MCTi Computer Training Center
29/06/2025
လက်ပ်တော့ပ်ကို ကြာရှည်ခံအောင် ထိန်းသိမ်းအသုံးပြုနည်း (Laptop Maintenance Tips )
လက်ပ်တော့ပ်ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ဖို့ အောက်ပါအချက်တွေကို ဂရုပြုပါ။
၁။ ဘက်ထရီထိန်းသိမ်းခြင်း
- Overcharging ရှောင်ပါ – ၁၀၀% အပြည့်အားသွင်းပြီးရင် Charger ဖြုတ်ပါ။
- ဘက်ထရီ 20-80% Rule– ဘက်ထရီကို 20% အောက်မကျစေဘဲ 80% အထိပဲ အားသွင်းပါ။
- အပူများလွန်းခြင်းကိုရှောင်ပါ – လက်ပ်တော့ပ်အပူလွန်ကဲပါက အားသွင်းတာကိုခဏရပ်ပါ။
၂။ အပူထိန်းချုပ်ခြင်း
- လေဝင်လေထွက်ကောင်းအောင်ထားပါ– Laptop ကို ချည်ထူသောအိပ်ရာ၊ ခေါင်းအုံးပေါ်တင်အသုံးမပြုပါနှင့်။
- ဖုန်မှုန့်သန့်ရှင်းရေး– ပုံမှန် (၃-၆ လတစ်ကြိမ်) ဖုန်သုတ်ပါ၊
၃။ သိုလှောင်သန့်ရှင်းခြင်း
- စိုထိုင်းဆနည်းသောနေရာတွင်ထားပါ – ရေနှင့်စိုစွတ်မှုမှ ဝေးဝေးထားပါ။
- အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးဝေးထားပါ– အမွှေးအမျှင်များက Laptop အတွင်းပိုင်းကို ပျက်စီးစေနိုင်သည်။
၄။ Software ထိန်းသိမ်းခြင်း
-OS & Driver Update– Windows/macOS နှင့် Driver များကို Update လုပ်ပါ။
-Virus Protection– Antivirus (ဥပမာ Windows Defender, Avast) တပ်ဆင်ပါ။
-Unused Files ဖယ်ရှားခြင်း– Disk Cleanup/Temp Files များကို ပုံမှန်ဖျက်ပါ။
၅။ Hardware ဂရုစိုက်ခြင်း
- ဖိအားများသောအသုံးပြုမှုရှောင်ပါ
– Keyboard ကို အလွန်အမင်းအားစိုက်နှိပ်ခြင်း၊ Screen ကိုဖိခြင်းမျိုးရှောင်ပါ။
- သန့်ရှင်းရေး– Microfiber Cloth ဖြင့် Screen/Keyboard ကိုသန့်ရှင်းပါ။
၆။ အားသွင်းခြင်းနှင့်သိမ်းဆည်းခြင်း
- အားသွင်းနေစဉ် အသုံးပြုခြင်းကိုလျှော့ပါ – အထူးသဖြင့် Gaming/Video Editing လုပ်နေစဉ် Charging တွဲမသုံးပါနှင့်။
- ရက်ရှည်မသုံးပါက 50% Charge ထားပါ
– လက်ပ်တော့ပ်ကို လပေါင်းများစွာမသုံးပါက Battery 50% အနေအထားဖြင့်သိမ်းပါ။
ဒီနည်းလမ်းတွေကို လိုက်နာပါက Laptop ကို ၃-၅ နှစ်အထိ ပြဿနာကင်းကင်းး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 🚀
18/06/2025
ကိုယ်လက်ရှိအသုံးပြုနေတဲ့ mouse ကိုဝယ်တုန်းကအသစ်ပုံစံလေးအတိုင်း ဖြစ်ချင်လား???
ဒီလိုဖြစ်ဖို့ဆိုရင် သန့်ရှင်းရေးလေးပုံမှန် လုပ်ပေးဖို့လိုမယ်နော။
⚠️❌🚫သန့်ရှင်းလုပ်တဲ့အခါမှာ လူတော်တော်များများမှားတတ်တဲ့အမှားက mouse တစ်ခုလုံးကို ရေတွေတိုက်ရိုက်နဲ့ ဖျန်းလိုက် နှစ်လိုက်တာမျိုး၊အရက်ပျံလောင်းချလိုက်တာမျိုး သန့်ရှင်းရေးလုပ်ပြီး မခြောက်ခင် အသုံးပြုတာမျိုးတွေ လုပ်တတ်ကြပါတယ်။
🖱️အသစ်အတိုင်းဖြစ်အောင်မောက်စ် (Mouse) ကို သန့်ရှင်းရေးလုပ်နည်းကို အဆင့်ဆင့်ရှင်းပြပေးပါမယ်။
အဆင့် (၁)
✅မောက်စ်ကို ကွန်ပျူတာမှ ဖြုတ်ပါ (သို့) Wireless Mouse ဆိုပါက Battery ထုတ်ပါ။
အဆင့် (၂) -
✅. ခြောက်သွေ့သော အဝတ်စဖြင့် မောက်စ်ကို အရင်သုတ်ပါ။
✅အရက်ပြန်အနည်းငယ်စွတ်ထားသော ဂွမ်းစဖြင့် မောက်စ်ကို သုတ်ပါ။
✅နောက်တစ်ကြိမ် ခြောက်သွေ့သော အဝတ်စဖြင့် သုတ်ပါ။
အဆင့် (၃) -
✅Scroll Wheel အောက်မှ ဖုန်တွေကက်တက်လို့ သွားတိုက်တံ (သို့) စုတ်တံဖြင့် ညင်သာစွာ ခြစ်ထုတ်ပါ။
✅ ခလုတ်များ (Left/Right Click) ကြားထဲက အညစ်အကြေးများကို အရက်ပြန်တို့ထားသော ဂွမ်းစဖြင့် သန့်ပါ။
အဆင့် (၄) -
✅မောက်စ်၏အောက်ခြေ (Laser/Optical Sensor) ကို ခြောက်သွေ့သော ဂွမ်းစဖြင့် ညင်ညင်သာသာ သုတ်ပါ။
✅ ဖုန်များ ကပ်နေပါက အရက်ပြန် အနည်းငယ်သုံး၍ သန့်ပါ။
အဆင့် (၅) -
✅ သန့်ရှင်းပြီးနောက် မိနစ် ၂၀ ခန့် လေသလပ်ခံထားပါ။
✅ပါဝါပြန်ဖွင့် (သို့) Battery ပြန်ထည့် အသုံးပြုနိုင်ပါပြီ။
15/06/2025
လက်ရှိမိမိအခြေအနေ🥴🥴
21/05/2025
ကိုယ့်ကိုယ်ကိုယ်ထင်ထားတဲ့အတိုင်းဖြစ်လာပါတယ်။
လူတွေတော်တော်များများရဲ့ ပြုမူပုံ၊ တုံ့ပြန်ပုံတွေက တစ်ခါတစ်လေကျရင် တော်တော်လေး ပဟေဠိဆန်လှပါတယ်။ သို့ပေမဲ့ ကြည့်လိုက်ရင်တော့ သိသိသာသာမြင်ရပါလိမ့်မယ်။
ဈေးဝယ်တဲ့အခါ အရောင်းသမားတစ်ယောက်ကနေ ဝယ်သူတစ်ယောက်ကို မြင်တာနဲ့ လေးလေးစားစားနဲ့ ကြိုဆိုပြီး "ဟုတ်ကဲ့ပါခင်ဗျား/ရှင့်၊ကျွန်တော်/ကျွန်မ ဘာများဆောင်ရွက်ပေးရမလဲ "လို့မေးတာတွေ့ဖူးမှာပါ။ သို့ပေမဲ့ အဲဒီလူကပဲ နောက်တစ်ယောက်ကိုကျတော့ မသိသလို လုပ်နေတာ ဘာကြောင့်လို့ထင်ပါသလဲ??
တစ်ခါတစ်လေကျပြန်တော့လည်း တံခါးကနေဝင်လာတဲ့ အမျိုးသမီးတစ်ယောက်ကို ကြိုဆိုတံခါးဖွင့်ပေးတဲ့အမျိုးသားဝန်ထမ်းတစ်ယောက်က နောက်အမျိုးသမီးတစ်ယောက်ကိုကျတော့ အဲသလို လုပ်မပေးပြန်ဘူး။
တစ်ခါဝန်ထမ်းတစ်ယောက်က သူ့အထက်က လူကြီးတစ်ယောက်ခိုင်းလိုက်တာကို လေးလေးစားစားလိုက်လုပ်ပေးပြီး နောက်လူကြီးတစ်ယောက်ခိုင်းတာကျတော့ စိတ်မပါတစ်ပါနဲ့လုပ်ပေးတယ်။ အဲဒီတော့ လူတွေဟာ လူတစ်ယောက်ယောက် က ပြောတာကိုကျတော့ အလေးပေးနားထောင်ပြီး နောက်တစ်ယောက် ကိုကျတော့ အလေးမထားတာဟာ ဘာကြောင့်ပါလဲ???
မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ ကြည့်ကြည့်ပါ။ တချို့လူတွေကို ပတ်ဝန်းကျင်က ဆက်ဆံခေါ်ပြောကြတဲ့အခါ "ဟေ့ကောင်ရေ" "ဟဲ့"စသဖြင့် သူလိုငါလို ထူးမခြားနားပုံစံမျိုး နဲ့သုံးစွဲပြောဆိုကြပေမဲ့ တချို့လူတွေကျတော့ လေးလေးစားစားနဲ့အရေးပေးတာခံရပြီး တုံပြန်ကြတာ ကြုံဖူးကြပါလိမ့်မယ်။
မိတ်ဆွေတို့ အသေအချာလေ့လာကြည့်လိုက်ပါ။ တချို့လူတွေက သူတို့ကိုကြည့်လိုက်တာနဲ့ ယုံကြည်အားကိုးချင်စိတ်၊ သစ္စာခံယူချင်စိတ်၊ ချစ်ခင်လေးစားစိတ်တွေ တစ်ဖွားဖွားပေါ်လာတာမျိုးတွေ့ရပါလိမ်မယ်။ တချို့လူတွေကြအဲသလိုစိတ်မျိုးတွေပေါ်မလာတတ်ကြပါဘူး။ အဲဒါဘာကြောင့်ပါလဲ?
စကားလေးတစ်ခွန်းနဲ့ချုံ့ပြောရရင် တွေးခေါ်ပုံကြောင့်ပါ။တွေးတတ်တာဟာ အဲသလောက်အကျိုးကျေးဇူးကြီးလှပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပြန်မြင်တဲ့အတိုင်း သူများတွေက ကိုယ့်ကိုမြင်ကြတာပါပဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ထိုက်တန်တယ်ထင်တဲ့ ပြုမူဆက်ဆံပုံမျိုးကိုပဲ ရကြတာပါပဲ။
လူတစ်ယောက်ဟာ သူ့မှာဘယ်လောက်ပဲအရည်အချင်းရှိရှိ သူ့ကိုယ်သူ နုံနဲ့လှတယ်။ အဆင့်နိမ့်လှပါတယ်လို့ တွေးတတ်ထင်တတ်သူမျိုးဟာ နုံနဲ့နေ၊ အဆင့်နိမ့်နေမှာ အမှန်ပါပဲ။ အတွေးကနေ စေစားလိုက်တော့မှ အလုပ်ရယ်လို့ ဖြစ်လာတာပါ။
လူတစ်ယောက်က ကိုယ့်ဘာသာကိုယ် ငါ့အရည်အချင်းမပြည့်မှီပါဘူးလို့ ခံစားနေရရင်သူကသူခံစားရတဲ့အတိုင်း လုပ်မှာပါပဲ။ ကိုယ်ဘယ်လောက်ပဲ ဟန်ဆောင်ပန်ဆောင်လုပ်နေနေ အဲသလို စိတ်ထဲမှာခံစားနေရတာကို ကြာရှည်ဖုံးကွယ်ထားလို့မရပါဘူး။ကိုယ့်ကိုယ်ကိုယ်မှ အရေးပါတဲ့လူလို့ ထင်မထားလေတော့ အဲဒီလူလည်း ဘယ်တော့မှ အရေးပါတော့မှာ မဟုတ်ပါဘူး။အဲဒါနဲ့ ဆန့်ကျင်ဘက် ပြောရရင် တော့ ကိုယ့်ကိုယ်ကိုယ် ထိုက်ထိုက်တန်တန် လူတစ်ယောက် လို့ ထင်ထားတဲ့သူတစ်ယောက်ကအဲဒီအတိုင်းဖြစ်လာတာပါပဲ။
အဲ့ဒါကြောင့် အရေးပါတဲ့နေရာကို ရောက်ချင်ရင် ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ် အရေးပါတဲ့သူလို့ တွေးရပါမယ်။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် အဲ့သလိုတွေးမှ သူများကလည်းအဲဒီအတိုင်းတွေးပါလိမ့်မယ်။
မြင့်မြင့်တွေး မြင့်မြင့်ကြံစာအုပ်မှ
#ကွန်ပျူတာအခြေခံသင်တန်း #မျှဝေခြင်း #စာဖတ်ခြင်း #စာဖတ်ခြင်းဖြင့်စိတ်အားမြှင့်တင်ပါ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Myitkyina
1011