The Mixology Lab

The Mixology Lab

Share

09/06/2026

Pearl Taro Milk Tea (Taro Bubble Tea) ဖျော်စပ်နည်း

〽16 oz (480 ml) ခွက် ၁ ခွက်အတွက်〽

ပါဝင်ပစ္စည်းများ🔽

1.Taro Powder – 2 tbsp (30 g)
2.Black Tea – 100 ml
3.Fresh Milk – 120 ml
4.Condensed Milk – 15 ml
5.Sugar Syrup – 15 ml (အချိုနှစ်သက်သလို ပြင်နိုင်)
5.Tapioca Pearls (Boba) – 3 tbsp
6.Ice – 1 cup

ဖျော်စပ်နည်း🔰

1.Tapioca Pearls ကို Package ညွှန်ကြားချက်အတိုင်း ပြုတ်ပြီး Sugar Syrup နဲ့စိမ်ထားပါ။(အပြင်မှာလည်း ready-madeပုလဲစေ့များအလွယ်တကူဝယ်ယူလို့ရနေပါပြီ)
2.Black Tea ကို ဖျော်ပြီး အအေးခံထားပါ။
3.Shaker ထဲတွင် Taro Powder၊ Black Tea၊ Fresh Milk၊ Condensed Milk နှင့် Sugar Syrup တို့ကို ထည့်ပါ။
4.Ice ထည့်ပြီး 10–15 စက္ကန့်ခန့် ကောင်းကောင်း Shake လုပ်ပါ။
5.ခွက်အောက်ခြေတွင် Pearls ထည့်ပါ။
6.Shake လုပ်ထားသော Taro Milk Tea ကို လောင်းထည့်ပြီး အအေးခံသောက်သုံးနိုင်ပါပြီ။

အရသာ♻
Creamy & Smooth
Taro အနံ့မွှေးမွှေးလေး
Boba Pearls ၏ chewy texture ပါဝင်ပြီး Bubble Tea ဆိုင်အရသာမျိုး ရရှိနိုင်ပါသည်။
Bar Recipe Tip: Taro အရသာပိုထင်ရှားစေလိုပါက Taro Powder ကို 2½–3 tbsp အထိ တိုးသုံးနိုင်ပါသည်။

Photos from The Mixology Lab's post 08/06/2026

Espresso ဖျော်နည်း (Espresso Recipe)

ပါဝင်ပစ္စည်းများ

1.Espresso Coffee Beans 1820 g
2.ရေ (Filtered Water) Espresso Machine အတွက် လိုအပ်သလောက်

အသုံးပြုပစ္စည်းများ

1.Espresso Machine
2.Grinder
3.Portafilter
4.Tamper
5.Shot Glass

ဖျော်စပ်နည်း

Coffee Beans ကို 1820 g တိုင်းတာပါ။
Grinder ဖြင့် အမှုန့်အဖြစ် အလယ်အလတ်မှ နူးညံ့သော Espresso Grind အဖြစ် ကြိတ်ပါ။
ကြိတ်ထားသောကော်ဖီမှုန့်ကို Portafilter ထဲထည့်ပြီး ညီညာအောင် ဖြန့်ပါ။
Tamper ဖြင့် ဖိအားညီညီ တင်းကျပ်စွာ ဖိနှိပ် (Tamp) လုပ်ပါ။
Portafilter ကို Espresso Machine တွင် တပ်ဆင်ပါ။
Extraction ကို စတင်ပြီး 2530 စက္ကန့် ခန့်အတွင်း 3040 ml (12 oz) Espresso Shot ရရှိအောင် ထုတ်ယူပါ။
အပေါ်ယံတွင် ရွှေရောင် Crema ပေါ်လာပါက Espresso ကောင်းတစ်ခွက် ရရှိပြီဖြစ်သည်။
မှတ်ချက်
Single Shot Coffee 710 g Espresso 2530 ml
Double Shot Coffee 1820 g Espresso 3040 ml
Espresso ကို Latte, Cappuccino, Mocha နှင့် Americano တို့၏ အခြေခံအဖြစ် အသုံးပြုနိုင်သည်။
Espresso ကို ထုတ်ယူပြီးသည်နှင့် အရသာအကောင်းဆုံးဖြစ်စေရန် ချက်ချင်းသောက်သုံးရန် အကြံပြုပါသည်။

Photos from The Mixology Lab's post 08/06/2026

Espresso ဖျော်နည်း (Espresso Recipe)

ပါဝင်ပစ္စည်းများ

1.Espresso Coffee Beans – 18–20 g
2.ရေ (Filtered Water) – Espresso Machine အတွက် လိုအပ်သလောက်

အသုံးပြုပစ္စည်းများ

1.Espresso Machine
2.Grinder
3.Portafilter
4.Tamper
5.Shot Glass

ဖျော်စပ်နည်း

Coffee Beans ကို 18–20 g တိုင်းတာပါ။
Grinder ဖြင့် အမှုန့်အဖြစ် အလယ်အလတ်မှ နူးညံ့သော Espresso Grind အဖြစ် ကြိတ်ပါ။
ကြိတ်ထားသောကော်ဖီမှုန့်ကို Portafilter ထဲထည့်ပြီး ညီညာအောင် ဖြန့်ပါ။
Tamper ဖြင့် ဖိအားညီညီ တင်းကျပ်စွာ ဖိနှိပ် (Tamp) လုပ်ပါ။
Portafilter ကို Espresso Machine တွင် တပ်ဆင်ပါ။
Extraction ကို စတင်ပြီး 25–30 စက္ကန့် ခန့်အတွင်း 30–40 ml (1–2 oz) Espresso Shot ရရှိအောင် ထုတ်ယူပါ။
အပေါ်ယံတွင် ရွှေရောင် Crema ပေါ်လာပါက Espresso ကောင်းတစ်ခွက် ရရှိပြီဖြစ်သည်။
မှတ်ချက်
Single Shot – Coffee 7–10 g → Espresso 25–30 ml
Double Shot – Coffee 18–20 g → Espresso 30–40 ml
Espresso ကို Latte, Cappuccino, Mocha နှင့် Americano တို့၏ အခြေခံအဖြစ် အသုံးပြုနိုင်သည်။
☕ Espresso ကို ထုတ်ယူပြီးသည်နှင့် အရသာအကောင်းဆုံးဖြစ်စေရန် ချက်ချင်းသောက်သုံးရန် အကြံပြုပါသည်။
t.me/themixologylab

07/06/2026

The Mixology Lab Recipes 100+

-ဖျော်နည်းမသိလို့ စိတ်ပူစရာမလိုတော့ပါ
-အိမ်မှာပဲ လွယ်လွယ်ကူကူ ဖျော်သောက်နိုင်တဲ့ Recipes များ
-Juice, Smoothie, Soda, Milkshake Recipes များ ပါဝင်ခြင်း
-အသေးစိတ် အချိုးအစားများ ရေးသားထားခြင်းကြောင့် Beginner များအတွက် နားလည်လွယ်ခြင်း
-အအေးဆိုင်ဖွင့်မယ့်သူများအတွက် အသုံးဝင်ခြင်း

"အအေးဆိုင်ဖွင့်ဖို့ Recipe လိုနေပြီလား?

-Juice, Soda, Smoothie, Milkshake ဖျော်နည်းများကို အချိုးအစားတိတိကျကျဖြင့် စုစည်းထားသော Recipe Book ကို ယခုမှာယူနိုင်ပါပြီ။

- Beginner မှ Professional အထိအသုံးဝင်သော စာအုပ်ဖြစ်ပါသည်။

Telegram Channel- lab
"အသေးစိတ် သိရှိလိုပါက Messenger တွင် ဆက်သွယ်နိုင်ပါသည်။

07/06/2026

Two Layers Strawberry Vanilla Milkshake

ပါဝင်ပစ္စည်းများ✅

အောက်လွှာ (Vanilla Layer)
နို့ – 120 ml
Vanilla Ice Cream – 2 Scoops
ရေခဲ – 1 Ice Scoop
သကြား – 1 tbsp (လိုအပ်လျှင်)
အပေါ်လွှာ (Strawberry Layer)
နို့ – 120 ml
Strawberry Powder (သို့) Strawberry Syrup – 2 tbsp
Vanilla Ice Cream – 2 Scoops
ရေခဲ – 1 Ice Scoop
အလှဆင်ရန်
Whipped Cream
Strawberry အသီး

ဖျော်စပ်နည်း🔽

Vanilla Layer
Blender ထဲတွင် နို့၊ Vanilla Ice Cream၊ ရေခဲနှင့် သကြားထည့်ပြီး ချောမွေ့သည်အထိ ဖျော်ပါ။
ဖျော်ပြီးသောအရည်ကို ခွက်၏ တစ်ဝက်ခန့်အထိ လောင်းထည့်ပါ။
Strawberry Layer
Blender ကို သန့်စင်ပြီး နို့၊ Strawberry Powder (သို့) Syrup၊ Vanilla Ice Cream နှင့် ရေခဲထည့်၍ ဖျော်ပါ။
Layer ပြုလုပ်ခြင်း
Bar Spoon ကို ခွက်အတွင်းထားပြီး Strawberry Layer ကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။
ထိုသို့ပြုလုပ်ခြင်းဖြင့် အလွှာ ၂ ထပ် သေသပ်စွာ ခွဲထွက်နေပါမည်။
အလှဆင်ခြင်း
အပေါ်မှ Whipped Cream တင်ပါ။
Strawberry အသီးနှင့် Straw ဖြင့် အလှဆင်ပြီး အေးအေးချိုချို သောက်သုံးနိုင်ပါသည်။
အသုံးပြုသော ပစ္စည်းများ
🥄 Bar Spoon – Layer ခွဲရန်
🥄 Powder Spoon – Powder တိုင်းတာရန်
🧊 Ice Scoop – ရေခဲထည့်ရန်
Serving Size – 16 oz (1 ခွက်) 🍓🥛

t.me/themixologylab

07/06/2026

Durian Juice Recipe (ဒူးရင်းသီးဖျော်ရည် ဖျော်စပ်နည်း) 🥤

ပါဝင်ပစ္စည်းများ🔰

1.ဒူးရင်းသီးအသား – 250 ဂရမ်
2.နို့ (Fresh Milk) သို့မဟုတ် ရေအေး – 200 ml
3.Condensed Milk – စားပွဲတင်ဇွန်း 2–3 ဇွန်း
4.သကြား – လက်ဖက်ရည်ဇွန်း 1–2 ဇွန်း (လိုသလို)
5.ရေခဲတုံး – 1 ခွက်

ဖျော်စပ်နည်း♻

ဒူးရင်းသီးအသားကို အစေ့ဖယ်ပြီး ပြင်ဆင်ထားပါ။
Blender ထဲသို့ ဒူးရင်းသီးအသား၊ နို့ (သို့) ရေအေး၊ Condensed Milk နှင့် သကြားထည့်ပါ။
ရေခဲတုံးထည့်ပြီး ချောမွေ့သည်အထိ Blend လုပ်ပါ။
အချိုအရသာကို စိတ်ကြိုက်ညှိနိုင်ပါသည်။
ဖန်ခွက်ထဲသို့ လောင်းထည့်ပြီး ရေခဲအနည်းငယ်ဖြင့် အအေးခံသောက်သုံးနိုင်ပါသည်။
အကြံပြုချက်
နို့ကို အသုံးပြုပါက ပိုမိုနူးညံ့ပြီး Creamy ဖြစ်စေပါသည်။
ဒူးရင်းသီးမှည့်ကောင်းကောင်းကို အသုံးပြုလျှင် အရသာပိုကောင်းပါသည်။
ဖျော်ပြီးချင်း သောက်သုံးပါက အကောင်းဆုံးအရသာရရှိနိုင်ပါသည်။
အရသာချိုမြိန်ပြီး မွှေးပျံ့တဲ့ Durian Juice ကို အလွယ်တကူ ဖျော်စပ်သောက်သုံးနိုင်ပါတယ်။ 🍹🥭

06/06/2026

The Mixology Lab Recipes 100+🍷

-ဖျော်နည်းမသိလို့ စိတ်ပူစရာမလိုတော့ပါ
-အိမ်မှာပဲ လွယ်လွယ်ကူကူ ဖျော်သောက်နိုင်တဲ့ Recipes များ
-Juice, Smoothie, Soda, Milkshake Recipes များ ပါဝင်ခြင်း
-အသေးစိတ် အချိုးအစားများ ရေးသားထားခြင်းကြောင့် Beginner များအတွက် နားလည်လွယ်ခြင်း
-အအေးဆိုင်ဖွင့်မယ့်သူများအတွက် အသုံးဝင်ခြင်း

"အအေးဆိုင်ဖွင့်ဖို့ Recipe လိုနေပြီလား? 🍹

-Juice, Soda, Smoothie, Milkshake ဖျော်နည်းများကို အချိုးအစားတိတိကျကျဖြင့် စုစည်းထားသော Recipe Book ကို ယခုမှာယူနိုင်ပါပြီ။

- Beginner မှ Professional အထိအသုံးဝင်သော စာအုပ်ဖြစ်ပါသည်။

t.me/themixologylab
📩 "အသေးစိတ် သိရှိလိုပါက Messenger တွင် ဆက်သွယ်နိုင်ပါသည်။"

06/06/2026

Dirty Apple Soda ဖျော်စပ်နည်း 🍏🥃

✅ပါဝင်ပစ္စည်းများ
1.Green Apple Syrup – 30 ml
2.Lemon Juice – 5 ml
3.Soda Water – 120 or 150 ml
4.Ice – လိုသလောက်
5.Apple Slice – အလှဆင်ရန်
6.Dirty Flavor အတွက် (အောက်ပါထဲမှ တစ်မျိုးရွေးပါ)
Espresso Coffee – 30 ml
(သို့မဟုတ်)
Dark Rum – 30 ml
(သို့မဟုတ်)
Whisky – 30 ml
(ဖျော်စပ်နည်း)
Glass ထဲသို့ ရေခဲထည့်ပါ။

ပြုလုပ်နည်း🔽✅

1.Green Apple Syrup (30 ml) နှင့် Lemon Juice (5 ml) ထည့်ပါ။
2.Soda Water (120–150 ml) ဖြည်းဖြည်းချင်းလောင်းထည့်ပြီး အသာအယာမွှေပါ။
3.Espresso၊ Dark Rum သို့မဟုတ် Whisky ကို ဇွန်းနောက်ဖက်မှတစ်ဆင့် ဖြည်းဖြည်းချင်းလောင်းထည့်ပါ။
4.Apple Slice ဖြင့် အလှဆင်ပြီး အေးမြလန်းဆန်းစွာ သောက်သုံးနိုင်ပါသည်။

🔆အရသာ🔆♻

ချိုချဉ်သော Green Apple အရသာ
Soda ၏ ဖျော်ဖြေမှုရှိသော Fizz
Espresso သို့မဟုတ် Alcohol ကြောင့် ထူးခြားသော "Dirty" အရသာကို ရရှိစေပါသည်။ 🍏✨🥤

06/06/2026

Matcha Latte ဖျော်စပ်နည်း💚

1.Hot Matcha Latte✅

ပါဝင်ပစ္စည်းများ🔽

1.Matcha Powder – 1 မှ 2 tsp
2.ရေနွေး (80°C ခန့်) – 60 ml
3.နို့ (Fresh Milk) – 180 မှ 240 ml
4.သကြား၊ Honey သို့မဟုတ် Syrup – အရသာအလိုက်

ပြုလုပ်နည်း🔽

1.Matcha Powder ကို ခွက်ထဲထည့်ပါ။
ရေနွေးအနည်းငယ်ထည့်ပြီး Whisk (သို့) ဇွန်းဖြင့် အဖုမကျန်အောင် မွှေပါ။
2.နို့ကို ပူအောင် (သို့) Froth လုပ်ပြီး Matcha ထဲသို့ လောင်းထည့်ပါ။
3.သကြား၊ Honey သို့မဟုတ် Vanilla Syrup ထည့်ပြီး မွှေပါ။
4.အပေါ်မှ Milk Foam အနည်းငယ်တင်၍ သုံးဆောင်နိုင်ပါသည်။

2.Iced Matcha Latte✅

1.Matcha Powder 1–2 tsp
2.ရေနွေး 60 ml
3.နို့ 200 ml
4.ရေခဲတုံးများ
Matcha ကို ရေနွေးဖြင့်ဖျော်ပြီး ရေခဲထည့်ထားသော ခွက်ထဲသို့ လောင်းပါ။ နို့ထည့်ပြီး မွှေကာ သောက်နိုင်ပါသည်။

05/06/2026

ယိုးဒယား သင်္ဘောသီးထောင်း (Som Tum) စစ်စစ်ရဲ့ အရသာဟာ အချဉ်၊ အစပ်၊ အငန်၊ အချို လေးမျိုးလုံး မျှတပြီး ဆုံနေမှ လျှာထဲစွဲကျန်ရစ်မှာ ဖြစ်ပါတယ်။ ဆိုင်ကဝယ်စားသလို အသီးလေးတွေ ကြွပ်ကြွပ်ရွရွနဲ့စားကောင်းပြီး
အိမ်မှာအလွယ်တကူလုပ်စားလို့ရမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

​🥗 လိုအပ်မယ့်ပစ္စည်းများ

၁။​သင်္ဘောသီးစိမ်း: ၁ လုံး (ခြစ်ပြားဖြင့် ခြစ်ထားပါ သို့မဟုတ် ဓားဖြင့် တောက်တောက်စဉ်းထားပါ)
၂။​မုန်လာဥနီ: အနည်းငယ် (အရောင်လှရုံ ခြစ်ထည့်ရန်)
၃။​ပဲထောင့်ရှည်: ၃ ထောင့်ခန့် (၁ လက်မအရှည်ခန့် ဖြတ်ထားပါ)
၄။​ခရမ်းချဉ်သီး: ၁ လုံး (အစိတ်လေးများ စိတ်ထားပါ)
၅။​မြေပဲလှော်: ထမင်းစားဇွန်း ၂ ဇွန်း
၆။​ပုစွန်ခြောက်: ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)
၇။​ငရုတ်သီးစိမ်း/အခြောက်: ၅ တောင့်မှ ၁၀ တောင့်အထိ (မိမိအစပ်ကြိုက်သလောက်)
၈။​ကြက်သွန်ဖြူ: ၄ မွှာ
၉။​ထန်းလျက်: ထမင်းစားဇွန်း ၁ ဇွန်းခွဲ(ထန်းလျက်ခဲ 3လုံး သို့မဟုတ် သကြားညို)
၁၀။ငါးပိရည် (Pla Ra): ထမင်းစားဇွန်း ၂ ဇွန်း (ယိုးဒယားငါးပိရည် နံပါတ်တစ် အရေးကြီးပါတယ်)
၁၁။​ငါးငံပြာရည်: ထမင်းစားဇွန်း ၁ ဇွန်း
၁၂။​သံပရာသီး: ၁ လုံးမှ ၂ လုံး (ညှစ်ရန်)

​ပြုလုပ်နည်းအဆင့်ဆင့်🔽

1.​သင်္ဘောသီးအကြွပ်ပြင်ဆင်နည်း:
ခြစ်ထားတဲ့ သင်္ဘောသီးနဲ့ မုန်လာဥနီတွေကို ရေခဲရေထဲမှာ ၅ မိနစ်ခန့် စိမ်ထားပြီးမှ ရေစစ်ပေးပါ။ ဒါမှ အသီးက အကြာကြီး ကြွပ်ရွနေမှာ ဖြစ်ပါတယ်။

2.ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ နှင့် ငရုတ်သီး များကို အရင်ထည့်ပြီး ညက်အောင် ထောင်းပါ။

3.ထန်းလျက် ကို ထည့်ပြီး ကြေအောင် ထောင်းပါ။ ပြီးလျှင် ပဲထောင့်ရှည် နှင့် ပုစွန်ခြောက် များကို ထည့်ပြီး ပဲထောင့်ရှည်လေးများ အရည်ထွက်ပြီး ပျော့သွားရုံ ခပ်ဖွဖွလေး ထောင်းပေးပါ။

4.ငါးပိရည်၊ ငံပြာရည် နှင့် သံပရာရည် တို့ကို ညှစ်ထည့်ပါ။ ဇွန်းဖြင့် သမအောင် မွှေပြီး အရသာကို မြည်းကြည့်ပါ (အချဉ်၊ အစပ်၊ အငန်၊ အချို မျှတနေရပါမယ်)။

5.အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုလျှင်ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ မုန်လာဥနီ နှင့် မြေပဲလှော် အနည်းငယ်ကို ထည့်ပါ။ ထောင်းတဲ့အခါ မညှက်စေဘဲ အနှစ်တွေ သင်္ဘောသီးထဲ စိမ့်ဝင်သွားအောင် မောင်းတံဖြင့် ဖွဖွလေး ထောင်းရင်း ဇွန်းဖြင့် အောက်ကနေ ပင့်မွှေပေးပါ။

6.အနှစ်များ နှံ့စပ်သွားလျှင် ပန်းကန်ထဲ ပြောင်းထည့်ပြီး အပေါ်ကနေ ကျန်တဲ့ မြေပဲလှော်လေးတွေ ဖြူးကာ ကန်စွန်းရွက်၊ ဂေါ်ဖီထုပ် တို့ဖြင့် တွဲဖက်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
​💡 Tip: ယိုးဒယားသဘော်သီးထောင်း စစ်စစ်ဖြစ်ဖို့ "ယိုးဒယားငါးပိရည် (Pla Ra)" က အသက်ပါ။ အနံ့ပြင်းပြင်း မကြိုက်ရင်တော့ ငါးပိရည်အစား ငံပြာရည်ချည်းပဲ သုံးပြီး "Som Tum Thai" ပုံစံမျိုး ထောင်းလို့ရပါတယ်🔰

Want your business to be the top-listed Food & Beverage Service in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address

Monywa