Coach Hazel- Business Expert

Coach Hazel- Business Expert

Share

03/11/2025

ငွေ မရှိဘဲ အိုမင်း မဲ့
အချိန် ကို ရောက် လာမှာ ကြောက် မိတယ်

ငွေမစုဘဲ အိုမင်းမသွားပါနဲ့

ဘာကြောင့်လဲဆိုတော့...
ဆင်းရဲဒုက္ခဟာ
ကျွန်တော်တို့ပြန်စဖို့
အားမရှိတော့တဲ့အချိန်မှာ
ပိုပြီးနာကျင်စေလို့ပါ။

၁။ ငွေမရှိရင်..
သေးသေးမွှားမွှားဖြစ်ဖြစ်
သက်သောင့်သက်သာနဲ့
ရွေးချယ်ခွင့်မရှိဘူး။

အရသာရှိတာစားချင်ရင်
တွက်ချက်ရမယ်
အနားယူချင်ရင် စောင့်ဆိုင်းရမယ်။

တိတ်ဆိတ်စွာနေချင်ပေမယ့်
သူများအသံတွေကိုသည်းခံနေရမယ်။

၂။ ငွေမရှိရင်..
ကိုယ့်စကားလုံးတွေတောင်
အလေးမထားဘူး။

သားသမီးကို
ကြီးပြင်းအောင်မွေးခဲ့ပေမယ့်
တစ်နေ့မှာတော့..
ဘာမှမရှိတဲ့သူရဲ့စကားဟာ
အိမ်ထဲက
အသံတိုးတိုးလေး ပဲ ဖြစ်နေမယ်။

၃။ ငွေမရှိရင် နာမကျန်းတဲ့အခါ၊
အားငယ်တဲ့အခါ၊
အားနည်းတဲ့အခါ ကာကွယ်စရာမရှိဘူး။

ဆရာဝန်ဖိုး၊ဆေးဖိုး၊
ဆေးရုံသွားစရိတ် ဒါတွေက
သက်ကြီးရွယ်အိုတွေကို
ညှာတာလေ့မရှိဘူး။

လက်တွေ့ဘဝက
ပုံပြင်ထဲကလို
အမြဲကူညီမယ်သူရှိတာမျိုးမဟုတ်ဘူး။

၄။ ငွေမရှိရင်
သေချင်သလို*သေဖို့တောင်
ဂုဏ်သိက္ခာမရှိဘူး။

မနေချင်တဲ့နေရာမှာ နေရမယ်
မစားချင်တဲ့အရာကို စားရမယ်
မတောင်းချင်တာကို တောင်းနေရမယ်

၅။ ငွေမရှိရင်
ဘဝနောက်ဆုံးအချိန်မှာ
ပျော်ရွှင်မှုမရှိဘူး။

တစ်ဘဝလုံး အလုပ်ကြိုးစားခဲ့တာ၊
အရာရာသည်းခံခဲ့တာ
နောက်ဆုံးမှာတော့
အိုမင်းသွားတဲ့အချိန်နဲ့အတူ
တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ
နေရုံပါပဲ။

မူရင်းရေးသားသူအားလေးစာလျှက်
ပြန်လည်မျှဝေပါသည်

02/10/2024

မျက်ရည်လွယ်တဲ့ သူတွေဟာ နှလုံးသား နုတယ်လို့
ကျွန်တော် စာတစ်စောင် မှာ ဖတ်ဖူးတယ်။

တစ်ချိန်က ကျွန်တော်လည်း မျက်ရည် လွယ်ခဲ့ပါတယ်။

👌 ဝမ်းနည်း စရာ အဖြစ်အပျက် တွေ
ကြုံတွေ့ လာတဲ့အခါ

👌 စိတ်ရှုပ်စရာ အတွေးတွေ ဝင်လာတဲ့ အခါ

👌ဝမ်းနည်းစေတဲ့ ရုပ်ရှင်တွေ ကြည့်မိတဲ့
အခါ တွေမှာ ဆိုရင်

မျက်ရည်ဟာ Automatic ကျလာတာပါပဲ။

ကျွန်တော် ဖတ်ဖူးတဲ့ စာတစ်အုပ်ထဲမှာ
မျက်ရည် လွယ်တဲ့ သူတွေက

✌အရမ်း ကိုယ်ချင်းစာ တတ်တယ်
✌အရမ်လည်း သနားတတ်တယ်
✌အရမ်းလည်း ခံစားလွယ်တယ်

နောက်ပြီး

✌အရမ်းလည်း အတွေးလွန်တတ်ပါသတဲ့ဗျာ

ဒါကြောင့် မျက်ရည်လွယ်တတ်တဲ့ သူတွေကို
ကျွန်တော် ပြောချင်တာကတော့

ဒီလိုသာ စိတ်ထားပျော့ညံ့နေမယ် ဆိုရင်
ခက်ခဲ နက်နဲတဲ့ ဒုက္ခ သုက္ခနဲ့ တွေ့ ကြုံလာတဲ့အခါ
ရင်ဆိုင်နိူင်စွမ်း ရှိမှာမဟုတ်တော့ပါဘူး။

ထစ်ခနဲ့ ရှိ မျက်ရည်ကျနေမယ် ဆိုရင်တော့
လောကဓံ ကို အံတုဖို့ အရမ်းခက်ခဲ ပါလိမ့်မယ်။

အတွေးတွေ နယ်ချဲ့ပြီး ခံစား မျက်ရည်
ကျနေမယ့် အစား

ပျော်ရွှင်စရာ ဇာတ်ကားတွေ
စိတ်ကျန်းမာရေး စာအုပ်တွေ
ဗဟုသုတ စာပေတွေ
အားတက်စရာ ပျော်မြူးစရာ သီချင်းတွေ
ဝါသနာပါရာ အလုပ်တွေ
အိမ်မှုကိစ္စတွေ စတဲ့ အလုပ်တွေ ကိုပဲ လုပ်နေပါ။

သင့်ကို ဘယ်သူမှ မသတ်ပါဘူး
သင့်အတွေးကပဲ သင့်ကို ပြန်သတ်နေတာပါ။

မျက်ရည်လွယ်တတ်တဲ့ သူဟာ

နှလုံးရောဂါကို ရစေတယ်
နာကျင်မှုတွေကို ခံစားရစေတယ်
စိတ်ကျရောဂါ ကို ဖြစ်စေတယ် လို့ဆရာဝန် တစ်ဦးက
ကျွန်တော့်ကို ပြောပြဖူးတယ်။

ဒါကြောင့်
အရေးမပါတဲ့ အရာတွေကြောင့် အချိန်ကုန်
ခံနေမယ့်အစား
အရေးပါတဲ့ အရာတွေအတွက် အချိန်ပေးသင့်ပါတယ်။

နောက်ပြီး
ပတ်ဝန်းကျင်ကို လစ်လျူရှူ့တတ်ခြင်းဟာလည်း
စိတ်ကို ကုသခြင်း တစ်မျိုးပါပဲ။

တွေးတဲ့ အခါမှာလည်း ဘယ်တော့မှ
အဆုံးအစွန်အထိ မတွေးပါနဲ့။

ဘုရားလမ်းစဉ်ဖြစ်တဲ့
အလယ်အလတ်လမ်းစဉ်ကိုလိုက်ခြင်းဟာ
စစ်မှန်တဲ့ အတွေးအခေါ်ကို ရရှိစေပါလိမ့်မယ်ခင်ဗျာ။

Credit -

31/08/2024

ချစ်သူရည်းစားဘ၀မှာ . . .
ကိုယ့်ဝင်ငွေနဲ့
ကိုယ့်မိဘကို ကန်တော့မလား ရတယ် . . .အေးဆေးပဲ
ကိုယ့်ညီအစ်ကိုမောင်နှမကို ထောက်ပံ့မလား ရတယ် . . .အေးဆေးပဲ
ကိုယ်ကြိုက်တဲ့ အလှကုန်တွေ ဝယ်သုံးမလား ရတယ် . . . အေးဆေးပဲ

ကိုယ့်ဝင်ငွေနဲ့ ကိုယ့်စိတ်ကြိုက် သုံးလို့ရခဲ့တယ် . . .

အိမ်ထောင်သည်ဘ၀ရောက်ရင် . .
ကိုယ်က အိမ်ထောင်ရှင်မဆိုပြီး အလုပ်တွေနားပြီး အိမ်မှုကိစ္စနဲ့ မှီခိုလုပ်မှာလား
မှီခိုလုပ်မယ်ဆိုရင် . . .
အပေါ်က ကိစ္စတွေကို သူက ဖြေရှင်ပေးမှာလည်း သေချာမေးဖို့လိုတယ် . . .
ကျွန်မ မိဘကို ကန်တော့ချင်ရင် . . .
ကျွန်မ ညီအစ်ကိုမောင်နှမကို ထောက်ပံ့ချင်ရင် . . .
ကျွန်မ လိုချင်တဲ့ အလှကုန်တွေ ဝယ်ချင်ရင် . . .
ကိုယ့်အိမ်ထောင်ဖက်ဖြစ်လာမယ့်သူက မညိုမငြင်နဲ့ ဖြည့်ဆည်းပေးနိုင်မလား သေချာမေးဖို့လိုတယ် . . .

အဲ့လိုမှ မဟုတ်ရင် . . .
ဘာကြောင့်များ မှီခိုဆိုပြီး သူ့ကိစ္စအ၀၀ကို အိမ်ဖော်တစ်ယောက်လို လုပ်ပေးနေရပြီး . . . ဘ၀ကို မျက်နှာငယ်စွာနဲ့ ဖြတ်သန်းမလဲ . . .

အိမ်ထောင်ရှင်တွေအနေနဲ့လည်း အဲ့အချက်ကို သေချာစဉ်းစားပါနော် . . .
ကိုယ့်အမျိုးသမီးက အိမ်မှာ အိမ်မှုကိစ္စအ၀၀ကို လုပ်နေရတဲ့အခါ ကိုယ်က သူ့ဘ၀လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့လိုတယ် . . .
အဲ့လိုမှမဟုတ်ရင်
သူ့ကိုအလုပ်ပေးလုပ်ပြီး ရှင်တို့က အိမ်မှာ အိမ်ဖော်တစ်ယောက်လို အိမ်အလုပ်တွေလုပ်ကြည့်ပါ . . .ကိုယ်ချင်းစာတတ်လာပါလိမ့်မယ်

#မိန်းမသားတို့ရင်ဖွင့်ရာ

29/08/2024

အိမ်ဦးနတ်ဟု_ခေါ်ထိုက်သူသည်

ငါ့သဘော ငါ့စကား ငါအမိန့် ငါဖြစ်ချင်တာ ဆိုတာထက် ငါ့တာဝန် ငါ့အလုပ် ငါ့မိသားစု ငါဟာယောက်ျား ဆိုတဲ့စိတ်ရှိသူကိုမှ အိမ်ဦးနတ်လို့ ခေါ်တာပါ။

ဘယ်လောက်ပဲအပြင်မှာ အဆင်မပြေဖြစ်ခဲ့ ပင်ပန်းခဲ့ပါစေ အပြင်မှာဖြစ်ခဲ့သမျှ ကိစ္စအဝဝကို အပြင်မှာပဲထားခဲ့ပြီး အိမ်ဟာသူ့စိတ် ပေါက်ကွဲထွက်ရာနေရာအဖြစ် အသုံးမချသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

ဘယ်လောက်ပဲ ဇနီးမယားနဲ့ ဒေါသတကြီး ရန်ဖြစ်ထားပါစေ ကလေးတွေက "ဖေဖေ"လို့ခေါ်လိုက်ရင်"ဟေ"ဆိုတဲ့ အသံနောက်မှာ အပြုံးတွေ အလိုလိုပါပြီးသား ဖြစ်နေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

သားသမီးကို ရိုက်ချင်ရိုက်မယ် ဒါပေမဲ့ ဇနီးမယားကိုထွက်တဲ့ဒေါသကို သားသမီးဆီပုံချတဲ့ ရိုက်နှက်မှုမျိုးနဲ့ သားသမီးကို မနာကျင်စေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

သူရှာတဲ့ဝင်ငွေ နည်းချင်နည်းမယ်။ များချင် များမယ်။ဒါပေမဲ့ သူရှာရသမျှ သူ့ဇနီးလက်ထဲ မရောက်ချင်နေ သူဘယ်လောက် ရှာရသလဲ သူ့ဇနီးသိစေရမယ်။ ဇနီးကိုအပ်တဲ့ငွေဟာ အိမ်ဖော်ကိုပေးတဲ့ ထမင်းစားရိတ်ဖိုးထက်တော့ သာနေရမယ်လေ။

သူကိုယ်တိုင် စုတ်တီးစုတ်ပြတ် နေချင်နေမယ်။ သူ့အရိပ်အောက်က ဇနီးသားသမီးဟာ အများထက်မသာတောင် မလျော့စေရသူ။ သူ့အရိပ်မှီနေတဲ့အတွက် အေးချမ်းနေစေရမယ်။ ဘာလို့လဲဆိုတော့ သူဟာအားလုံးကို အရိပ်အာ ဝါသပေးနေတဲ့ သစ်ပင်ကြီးလို စိတ်ဓာတ်ပိုင်ရှင်မျိုးကိုသာ အိမိဦးနတ်လို့ ခေါ်တာပါ။

တစ်စုံတစ်ယောက်ကို မပေါက်ကွဲခဲ့ရသမျှ ဒေါသတွေကို ဇနီးမယားထံ ပုံချပြီး ပေါက်ကွဲမဲ့သူမျိုး မဟုတ်တဲ့သူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

ဘာပဲလုပ်မယ် စဉ်းစားလိုက်ပါစေ သူ့အနောက်က သူ့ကိုမှီခိုနေတဲ့ဘဝ(ဇနီး) သူ့တည်ဆောက်ထားတဲ့ဘဝ(သားသမီး) အဲဒီဘဝတွေကို ပြန်ငှဲ့ကြည့်တတ်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

ကိုယ်လက်တွဲထားတဲ့ ဇနီးမယား ဘယ်လိုကျန်းမာရေးမျိုးမဆို ရင်ဆိုင်ရပါစေ။ ဘယ်လိုခန္ဓာကိုယ် အချိုးအစားပြောင်းလဲသွားပါစေ။ အဆုံးစွန်ဒုက္ခိတ ဖြစ်သွားပါစေအုံး မပစ်ခွာရစ်ပဲ ခန္ဓာကိုယ်သာမက သူ့စိတ်နှလုံးကိုပါ ချစ်နိုင်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်ထိုက်တာပါ။

ဘယ်လိုလောကဓံမျိုးနဲ့ ကြုံပါစေ။ ရှောင်မပြေးပဲ သူကိုယ်တိုင် ရှေ့မှာမားမားမတ်မတ် ကြံ့ကြံ့ခံရှိနေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

အလကားနေ မယားယူ သားသမီးမွေးပြီး နေနေတိုင်း အိမ်ဦးနတ်လို့ အမည်မတွင်ပါဘူး။

CRD.....

29/08/2024

သင့်ဇနီး ချစ်စရာကောင်းရဲ့လား?
***********************************

ဇနီးကို အကြိမ်ကြိမ် ကိုယ်ဝန်ဆောင်ခိုင်းတယ်၊
အကြိမ်ကြိမ် မွေးခန်းထဲ ဝင်ခိုင်းတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာတွေ
အစာ ကောင်းကောင်းမစားနိုင်တွေလည်း ဖြစ်ရတယ်။
နှစ်ပေါင်းများစွာ
ကလေးတွေကို နို့ချိုတိုက်ကျွေးခိုင်းတယ်။
ကလေးတွေ အရွယ်ရောက်တဲ့အထိ ပြုစုရတယ်။
မနက်တိုင်း ကျောင်းပို့
ညနေတိုင်း ကျောင်းကြို။
သင်နဲ့ ကလေးတွေစားဖို့
နေ့စဉ် ဈေးဝယ် ချက်ပြုတ်ကျွေးမွေးရတယ်။
ကလေးတွေ ဖျားနာတဲ့အခါ
ဆေးရုံမှာ အချိန်ပြည့်ဂရုစိုက်စောင့်ရှောက်ရတယ်။

အခြားအိမ်ဝေယျာဝစ္စတွေလည်း သူပဲလုပ်ရတယ်။

ကလေးကိစ္စတွေ အိမ်မှုကိစ္စတွေက
သင့်ဇနီးကို လူ့အသိုင်းအဝန်းထဲက
ဆွဲထုတ်ပစ်ထားသလို ဖြစ်ရတယ်။

ခုတော့
နို့တွေလည်း အိတွဲကျနေတယ်။
ဗိုက်က ပူပူ အသားပျော့တွေ တွဲလောင်း
အကြောပြတ်ရာ အဖြူစင်းတွေအပြည့်နဲ့။

သင့်ဇနီး ချစ်စရာကောင်းသေးရဲ့လား?

သင့်ဇနီးကို တန်ဖိုး မထားချင်တော့ဘူးလား?

လင်ယောက်ျားများ သတိပြုပါ။
သင့်ဇနီး ဒီလိုဖြစ်ရတာ သင့်ကိုချစ်လို့၊
သင့်ကြောင့် သူမ အဲလိုအနေအထားဖြစ်သွားတယ်
ဆိုတာကို သဘောပေါက်နားလည်ပေးပါ။
အိမ်ထောင်တခုဆိုတာ s*x တခုတည်းနဲ့ မတည်မြဲပါဘူး။
အချစ်မပါတဲ့အိမ်ထောင်ရေး ဘယ်တော့မှ မတည်မြဲဘူး။

အိမ်ထောင်မကျခင် ကလေးမရခင်ကအချိန်ကို
ပြန်မြင်ကြည့်လိုက်ပါ။
သင့်ဇနီးကို လှပလို့ သင်လက်ထပ်ယူခဲ့တာ မဟုတ်လား။

သင့်ဇနီးက သင့်ကိုချစ်လို့
သူ့ခန္ဓာကိုယ်အလှအပကို အဆုံးရှုံးခံပြီး
သင်နဲ့သံယောဇဉ်ကြီးမားအောင်
ကလေးတွေ မွေးပေးခဲ့တာ။
သင် ဒါကို လက်ခံနားလည်သဘောပေါက်ဖို့ လိုတယ်။

သင့်ကြောင့် အလှအပတွေဆုံးရှုံးခဲ့ရတဲ့
သင့်ဇနီးသယ်ကို ချစ်ပေးပါ၊
နားလည်ပေးပါ။
ချစ်မေတ္တာထားပါ။
မိသားစုဘဝလေး သာယာပျော်ရွှင်ဖို့
လင်ယောက်ျားမှာ တာဝန်အပြည့်ရှိပါတယ်။

Want your public figure to be the top-listed Public Figure in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Upper Yaepone Street
Myeik