A Clean Sheet
08/01/2026
ချစ်ခြင်းမေတ္တာကို ရရှိခံစားဖူးလို့
ငရဲသွားရကြေးဆို .....
တစ်ကြိမ်တစ်ခါတော့ ငရဲကျခံဖူးချင်ပါရဲ့။
" A Clean Sheet "
မင်းရဲ့အပြုံးတွေ ဆိတ်သုန်းသွားချိန်
ကိုယ့်ရဲ့ ကမ္ဘာလည်း ပြိုပျက်ကုန်တာပဲ
" A Clean Sheet "
ရည်းစားလေး ဘာလေး ထားကြပါ။
နောင်တစ်ချိန်မှာ
EX မကောင်းကြောင်းလေး ပြောလို့ရတာပေါ့။
13/07/2025
ဖမ်းဆုပ်ထားရတာပဲ ဖြစ်ဖြစ်
ဆုပ်ကိုင်ထားရတာပဲ ဖြစ်ဖြစ်
ညီမျှခြင်းမရှိလို့ ပင်ပန်းပါတယ်။
"A Clean Sheet "
ဘဝက မိုးတိမ်လိုပဲ
အေးချမ်းပါစေဆိုပြီး ရွာချလိုက်ရင်တောင်
သည်းလိုက်တဲ့မိုးဆိုပြီး : 3ခံရတာမျိုး
ခွင့်လွတ်သင့်တဲ့သူတွေကို ခွင့်လွတ်
စွန့်လွတ်သင့်တဲ့အရာတွေကို စွန့်လွတ်
ထို့နောက် စိတ်က အေးချမ်း 🌨🌨🌨
" A Clean Sheet "
01/04/2025
🖤
ကြိုးစားရုန်းကန်နေရချိန်မှာ
ကိုယ့်အနားကနေ ထွက်ခွာသွားပေမယ့်
အပြစ်မမြင်ပါဘူး။
ဘဝဆိုတာ တစ်ယောက်ထဲရုန်းကန်ဖို့
မွေးဖွားလာတာပဲလေ 🙂
" A Clean Sheet "
လိုသုံး အဖြစ် အသုံးတော်ခံခဲ့တာက
အ လို့မဟုတ်ဘူး။
အသုံးချသွားတဲ့သူက
မင်း ဖြစ်နေခဲ့လို့ပါ။
" A Clean Sheet "
အဆင်မပြေတဲ့အချိန်ဆိုတာ
လူတွေရဲ့ စိတ်ရင်းကို မြင်တွေ့ခွင့်ရဖို့
အကောင်းဆုံး အချိန်ပါပဲ။
" A Clean Sheet "
Click here to claim your Sponsored Listing.