Swal Taw Auto Service - Pyin Oo Lwin
30/12/2025
ကား ပိုင်ရှင် များသည် ငွေ ထုတ်စက် မဟုတ်ပါ
တရက်မှာ ကားေလးတစ်စီးရာက်လာပါတယ်။ ဖြစ်ပုံက မောင်းနရင်း အင်ဂျင်အပူလွန်ပြီးထိုးရပ်သွားတယ်။ ခနစောင့်ပြီး ပြန်နိုးလို့ရတော့ ပိုင်ရှင်လည်း နီးစပ်ရာ ဝပ်ရှော့ ဝင်ပြရတော့တာပေါ့။ အဲ့မှာဝပ် ရှော့ ဆရာက အင်ဂျင်ကို ရေလောင်းပြီး အငွေ့တွေ ထွက်လာတာ့ တွေ့လား အင်ဂျင်လစ်သွားပြီး အင်ဂျင်ကိုင်ရမယ် ၁၅ သိန်းကုန်မယ်၊ လော လောဆယ် ပစ္စည်းဝယ်ဖို့ ၁၀ သိန်း အရင်ပေးထားခဲ့ဟု ပြောပါတယ်တဲ့။
ကားပိုင်ရှင်ကကျွန်တာ့်ဆီ ဖြစ်ကြောင်းကုန်စင် ကို ဖုန်းဆက်ပြောပြပါတယ်။ ပြီးတော့ တကယ်ပြင်ရမယ်ဆိုလည်း ကျွန် တော် ဆီမှာဘဲ ပြင်ချင်ပါတယ်ဟုဆိုကာ ၎င်းဝပ် ရှော့မှ ကားပြန်ယူပြီး ကျွန်တာ်ဆီ မောင်းလာပါတာ့တယ်။
ကားေရောက်လာတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ကြည့်တဲ့အခါ အင်ဂျင် တစ်ခုလုံး ပြန်ကိုင်ရလာက်ထိအ ခြေအနေ မရောက်တာကို တွေ့ရပါတယ်။
ပြစ်ချက်က ရေလည်အုံ coolants pump sealant မကောင်းတော့ ရေစိမ်း coolants က တစိမ့်စိမ့် ယိုကျ နေပါတယ်။ thermostat jank ဖြစ်ပြီး coolant circulation block ရေမလည်နိုင်တာကြာင့် ရေတိုင်ဂီ နဲ့ အင်ဂျင်ကြားက ရေပိုက်ကွဲထွက်ပြီး Coolant တွေ အကုန်ထွက်ကျကုန်လို့ အင်ဂျင် အပူလွန်ပြီး စက်ရပ်သွားတာဖြစ်ပါတယ်။
ကံကောင်းတာက engine overload ဖြစ်ပြီး အပူလွန်တာ မဟုတ်ဘဲ over heating ဖြစ်ဖြစ်ခြင်း စက်ရပ်ကာ နားလိုက်နိုင်တာ ဖြစ်ပါတယ်။
ကားတွေမှာ သတ်မှတ်အပူချိန်ထက် ပိုလာရင် အင်ဂျင်ပျက်ဆီးမှုမှ ကာကွယ် ပေးနိုင်ဖို့ ဆီပေး မီးပေး စနစ်ကို ECU မှ ရပ်ဆိုင်းပေးလိုက်ပြီး စက်သေသွား အောင်ပြုလုပ် ပေးထားပါတယ်။
Over heating ဖြစ်ဖြစ်ခြင်း ကားကို အနား ပေးလိုက်နိုင်ရင် gasket ပေါက်တာ၊ Bearing ဖမ်းတာ၊ Pistons ကြပ်ကုန် တာမျိုး တွေ ဖြစ်ဖို့ ခဲယဉ်းပါတယ်။ မဖြစ်ဘူးလို့ အာမခံ ပြောလို့မရပေမယ့် အင်ဂျင် ဘယ်လောက် ပျက်စီး နိုင်တဲ့ အေြခအနေကိုတာ့ ဝပ်ရှော့ ဆရာတွမှာ စစ်ဆေးအတည်ပြုနိုင်ပါတယ်။ လိုအပ်တာလေးတွေ စစ်ဆေးပြီး အကုန်ပြုပြင် ပေးလိုက်တာ့ အနာနဲ့ ဆေးနဲ့ ကွက်တိ ကျသွားတာေကြာင့် ကားေလးေကာင်းသွားပါေတာ့တယ်။
ကားပိုင်ရှင်လည်း ၁၅ သိန်းကုန်မယ် ကြားထားတာ့ အခု အားလုံး ပြင်ဆင်ပြီး ကုန်ကျစရိတ်က ၂သိန်းကျော်ဘဲ ကျတယ်ဆိုတော့ မယုံရဲ သလို ဖြစ်နေတာနဲ့ စိတ်သာချပြီးသုံးပါဗျာ စိတ်ပါရင် ရန်ကုန်ထိ တောင် မောင်းလို့ရပါ ကြောင်း ၁၀၀% အာမခံ ပေးလိုက်မှ စိတ်ချမ်းသာစွာနဲ့ လက်ခ ကျသင့်ငွေထပ်တောင် ပိုပြီး ပေးသွားပါတာ့တယ်။
ပြောချင်တာကတော့တစ်ချို့ ကားဝပ်ဆရာ တွေက မျက်ဖြူစိုက်လေ ဆရာ ကြိုက်လေ အကွက်မျိုးတွေ နဲ့ ကားပိုင်ရှင် တွေ ဆီက မတန်တဆ ဈေးေတွ ပြောကာ စေတနာ နည်းပါးပြီး ငွေညစ်တာမျိုးတွေက အင်မတန်မှ စိတ်ပျက်စရာ ကောင်းတယ် ဆိုတာပါဘဲ။
ဝါသနာ အရင်းခံပီး စေတနာ လေးထည့်ပြီး လုပ်ရင် ဘယ်လုပ်ငန်းမဆို အောင်မြင်မှာပါ။ အောင်မြင်မှု နောက်မှာ ငွေ ကြေးဆိုတာ အလိုလို လိုက်လာမှာပါဘဲ။
19/03/2025
ပြစ်ချက်ကုဒ် တွေ အများကြီး တက်နေတဲ့ VWကားလေး တစ်စီးဖြစ်ပါတယ်။ စက်ထိုးစစ်ကြည့်တော့ ပြစ်ချက်တွေက ၄ ခုလောက်တွေ့ရပါတယ်။
ပြစ်ချက်နဲ့သက်ဆိုင်တဲ့ live fault data တွေ ကြည့်တော့လည်း တိကျတဲ့အဖြေ မတွေ့ရပါဘူး။ service center မှာ သွားပြတော့လည်း ဘယ်ဘက် ABS sensor အသစ်လဲပေးလိုက်တယ် ဒါပေမယ့် ဆိုင်က ပြန်မောင်းလာတာ အိမ်မရောက်သေးဘူး ပြန်ပေါ်လာတာဘဲလို့ ဆိုပါတယ်။
ဆင်ဆာကို ဖြုတ်စစ်တော့လည်း အသစ်ဖြစ်ပါတယ်။ အဲ့တာနဲ့ စက်သေချာပြန်ထိုးပြီး wheels speed check ပြန်လုပ်တော့ ဘယ်ဖက်ဘီးက data တက်တာ မမှန်ဘူးဖြစ်နေတာကြောင့် သေချာ ပြန်စစ်ပြီး ပြင်ဆင်ပေးလိုက်မှ အဆင်ပြေသွားပါတော့တယ်။ ပြစ်ချက်က ABS ring အပိုင်းကဖြစ်တာပါ။
EU ကားတွေနဲ့ Japan ကားတွေနဲ့ မတူညီကြတဲ့ နည်းပညာကတော့ မှတ်သားစရာကောင်းလှပါတယ်။
EU ကားတွေမှာ ဆင်ဆာ တစ်ခုမကောင်းရင် သူနဲ့ ဆက်စပ်ချိတ်ဆက်ထားတဲ့ စနစ်အကုန်လုံးကို ပိတ်ပြစ်လိုက်တဲ့ စနစ်မျိုးတွေ ဖြစ်ပါတယ်။
15/03/2025
ကားတို့ရဲ့ မာယာ...
ကားေလးတစ်စီး စစ်ဆေးပေးဖို့ေရာက်လာပါတယ်။ ပြစ်ချက်ကတာ့ မောင်းေနရင်းနဲ့ တစ်ခါတစ်လ အင်ဂျင်တုန်ပြီး ရုန်းဆွဲမပါေတာ့ဘဲ စက်သေချင်သလိုလို ဖြစ်တယ်၊ အမြဲတမ်းလည်းမဟုတ် ဖောက်ချင်တဲ့ အခါမှ ထပြီးဖောက် တယ်လို့ဆိုပါတယ်။ အဲ့လိုဖြစ်ရင် ခန ရပ်ပေးထားပြီး အချိန်တစ်ခုကြာမှ ပြန်နိုးသုံးရင် လည်း အဆင်ပြေသွားရောလို့ ပြောပါတယ်။ check light လည်း မလင်းဘူးလို့ဆိုပါတယ်။
ကိုယ့်ဆီ test drive စမ်းမောင်းကြည့်တော့လည်း ပုံမှန်ပါဘဲ၊ OBD စက်ထိုးစစ်ေတာ့လည်း ဘာ DTC ပြစ်ချက်မှ မတွေ့ရပါဘူး။ နဲ့နဲ့တော့ ဦးနှောက်ခြောက်ရမယ့်ကားဖြစ်နေပြီဆိုပြီ ပိုင်ရှင်ကို အချိန် တောင်းပြီး ကားယူထားလိုက်ပါတယ်။ သူပြောသလို ပြစ်ချက်မ ပေါ်မခြင်း ကားကို လှည့်ပတ်မောင်းရတာပါ့။ အဲကွန်း ဖွင့်၊ ဂီယာကြီး တွေ ချိန်းပြောင်းလုပ် ၊ ကုန်းတက်တွေ ဖြေးဖြေးချင်းတက် စတဲ့ engine loading တွေ များများ ပေးလိုက်တဲ့အခါမှ ပိုင်ရှင်ေပြာသလို ပြစ်ချက်က စတွေ့ပါတော့တယ်။ စက်သေချင်သလိုဖြစ်လာပြီး ကားက အရုန်းအဆွဲ မရှိတော့ပါဘူး။ အတွေ့အကြုံအရတော့ ပလပ်ကွိုင် မကောင်းတာမျိုးနဲ့ တူနေတာနဲ့ ရောက်တဲ့ေနရာတင် လမ်းဘေးချရပ် စက်ဖုံးဖွင့်ပြီး ပလပ်ကွိုင်တွေ စစ်လိုက်တာ့ ၂လုံးက အလုပ်မလုပ်တာ့ပါဘူး။ ခနစက်သတ်ပြီး 15မိနစ်လောက် နေမှ စက်ပြန်နိုးတော့အကောင်းပြန်ဖြစ်သွားပါတယ်။ သေချာေအာင် ignition test လုပ်တော့လည်း အကောင်းဖြစ်ေနပါတယ်။
ဒီကားလေးရဲ့ ပလပ်ကွိုင်စနစ်က ကားအများစုမှာလို ignition coil တစ်လုံးချင်းဆီ မဟုတ်ဘဲ၊ 2လုံးတစ်တွဲ မီး ပေးစနစ်နဲ့ လာတာဖြစ်လို့ အင်ဂျင်ရဲ့ Piston ၄ ခန်းမှာ ၂လုံးတက်၊ ၂ လုံးဆင်း စနစ်နဲ့ ခုတ်မောင်းပါတယ်။ အဲ့ဒါကြောင့် ၂လုံး တစ်စုံက ဖောက်လာတဲ့ အချိန်မှာ ပစ္စတင် ခုတ်အားက ကောင်းတဲ့ ၂လုံးဘဲ ရှိတော့လို့ ကားမဆွဲတာ့တာဖြစ်ပါတယ်။
လုံးဝပျက်သွားတာလည်းမဟုတ်ဘဲ ကြောင်သွားသလို malfunction ဖြစ်နေတာ ကြောင့် ပြစ်ချက်ရှာရတာ နည်းနည်း ကြာသွားရပါတယ်။ ချက်မီး မလင်းတာကလည်း ထူးဆန်းပါတယ်။ ပုံမှန်ဆို ပလပ်ကွိုင် မကောင်းရင် engine misfire code တက်ပါတယ်။ ပလပ်ကွိုင်ဖြုတ်တတ်ရတာလည်း လွယ်ကူတဲ့ ကားမို့လို့ မြန်မြန်ဆန်ဆန် ပြစ်ချက်ဖော်ထုတ်နိုင်သွားတာပါ။
alphard လို 1 MZ engine တပ်ကားလိုမျိုးတွေမှာ ဒီလိုဖြစ်လို့ကေတာ့ ဖြုတ်တတ်လုပ်ရတာနဲ့တင် မချောင်ဘူး ဖြစ်ပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် ပညာတစ်ခု တိုးပြီး ရလိုက်လို့ အုံနာကြီးရော၊ ကိုယ်ပါ ဝမ်းသာ ရပါေတာ့တယ် ခင်ဗျာ။
12/02/2025
စက်သံ အရမ်းကြမ်းေနလို့ ဆိုပြီ ရောက်လာတဲ့ကား လေးတစ်စီးဖြစ်ပါတယ်။
စစ်ဆေးကြည့်တော့ အင်ဂျင် စလိုး idle RPM လည်နုန်းဟာ ၁၆၀၀ ကျော်လာက်ဖြစ် နေတာကို တွေ့ရပါတယ်။ စလိုးများနေတော့ အင်ဂျင်အသံဟာ ကျယ်ပြီး ဂီယာ ချိန်းလိုက်တာနဲ့ ဆောင့် ဆောင့် ထွက်နေတော့တာပါ့။ normal idle speed ဟာ 800 RPM ဝန်းကျင်သာ ရှိသင့်တာဖြစ်ပါတယ်။
ဘယ်က စဖြစ်လည်း မေးကြည့်တော့ဝပ် ရှော့တစ်ခုကနေ ပြင်ပေးလိုက်ပြီး နောက်ပိုင်းမှာ အဲ့လိုဖြစ် သွားတာလို့ဆိုပါတယ်။ သူတို့ဆီ ပြန်သွားပြတော့ Throttle body လေတံခါး အုံကြီးလဲမှ ရမယ်လို့ ဆိုပါတယ်။ လေတံခါး တစ်ခုဈးက မနည်းဘူး လေ။ ပြစ်ချက်ကေတာ့ လေတံခါး အပိုင်း ဖြစ်နိုင်ပေမယ့် တစ်ခုလုံး လဲရမယ်ဆိုတာက ေတာ့ သေချာ ေအာင်စစ်ကြည့်ဦးမယ်ဆိုပြီး ကားယူထားလိုက်ပါတယ်။
သေချာစစ်ကြည့်တာ့ လေတံခါးမဟုတ်ဘဲ IAC idle Air Control Valve အပိုင်းက ဖြစ်တာပါ။ လေတံခါးကိုလည်း သေချာဆေးကြောသန့်ရှင်းရေး လုပ်
ပေးပြီး လိုအပ်တဲ့ အခြား tuningအပိုင်းလေး တွေပါ လုပ်ပေးလိုက်တော့ ကား လေးက ပုံမှန်ပြန်ဖြစ်သွားပြီး စက်နိုးထားမှန်း မသိအောင်ကို အသံညက်သွားပါတော့တယ်။
ပြစ်ချက် အမှန်ကိုလည်း ပိုင်ရှင်ကို သေချာရှင်းပြ လိုက်တာ့မှ အုံနာကြီးလည်း ပြုံးပျော်သွားပါတော့တယ် ခင်ဗျာ...
01/02/2025
TV လေးမလာတော့တဲ့ကားလေးကို MP5 full touch screen player လေး ပြောင်းလဲ တပ်ဆင်ပေးလိုက်ပါတယ် ခင်ဗျာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Maymyo