AungThin
_ ဘဝမှာကျန်းမာနေသ၍လုပ်စရာတွေအများကြီးရှိနေမှာပါ
_ မကျန်းမာတော့တဲ့အချိန်မှာလုပ်စရာတခုပဲရှိနေမှာပါ
_ မိမိခန္ဓာက်ိုယ်ကိုယ့် တန်ဖိုးထားချစ်တတ်ခြင်းက ဘဝမှာပထမဆုံးနဲ့ အရေးကြီးဆုံးအရာပါပဲ
_ ကောင်းမွန်တဲ့အစာအာဟာရစားပြီး ကျန်းမာအောင်နေထိုင်ခြင်းက ကိုယ့်ရဲ့အဖိုးတန်ဆုံး ပိုင်ဆိုင်မူတခုကိုမြတ်နိုးစွာ တန်ဖိုးထားပြီး ဂရုစိုက် ချစ်ပေးခြင်းပါပဲ_မိတ်ဆွေ
04/02/2025
_ ကျွန်တော်တို့တွေက ပရိုတိန်းအများကြီးမစားပဲ ကြွက်သားတတ်အောင်လုပ်ဖို့ နည်းတချို့ကိုလိုက်နာသင့်ပါတယ်
_လူအများက ကြွက်သားကြီးထွားဖို့ပရိုတိန်းသောက်ရမယ်ပဲ အတွေးပဲ ခေါင်းထဲအရင်ရောက်ကြတယ်
_ လေ့ကျင့်ခန်းရဲ့အခြေခံသဘောတရားနဲ့ လူခန္ဓာကိုယ်ရဲ့လက်ခံနိုင်စွမ်းကိုနားလည်နေစေဖို့ပါ
_ အပတ်စဉ်ဆော့ရက်တွေနဲ့ သုံးစွဲရမဲ့ပရိုတိန်းစားသုံးမူကအရမ်းအရေးပါတယ်၊အာဟာရပိုင်းနဲ့လေ့ကျင့်မူအပိုင်းကို သိသာနေစေဖို့က ကြွက်သားကြီးထွားမူအတွက် အမြင့်ဆုံးအရေးပါမူပါ
_လေ့ကျင့်ခန်းများများပိုလုပ်လေ၊ကြွက်သားကြီးထွားရန်နီးစပ်နိုင်မဲ့ခံယူချက်နဲ့ လေ့ကျင့်ခန်းလုပ်နေကြတုန်းပဲလား..မိတ်ဆွေတို့
_ အလေးဝန်များကို မချိမဆန့်နဲ့ ကိုယ့်မန်ိုင်တာကိုမရင်းကြွက်သားကြီးမယ်ဆိုတဲ့ ခံယူချက်ကနေရာတိုင်းနဲ့လူတိုင်းအတွက်မဟုတ်ပါ
_ ပုံသေကားချပ်ကြီးတိုင်းမိတ်ဆွေတို့ကိုဒါလုပ်ပါ၊ ဒါစားပါ၊ ဒါဆော့ပါလို့ပြောနေရမဲ့ခေတ်တခုမဟုတ်ပါ_ မသိတာမတတ်တာအပြစ်မဟုတ်ပါ၊ သိအောင်လုပ်ရင်းနဲ့နားလည်မူအမြင်မလွဲစေနဲ့
_ အရာရာတိုင်းကိုအမြင်နဲ့အကြားသိနိုင်တဲ့ခေတ်တခုပါကွာဆိုရင်တော့မှားမယ်၊ဆရာဆိုတာနေရာတိုင်းမှာလိုအပ်တယ်
_ ဖုန်းတွေရှိလို့သိနိုင်မြင်နိုင်ပေမဲ့ ကိုယ့်တကယ်လိုက်ဆော့ကြည့်ရင် တလွဲပဲဖြစ်နေမှာပါ၊သူလိုစားပါ၊သူလိုဆော့ပါဆိုတဲ့ဂျင်းတွေနဲ့ ပျော်ပျော်ပါးပါးပဲနေချင်ရင်တော့_ မိတ်ဆွေသဘောပါ
_ ဝါသနာကိုအရင်းခံပါ၊ရေတိုရလဒ်နဲ့ကနဦးမစနဲ့ _ ဖြစ်အောင်လုပ်ချင်စိတ်ထားတာကောင်းပေမဲ့ ကိုယ့်လိုချင်တဲ့ခန္ဓာကိုယ် မဖြစ်လာသေးရင်လည်းအားမလျော့လိုက်နဲ့
_ အမှားတွေထဲက လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်မူသက်သာဖို့နဲ့နားရက်၊ဆော့ရက်ကိုသေချာplans တစ်ခုချမှတ်ထားဖို့ပါ
_ လိုချင်တဲ့ခန္ဓာက်ိုယ်တခုကို စိတ်ရှည်ရှည်တည်ဆောက်ပါ၊ဇွဲရှိပါ၊သည်းခံပါ၊ကျွန်တော်တို့နေ့စဉ်ရှင်သန်မူထဲမှာအလေ့အကျင့်ကောင်းတွေပါထည့်ထားသင့်ပါတယ်
_ လူတိုင်းမှာရှင်သန်မူအတွက်ကြိုးစားရုန်းကန်ရမယ်ဆိုတာထပ် ပိုတဲ့ပထမဆုံးဦးစားပေးမူကမိမိကိုယ့်ကိုယ်အရင်ချစ်တတ်ဖို့လိုအပ်ပါတယ်
_ ကျန်းမာလှပတဲ့ခန္ဓာကိုယ်တခုကို ကျွန်တော်တို့လူတိုင်းမှာ ပိုင်ဆိုင်ထားသင့်ပါတယ်_ မိတ်ဆွေ
#လေ့ကျင့်ခန်းရွေးချယ်မူဆိုတာကကိုယ့်ရဲ့ဝါသနာတွေထဲမှာပဲရှိနေနိုင်ပါတယ်
Click here to claim your Sponsored Listing.