T.Shirt Collection

T.Shirt Collection

Share

21/03/2024

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့က နှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့က နှလုံးသားမရှိလို့

"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိုင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့.....
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့.....
အောင်မြင်မှု ဘယ်တော့မှ မရဘူး.....
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........

#ဆရာကြီးဦးအောင်သင်း ၏ ဒဿနများ

06/03/2024

1.အိမ် ကိုအရင်ဝယ်ပါ။
ကားက လိုရာခရီး သွားလို့ ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။

4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစားမလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်‌တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တယောက်ထဲနေတတ်နိုင်အောင်ကြိုး စားပါ။

8.အလုပ်လုပ် ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ် ဖတ် တတ်တဲ့ အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက် ဖြစ် အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

Crd

09/01/2024

Zara ကော်လံ ရှပ်

Price - 9500Ks

Want your business to be the top-listed Clothing Store in Monywa?
Click here to claim your Sponsored Listing.

Website

Address

Chan Mya Watty Qt 21St
Monywa