Dream Pre-school
မူကြိုကတည်းက က/ခ A/B/C တွေရေးခိုင်း လူကမူကြို ကျောင်းကပြန်ရင် ကျူရှင်တွေတက်နေရတဲ့ ကလေးတွေဆို တကယ်ကို သနားတာ😢😢😢😢
ဖြေးဖြေးချင်းပေါ့ ကလေးတွေကို အသက်ကြီးသွားတာနဲ့ စာ ပြီးရင်း စာလုပ်ရတော့မှာ မူကြိုအရွယ်လေးမှာတော့ ပေါ့ပေါ့ပါးပါးလေး နေပါစေဦး😢😢😢😢
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
ECCDမူကြို နှင့် Non-ECCDမူကြို
----------------------------------------------
မိဘတွေအနေနဲ့ ကိုယ့်သား/သမီး ပညာရေးအတွက် မူကြိုပို့မယ်ဆိုရင် ဘယ်လိုကျောင်းမျိုးရွေးချယ်ရမလဲ? (စာကိုဆုံးအောင် ဖတ်စေချင်ပါတယ်)
-အရင်ဆုံး မူကြိုကျောင်းတွေ စုံစမ်းပါ။
-ကျောင်းအပ်ဖို့ မလောပါနဲ့။
-အစကောင်းမှ အနှောင်းသေချာမှာမို့ ကို့ရင်သွေးကို
အမှန်တကယ် ပညာတတ်စေချင်ရင် စိတ်ရှည်စွာ
ကျောင်းကောင်းကောင်းကိုစုံစမ်းပါ။
-မူကြိုကျောင်း 2 မျိုးရှိပါတယ်-
(1) ECCDနည်းအတိုင်း ကျင့်သုံးတဲ့ မူကြို။
(2)ECCDအတိုင်းမဟုတ်ဘဲ မိဘစိတ်တိုင်းကျမူကြို။
နံပါတ်-1 ECCD မူကြိုဆိုတာဘာလဲ?
-ECCDနည်းအတိုင်းသင်ကြားပေးသော မူကြိုများ၏ ပုံစံ-
-ကလေးများအား အသက်အရွယ်အလိုက် Beginnerနှင့်Pre-KGဟု မူကြိုနှစ်တန်း ခွဲခြားထားရှိ ခြင်း
-အသက်3နှစ်မှ4နှစ်အတွင်းအားBeginnerအတန်း
-အသက်4နှစ်မှ6နှစ်အတွင်းအားPre-Kgအတန်း
-တစ်လစာLesson Plan(projects)ဖြင့်သင်ကြားခြင်း
-ကလေးအားဖိအားမပေးဘဲ မိမိတတ်နိုင်သလောက်သာ စာဖတ်စေခြင်း
-Colouring သင်ရာတွင် ဆရာမ မှလက်ထိန်းမပေးဘဲ ကလေးစိတ်တိုင်းကျ ကိုယ်တိုင်လုပ်ဆောင်စေခြင်း
-5နှစ်မှသာ စာ စရေးစေခြင်း
-ပြည့်ဝသော အိပ်စက်မှုရှိစေခြင်း
-နွေးထွေးသော ဆက်ဆံရေးရှိခြင်း
-ကလေးဗဟိုပြု သင်ကြားခြင်းဖြစ်သည့်အတွက်
မိဘအများစုရဲ့ စိတ်တိုင်းကျမှုကိုတော့အပြည့်အဝပေးနိုင်မှာမဟုတ်ပေမယ့် ထိုနည်းများကသာ မှန်ကန်တဲ့ ECCDနည်းလမ်းတကျ သင်ကြားတဲ့ မူကြိုမျိုးဖြစ်ပါတယ်။
နံပါတ်-2 Non-ECCDမူကြို ဆိုတာဘာလဲ?
-မူကြိုကလေးအတန်း2မျိုးခွဲထားခြင်းမရှိ
-တစ်လစာ သင်ကြားရန် Lesson Planရေရေရာရာ မရှိခြင်း
-ကလေးအားဖိအားပေး စာများရေးစေခြင်း
-ဖိအားပေးအရောင်ခြယ်စေခြင်း
-အိပ်စက်ချိန်ပြည့်ဝစွာမပေးဘဲ မိဘစိတ်တိုင်းကျ စာကိုသာ ရေးစေခြင်း၊ဖိအားပေးခြင်း
-နွေးထွေးသောဆက်ဆံမှုမျိုးမရှိခြင်း
-မိဘနှင့်ဆရာ ဗဟိုပြု သင်ကြားခြင်းမျိုးဖြစ်သည့်အတွက် ကလေးအတွက် အကျိုးမရှိပါ
-အရွယ်နှင့်မမျှသော ဝန်အားပေးပါက ကလေးအတွက် စိတ်ဖိစီးမှုများစေပြီး တတ်သင့်သလောက်မတတ်တော့ပဲ မူကြိုတက်ရသည့် အနှစ်သာရ ပျောက်နိုင်သည်။
မိဘတွေရဲ့ စိတ်-
-မိဘတွေဟာကို့သား၊သမီးကို တတ်စေချင်ဇောကြီးပြီး စာအတင်းရေးခိုင်းခြင်း၊ဖတ်ခိုင်းခြင်း
-ခြိမ်းခြောက်သင်ကြားခြင်း
-ECCDမူကြိုများအား စိတ်တိုင်းမကျခြင်း
-Complainများစွာ တက်ခြင်း
ထိုအရာများဟာ မိမိရင်သွေးအတွက် ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် မူကြိုထားတော့မယ်ဆိုရင် ကျောင်းစုံစမ်းတဲ့အခါ ဒါတွေသိထားပါ။
-ကျောင်းမှာBeginner/Pre-Kgရှိသလား
-မိမိကလေးဟာ ဘယ်အတန်းမှာတက်နိုင်သလဲ
-တစ်လစာlesson plan ရှိ/မရှိ မေးပါ
-စာရေးခိုင်းဖို့စိတ်မလောပါနဲ့
-ဖိအားမပေးပါနဲ့
-ကျောင်းတက်စတစ်ပတ်မှ တစ်လထိ ကလေးကျောင်းမပျော်ဖြစ်လျှင် စိတ်ရှည်စွာ အလိုမလိုက်ဘဲ ကျောင်းဆက်ပို့ပါ။
-မူကြိုမှ ဆရာ၊ဆရာမများအား လေးစားပါ
-ကို့ရင်သွေးကို ဆရာ၊ဆရာမများကသာ ဂရုစိုက်သင်ကြားပေးရတာမို့ လေးစားပေးပါ
31/05/2023
ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည်
မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်❗️
ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်🥀
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်
Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ
ဦးနှောက်အာရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်း အာဟာရကို ပုံမှန်ကလေးများလို
မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊
ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့
ကလေးအား
Phone, Tablet, Games, TV, ကာတွန်း
စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ
ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ
အဆင်သင့်ပြင်ထားပါ။
ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။
ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။
နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို
တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။
ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။
ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။
ကလေးကို ချစ်ရင် ကလေးနဲ့အတူ
အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက်
ထူးချွန်နေပါလိမ့်မည်။
သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။
လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ
ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့
အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။
တကယ်ချစ်ပေးပါ💜
မူရင်းရေးသားသူအား Credit ပေးပါသည်🙏
25/05/2023
25/05/2023
မင်မင်တို့ဆီကို မေမေတို့အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲတာကတော့ လာမယ့် ၆ လပိုင်းမှာ ကလေးက ၅ နှစ်ပြည့်ဖို့လိုသေးတဲ့ကလေးကို ကျောင်းထားတဲ့အခါ Pre KG ထားရမလား ၊ KG ထားရမလားဆိုတဲ့မေးခွန်းပါ။ ကလေးက ၅နှစ်ပြည့်ဖို့ ၄ လလောက်လိုတယ် KG ထားလို့ရလား၊ ၅ လလောက်လိုတယ်။ ၆ လလိုတယ် စသဖြင့်ပေါ့။ ဒီအခါမှာ မင်မင်တို့ ပညာရေးဉယာဉ်မှုးတွေအတွက် ဖြေလိုက်တဲ့အဖြေအပေါ်မှာ အများကြီးတာဝန်ရှိတော့ အတော်လေးကို အဖြေရခက်တဲ့မေးခွန်းတစ်ခုဖြစ်လာတယ်။ ဒီနေ့တော့ မင်မင်က သင်ရိုးညွှန်းတမ်းအရသတ်မှတ်ထားမှုရယ်၊ လေ့လာထားမှုရယ်၊ ဘာလို့ ထားသင့်မထားသင့်ဆိုတာတွေကို အရိုးသားဆုံးအပွင့်လင်းဆုံး တင်ပြပေးသွားမှာဖြစ်ပါတယ်။
အရင်ဆုံး လေ့လာထားမှုအရ Pre-KG နဲ့ KG ဆိုတာကို သတ်မှတ်မှုအကြောင်းလေးအရင်စကြရအောင်
Kindergarten လို့ခေါ်တဲ့ KG ဟာ မူလတန်းတက်ဖို့အတွက် ကြိုတင်ပြင်ဆင်ရတဲ့ အတန်းဖြစ်သလို ကလေးတစ်ယောက်အတွက် အရေးအကြီးဆုံးအတန်းလဲဖြစ်ပါတယ်။ ကလေးရဲ့တစ်ဘဝစာပညာရေး အတွက်အုတ်မြစ်ချရတဲ့အတန်းဖြစ်တဲ့အတွက် အရေးကြီးရခြင်းဖြစ်ပါတယ်။ နိုင်ငံအများစုမှာတော့ KG အတန်းကို အသက် ၄ နှစ်မှ ၆ နှစ်ကြားကလေးတွေအတွက်လို့ သတ်မှတ်ထားကြပါတယ်။
ကျမတို့ မြန်မာနိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းကော်မတီရဲ့ သတ်မှတ်ချက်အရတော့ ၅ နှစ်ပြည့်ပြီး ကလေးများမှ စတင်သင်ယူရမည့်အတန်း လို့ သတ်မှတ်ထားပါတယ်။ ဒီနေရာမှာ ကလေးက ၈လပိုင်း August မှာ အသက် ၅နှစ်ပြည့်မှာ၊ ၇ လပိုင်း(July) မှာ ၅နှစ်ပြည့်မှာမျိုးဆိုရင် ထားလို့ရမရဆိုတာကတော့ ကလေးရဲ့အဆင်သင့်ဖြစ်မှုနဲ့ မိဘရဲ့စိတ်ဆန္ဒအပေါ်မူတည်ပါတယ်လို့ပဲ မင်မင်ကတော့ ဖြေကြားပါရစေ။
-KG
Pre-KG ဆိုတာကတော့ အစိုးရနဲ့ မြန်မာနိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းကော်မတီက အသက်အရကော အတန်းအရပါ သတ်မှတ်ပြဌာန်းထားပေးတာမျိုးတော့လက်ရှိအချိန်အထိ လုံးဝမရှိသေးပါဘူး။ နိုင်ငံအများစုမှာတော့ အသက် ၃ နှစ်မှ ၄နှစ်အထိကို သတ်မှတ်လေ့ရှိပါတယ်။ Pre-KG ဆိုတာကတော့ ကျောင်းနေပျော်ရေးအတွက် ကစားခြင်းဖြင့် သင်ယူခြင်းကို အခြေခံပြီး ကျောင်းစတင်တက်ရတဲ့ KG အတွက် အဆင်သင့်ဖြစ်နိုင်ဖို့ Foundation ချရတဲ့အဆင့်ပါ။
ဒီအဆင့်ကလည်း ကလေးကျောင်းနေပျော်ရေးနှင့် KG တက်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပျိုးထောင်ရတဲ့အဆင့်ဖြစ်လို့ ရှေးဦးကလေးပညာရေးလို့ပင် သုံးနှုန်းပြောဆိုလို့ရပါတယ်။ ဒီအဆင့်ကကော ထားဖို့လိုသလားဆိုရင်တော့ မိဘတွေရဲ့ဆန္ဒအရ ထားလည်းရသလို မထားလည်းရပါတယ်။ ဒါကြောင့်လည်း အစိုးရက သတ်မှတ်ထားတာမျိုး မရှိသေးတာပါ။ မည်သို့ပင်ဆိုစေကာမူ မင်မင်တို့KFGမှာ Pre-KG ထားရင်တော့ ကလေးကို KG တက်တဲ့အခါအဆင်သင့်ဖြစ်စေမယ်။ ကလေးအတွက် သင်ယူရေး( Learning) ဆိုတာကို ပျော်မွေ့လာစေမယ်။
၆လပိုင်းမှာ ၅နှစ်မပြည့်သေးတဲ့ကလေးတွေအတွက် KG ထားသင့် မထားသင့်ဆိုတာကိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိသင်ရိုးညွှန်းတမ်းများအရ မထားသင့်သေးဘူးလို့ပဲ မင်မင်ကတော့အကြံပြုပါရစေ။
ကလေးက ၅နှစ်ပြည့်ဖို့ ၁လ ၂လပဲလိုတယ်။ Pre-KGလည်းတက်ထားတယ်။ KG အတွက် အဆင်သင့်လည်းဖြစ်နေပြီ။ ဉာဏ်ရည်ကလည်း လိုက်နိုင်တယ် ဖေဖေမေမေတို့ကလည်း KG ထားဖို့ အားသန်နေပြီဆိုရင်တော့ ပညာရေးဆိုင်ရာကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီး KG ထားလို့ရပါတယ်။
သို့သော် ၅နှစ်ပြည့်ဖို့ ၃ လကနေ ၇ အထိလိုသေးတယ်။ Pre-KGလည်းတက်ေတာ့ တက်ထားပြီးဖြစ်တယ်။ KG အတွက် အဆင်သင့်လည်းဖြစ်နေပြီ။ ကလေးကသွက်လည်းသွက်တယ် ဉာဏ်ရည်ကလည်း လိုက်နိုင်တယ်ဆိုပေမယ့် KG လုံးဝမထားသင့်သေးပါဘူးလို့ မင်မင် ထပ်မံအကြံပြုလိုက်ပါတယ်။
ဘာလို့လဲဆိုတော့ KG to G-12 ပညာရေး သင်ရိုးညွှန်းတမ်းအားလုံးကို မင်မင်လေ့လာကြည့်တဲ့အခါ G-3 ကစပြီး သင်ရိုးညွှန်းတမ်းတွေက အတော်လေးကိုအဆင့်မြင့်ထားတာကို တွေ့ရသလို အသက်အရွယ်အလိုက် မဖြစ်မနေသင်ကြားရမယ့် Content တွေအများစုနဲ့ ဖွဲ့စည်းထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် KG ကို ၅နှစ်ပြည့်ပြီးကလေးတွေ သင်ယူနိုင်မယ့်အတန်းလို့ ဆိုလိုထားတာကို မင်မင်လေ့လာမိပါတယ်။ KG ကို ၅နှစ်မပြည့်သေးပဲ စောလျှင်စွာအပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ အတန်းတွေကြီးလာတဲ့အခါ သင်ယူရမယ့် သင်ခန်းစာကို ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက မလိုက်နိုင်ပဲ ဖိစီးမှုတွေများပြီး သင်ယူရမှာမပျော်မွေ့တော့တဲ့ကလေးတွေ၊ သင်ယူရမှာပျင်းရိတဲ့ကလေးတွေ၊ သင်ယူရမှာ ကြောက်ရွံ့တဲ့ ကလေးတွေ ဖြစ်သွားနိုင်လို့ပဲဖြစ်ပါတယ်။
ဒါကြောင့်နိဂုံးချုပ်အနေနဲ့ မင်မင်ကတော့ ဖေဖေမေမေတို့ရဲ့ကလေးတွေအသက် ၅နှစ်ကျော်မှသာ KG ကိုထားသင့်ပြီး ၅နှစ်ပြည့်ဖို့ ၁လ ၂လသာ လိုတော့တယ်ဆိုရင်တောင် Pre-KGလည်းတက်ထားပြီးပြီလား၊ ကလေးက KG အတွက် အဆင်သင့်ဖြစ်နေပြီလား၊ ဉာဏ်ရည်ကလည်း လိုက်နိုင်ပါ့မလားဆိုတဲ့အချက်တွေနဲ့ ချင့်ချိန်သုံးသပ်ကာ ဖေဖေမေမေတို့ကလည်း KG ထားဖို့ အားသန်နေပြီဆိုရင်တော့ ပညာရေးဆိုင်ရာအကြံပေးနိုင်သူများနှင့်တိုင်ပင်ပြီး KG ထားလို့ရပါတယ်ဆိုတာကို တင်ပြရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေနော်။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Minbu