Spring Revolution Force - Myeik

Spring Revolution Force - Myeik

Share

Photos from Spring Revolution Force - Myeik's post 13/06/2025

ကမ်ပိန်းမှာ ပုခက် အလုံး 200မြေပြင်သို့အ‌ေရာက် လိုအပ်သည့်ရဲဘော်လက်ထဲ သို့အရောက်ပို့ပြီး

ကျွန်တော်တို့ spring revolution force မှာ ပုခက်ကမ်ပိန်း မှာ ရရှိသော‌မြေပြင်သုံး စစ်ပုခက်အလုံး200 ကို မြေပြင်၌ ရှိသော တပ်ရင်း တပ်ဖွဲ့ ဆီသို့အရောက်ပို့ဆောင်ခဲ့ပါသည်။

မြိတ်ခရိုင် တပ်ရင်း 3 - 40လုံး
မြိတ်ခရိုင်တပ်ရင်း 2 -25လုံး
KNLA တပ်ရင်း၁၁ -40လုံး
kTLA -tcjf -40 လုံး
တနင်္သာရီပကဖ-ဇုန် ၃ - 40 လုံး
နွေဦးမေတ္တာ -8လုံး
လမ်းခရီး ကူညီရဲဘော် -7လုံး
5လပိုင်းအတွင်း အကုန်ပို့ဆောင်ခဲ့ပါသည်

သေချာတာတခုက ကျွန်တော်တို့ပြောထားသည့်အတိုင်း ယုံကြည်မှု့ကို လုံးဝ လုံးဝ အလွဲသုံးစား မလုပ်ပါ။
ကူညီပေးခဲ့တယ့်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

လိုအပ်ချက်များ အများကြီး ရှိနေ၍ နိုင်တယ့်ဖက်က ကူညီပေးကြပါအုံးလို့တိုက်တွန်းပါတယ်ခင်ဗျား။

ဓာတ်ပုံ မြေပြင်ရဲဘော်များ

Photos from Spring Revolution Force - Myeik's post 13/06/2025

#မိုးလေတိုက်ပွဲကြားကရဲဘော်များ

ဟုတ်ပါတယ်ဗျာ
မိုးကျရောက်ပေမယ့်လို့ ကျွန်တော်တို့ရဲဘော်တွေအနားမယူပဲ ရှေ့တမ်းမှာ တိုက်နေရဆဲပါ။

အခုလိုချိန်မှာ ရဲဘော်တွေ ပုခက်လိုအပ်သလို မိုးကာအင်္ကျီနှင့် မိုးကာပိုင်းတွေလိုအပ်နေပါတယ်ဗျာ။

ပြေးလိုက်လွှားလိုက်နဲ့ မိုးထဲ‌လေထဲ ပါလာတာတွေစိုကုန်သလို လူလည်း မိုးစိုနဲ့ နေရတာမလို့ အအေးမိ ဖျားနာတွေက ဖြစ်လိုက်ပြောက်လိုက်ပါပဲ့။

တပ်ရင်းပြန်ပြီးနားယူချင်တိုင်းယူမရတဲ့ ရဲဘော်တွေအတွက် ဒီနှစ်မိုးကတော့ သည်းသည်းမဲမဲရွာဆဲပါ

#မိုးကာပိုင်းတစ်ပိုင်း -90 ဘတ်
#မိုးကာအင်္ကျီတစ်ထည်-250 ဘတ်နှုန်းနဲ့ ပါဝင်ကူညီနိုင်ပါတယ်။

မိုးကာပိုင် 17 ပိုင်းအား ပုခက်‌ထောက်ပံ့ရင်းနဲ့ လမ်းခရီးတစ်လျောက် တွေ့ရတဲ့ ရဲဘော်တွေ ထောက်ပံ့ခဲ့တဲ့ မှတ်တမ်းတစ်ချို့ပုံကိုကြည့်ရင်း
မိုးလေးထဲက ရဲဘော်အခြေအနေသိနိုင်ပါတယ်။

#အရေးတော်ပုံအောင်ရမည်

Photos from Spring Revolution Force - Myeik's post 09/06/2025

ပြည်သူအချစ်စာများနှင့် ပုခက် 40

ပြည်သူ/ပြည်သားများကူညီထားသော ပစ္စည်းများကို လိုအပ်သည့်နေရာသော အရောက်ပို့ခဲ့သည်။

မြိတ်ခရိုင် တပ်ရင်း-3

‌လိုင်းအခက်ခဲကြောင့် နောက်ကျသွားပါသည်။ပုခက်များအားလုံး 5လပိုင်းကတည်းက လိုအပ်သည့်နေရာ အားလုံးကို အရောက်ပို့ပြီးပါပြီ ❤️❤️❤️

#ယုံကြည်မူ့ကိုအလွဲသုံးစားမလုပ်

06/05/2025

#တနင်္သာရီမြို့နယ်ရှေ့တန်းရဲဘော်များအတွက်
#ပုခက်နှင့်မိုးကာအလှူခံခြင်း

#မိုးထဲလည်းတိုက်ရမှာပဲ့
#မိုးရွာလို့သာစခန်းပြန်မယ်ဆိုဒီတိုက်ပွဲဘယ်ပြီးတော့မလဲ

တနင်္သာရီမြို့နယ် တွင်တိုက်ပွဲဖြစ်ပွားနေသည်မှာ ပြည်သူများ သိမြင် ကြားသိ ကြပြီးသည့်အတိုင်း ကာလကြာရှည်နေပြီဖြစ်ပါသည်။

လက်ရှိမိုးကာလတွင် ရှေ့တန်းရဲဘော်များအတွက် ပုခက်နှင့် မိုးကာသည် မိုးထဲလေထဲ အိပ်စက်ရာတွင်အဆင်‌ပြေစေရန် ‌‌၊ကျန်းမာရေးကာကွယ်ရန်အလွန်အသုံးဝင်သည့်အတွက် အဓိက လိုအပ်လျက်ရှိပါသည်။

ပုခက်တစ်လုံး 85ဘတ် သတ်မှတ်၍ အလုံး200 ပြည့်အောင် အလှူခံသွားမည်ဖြစ်ပါသည်။
ပိုပါက မိုးကာကို ထပ်မံ၍အသုံးပြုသွားမည်ဖြစ်ပါသည်။

ရှေ့တန်းရဲဘော်များအားဦးစား ပေးထောက်ပံ့ပေးမည်ဖြစ်သောကြောင့် ပြည်သူများဝိုင်းဝန်းပါဝင်ကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Want your organization to be the top-listed Government Service in Myeik?
Click here to claim your Sponsored Listing.

Website

Address

Shaung Gwin Street
Myeik