစက်နဲ့ယှဉ်ရင် ၁၀၀၀၀၀/- ဝန်းကျင်ပိုပါတယ်။

⛔အင်ဗာတာစက်က လျှပ်စစ်မီးမတည်ငြိမ်အတက်အကျများရင်ရိုးရိုးစက်လိုမဟုတ်မဟုတ်ပဲ လျပ်စစ်ပိုင်းဆိုင်ရာ
ဆားကစ်တွေ အခန့်မသင့်ရင်ပျက်စီးတတ်ပါတယ်ပါတယ်။
ဒါပေမယ့်ပုံမှန်အားဖြင့်တော့ ဗို့အားနည်းရင်ကို
ကောင်းကောင်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။

⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
အသံဆူညံမှုပိုနည်းလို့ အခန်းတွင်းမှာပိုပြီး
တိတ်ဆိတ် ငြိမ်သက်နေပါလိမ့်မယ်။အခန်းကို
အမြန်ဆုံးအေးမြစေပါလိမ့်မယ်။
အအေးနှုန်းတည်ငြိမ်စေပါလိမ့်မယ်။

⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
လည်အားကို အရမ်းမမြင့်စေပဲထိန်းချုပ်ပြီးထားလို့
လျှပ်စစ်သုံးစွဲမှု အများကြီးသက်သာတဲ့အတွက်
လစဉ်မီတာခတော့ ချွေတာနိုင်ပါလိမ့်မယ်။
(စက်အမျိုးအစားလိုက်လို့ လက်ရှိသုံးစွဲနေတဲ့
အဲကွန်းစာရင် မီတာခ ၅၀%ကျော်ထိသက်သာတဲ့
အင်ဗာတာအဲကွန်းအမျိုးအစားတွေကို
ရွေးချယ်ဝယ်ယူသင့်ပါတယ်)

⛔အင်ဗာတာအဲကွန်းဟာ
ဖုန်နဲ့အညစ်အကြေးထူထပ်ပီး၊ အင်းဆက်ပိုးတွေ များတဲ့နေရာဒေတွေမှာတပ်ဆင်သုံးစွဲရင်တော့ အောက်ဒိုးယူနစ်က လျှပ်စစ်ဆားကစ်တွေကို
ဒုက္ခပေးတတ်လို့ ထိန်းသိမ်းမှုစရိတ်ပိုကုန်ကျနိုင်ပါတယ်။

⛔အင်ဗာတာအဲကွန်းတွေရဲ့အပိုပစ္စည်းတွေဟာရိုးရိုးအဲကွန်းရဲ့အပိုပစ္စည်းတွေနဲ့ယှဉ်ရင်တော့
စျေးနည်းနည်းပိုကြီးနိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်
ပြုပြင်နိုင်သူတော့နည်းပါးနေပါသေးတယ်။
ပြုပြင်စရိတ်တော့ ပိုကုန်တာရှိနေပါသေးတယ်။
(အပိုပစ္စည်းတွေတော့အလွယ်တကူရရှိနေပါပြီ)

⛔လူတိုင်းအင်ဗာတာအဲကွန်းတွေသုံးရင်တော့
လျှပ်စစ်စွမ်းအင်ချွေတာနိုင်လို့ သဘာပတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းနိုင်သလို ပိုလျှံတဲ့လျှပ်စစ်ကို
တိုင်းပြည်အနေနဲ့အကျိုးရှိစွာသုံးစွဲနိုင်ပါမယ်။
(သုံးစွဲဖို့လည်းတိုက်တွန်းပါတယ်)

အင်ဗာတာအဲကွန်းကို စျေးမတတ်နိုင်လို့သုံးစွဲဖို့အဆင်မပြေသေးရင်တောင်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့စွမ်အင်ချွေတာဖို့
အင်ဗာတာမဟုတ်တဲ့ရိုးရိုးအဲကွန်းတွေထဲကမှ တချို့သော အင်ဗာတာအဲကွန်းနီးပါး လျှပ်စစ်သုံးစွဲမှု သက်သာတဲ့
ပြည်တွင်းမှာရောင်းချနေပြီဖြစ်တဲ့
အဲကွန်းအမျိုးအစားတွေကိုရွေးချယ်သုံးစွဲကြဖို့
တိုက်တွန်းပါတယ်။
(Hyper Institute)

15/07/2020

အခုချိန်မှာ အိမ်ထဲကနေ အိမ်အပြင် သိပ်မထွက်ကြတဲ့အခါ လျှပ်စစ်ဓါတ်အားခတွေပိုကုန်လာတာကလည်း ပြဿနာတစ်ခုပါ။ ဒါပေမဲ့ အဲကွန်းဆိုတဲ့အရာက မဖွင့်လို့လည်း မဖြစ်ပြန်တော့ အဲကွန်းလည်းသုံးရင်း မီတာခ သက်သာစေမဲ့ နည်းလေး (၆)ခုကို ပြောပြချင်ပါတယ်။

(၁) ညဖက်မှာ Air con ကို အရှိန်လျှော့ထားပါ။
lower mode (or) sleep mode လေးဖွင့်ထားပေးပါ။ ညဖက်ရောက်လေ အပူချိန် ကျလေဖြစ်တဲ့အတွက် မလိုအပ်ပဲAir con ဖွင့်ထားခြင်းရှောင်ပါ။

(၂) ရွှေ့ပြောင်းလို့ရတဲ့ Portable Air con /Air cooler တွေသုံးပါ။

(၃) လေအေးထွက်နိုင်တဲ့အပေါက်တွေပိတ်ထားပါ။
တံခါးပေါက်တွေ ဖွင့်ထားရင်အချိန်တော်တော်ကြာအခန်းအပူချိန်မကျတော့ပဲ Air con ကိုလည်းကြာကြာဖွင့်ထားရတာကြောင့် မလိုအပ်ပဲ စွမ်းအင်ဖြုန်းတီးရာရောက်ပါတယ်။

(၄) ပုံမှန် Servicing လုပ်ပါ။
ဖုန်၊ ဝါယာကြိုး၊ ကွိုင် ၊လေစစ်ဇကာတွေကို စစ်ဆေးပေးပါ။ ပုံမှန်စစ်ဆေးခြင်းက သင့် Air con စွမ်းဆောင်ရည်ကောင်းပြီးစွမ်းအင်ကို ပိုချွေတာနိုင်မှာပါ။

(၅) 24C လောက်က အခန်းအေးဖို့ အကောင်းဆုံးအနေအထားပါ များလည်းမများသလို ၊အရမ်းကြီးလည်းမနည်းပါဘူး။ ပုံမှန်အနေအထားနဲ့လည်ပတ်နေတဲ့အတွက် စွမ်းအင် အသုံးပြုမှုကလည်း ပုံမှန်ပါပဲ။

(၆) မီးအလင်းရောင် နှင့် နေထိုးနေတဲ့ ပြတင်းပေါက်တွေ ကိုပိတ်ထားပါ။
အပူချိန်တွေများတော့ Air con outdoor က အချိန်ကြာကြာပိုမောင်းရပါတယ်။ အလင်း နဲ့ အပူက အအေးဓာတ်ကို လျော့ပါးစေပါတယ်။

အခုလို အချိန်က အစစအရာရာ ချွေတာနိုင်လေကောင်းလေပဲမို့ မိတ်ဆွေတို့အတွက် တကယ်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ Air Con နဲ့ ပတ်သက်ပြီး ဗဟုသုတရစေမဲ့ ဆောင်းပါးလေးတွေကို အမြဲတမ်းမျှဝေပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ page လေးကိုလည်း like & follow လုပ်ထားပါဦးနော်။

#လက်ကိုမကြာခဏဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောပါ
#လူစုလူဝေးကိုရှောင်ကျဉ်ပြီးတက်နိုင်သမျှအိမ်ထဲမှာပဲနေထိုင်ပါ

Want your business to be the top-listed Contractor in Myitkyina?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Myitkyina