AuthyLux

AuthyLux

Share

21/04/2022

Sunglasses ၀တ်ဆင်ခြင်းက မျက်လုံးကျန်းမာရေးအတွက် ဘာကြောင့်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါ၀င်ရတာလဲ ???

အခုခေတ်မှာ နေကာမျက်မှန်တစ်စုံဟာ ဖက်ရှင်အသုံးအဆောင်တစ်ခုမျှသာမဟုတ်တော့ပဲ ကျနော်တို့ရဲ့ နေ့တ‌စ်နေ့သာကိုပြီးပြည့်စုံစေတဲ့ အသုံးအဆောင်တစ်ခုဖြစ်လာခဲ့ပြီး ကျနော်တို့ရဲ့ မျက်လုံးတွေကိုကာကွယ်ပေးတဲ့နေရာမှာ အဓိကဇာတ်လိုက်ကျော်မင်းသားကြီးအဖြစ် အသုံးတော်ခံလာပြီးပဲဖြစ်ပါတယ်။ လေ့လာမှုများအရ မျက်လုံးများသည် ဒြပ်စင်၊ဖုန်မှုန့်များနဲ့ နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည် UV rays တွေကြောင့် ထိခိုက်ပျက်စီးနိုင်ကြောင်း သိရှိရပါတယ်။ နေကာမျက်မှန်ဝတ်ဆင်ခြင်းဟာ ကျနော်တို့ရဲ့ မျက်လုံးကျန်းမာရေးကို အကောင်းဆုံးအခြေ‌အနေမှာ ထိန်းသိမ်းထားနိုင်ဖို့ အကူအညီပေးပါတယ်။ ဒါအတွက်ကြောင့် ကျနော်တို့ဟာ အပြင်ထွက်တဲ့အခါတိုင်းမှာ စတိုင်ကျလှပရုံသာမက မျက်လုံးကျန်းမာရေးအတွက်ပါ နေကာမျက်မှန်ကို အမြဲတမ်း၀တ်ဆင်သင့်ပါတယ်။ တကယ်လို့ မိတ်ဆွေတို့ဟာ အပြင်ထွက်တဲ့အခါတိုင်းမှာ နေကာမျက်မှန်၀တ်ဆင်‌တဲ့ အလေ့အကျင့်မရှိကြသေးတဲ့သူများဆိုရင်တော့ အောက်ပါအချက်အလက်တွေဟာ မိတ်ဆွေတို့ချက်ချင်းစတင်၀တ်ဆင်နိုင်ဖို့ ကောင်းမွန်တဲ့ အကြောင်းအရာအချက်အလက်တချို့တွေပဲဖြစ်ပါတယ်။

☑️ မျက်လုံးရောဂါအခြေအနေများကို ကာကွယ်ပေးခြင်း

လေ့လာချက်များအရ အသားကျောက်၊အတွင်းတိမ်နဲ့ အသက်အရွယ်အရဖြစ်ပေါ်လာတဲ့ age-related macular degeneration (AMD) ဟာ နေမှလာတဲ့ခရမ်းလွန်ရောင်ခြည်တွေကို အလွန်အကျွံထိတွေ့ရာမှတဆင့်ဖြစ်ပေါ်လာတဲ့ မျက်လုံးအ‌ခြေအနေများဖြစ်သည်ဟု သိရှိထားရသည်။ တကယ်လို့မိတ်ဆွေဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တစ်စုံကို ၀တ်ဆင်ထားရင်တော့ အဆိုပါ မျက်လုံးပြဿနာဖြစ်နိုင်ချေကို လျော့ချနိုင်မှာပဲဖြစ်ပါတယ်။

☑️ ခရမ်းလွန်ရောင်ခြည်များရဲ့ ဖျက်ဆီးမှုဒဏ်မှကာကွယ်နိုင်ခြင်း

ကျနော်တို့ရဲ့မျက်လုံးများဟာ နေရောင်ခြည်ကိုအလွန်အကျွံထိတွေ့မိပါက ကျနော်တို့ရဲ့အသားအရေများကဲ့သို့ပင် UV rays ကြောင့်ထိခိုက်ပျက်စီးနိုင်ပါတယ်။ UVA နှင့် UVB ရောင်ခြည်တို့မှကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်တစ်စုံကို၀တ်ဆင်ထားရုံဖြင့် ကျနော်တို့ရဲ့ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

☑️ အရွယ်တင်နုပျိုမှုကို ထိန်းသိမ်းပေးခြင်း

နေကာမျက်မှန်တပ်တဲ့အခါ နုပျိုတယ်လို့ခံစားရလေ့ရှိကြပါတယ်။ အမှန်တကယ်လည်း နေကာမျက်မှန်တပ်ခြင်းဟာ ကျနော်တို့ကို ငယ်ရွယ်နုပျိုစေဖို့အတွက် ကူညီပေးပါတယ်။ UV rays တွေကိုကာကွယ်ပေးတဲ့ နေကာမျက်မှန်တွေက ကျနော်တို့မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ပေးပြီး ၎င်းမှဖြစ်ပေါ်လာတဲ့ မျက်လုံးတဝိုက်ကအရေပြားတွန့်ကျေခြင်း၊အရေးကြောင်းများဖြစ်ပေါ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ နေကာမျက်မှန်တပ်ခြင်း အလေ့အထသည် အသက်ကြီးလာသည်နှင့်အမျှ အရေးအကြောင်းများကို ကာကွယ်နိုင်သည်ဟု အလှအပဆိုင်ရာ ကျွမ်းကျင်သူများကဆိုကြသည်။ နေကာမျက်မှန်တပ်ခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကျနော်တို့သည် အရွယ်တင်နုပျိုမှုကိုထိန်းသိမ်းထားနိုင်ပြီး ငယ်ရွယ်နုပျိုနေပုံထင်နေရမှာပဲဖြစ်ပါတယ်။

☑️ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

လေ့လာမှုများအရ မျက်လုံးကင်ဆာများသည် ခရမ်းလွန်ရောင်ခြည်ကို လွန်ကဲစွာထိတွေ့မှုနဲ့ ဆက်စပ်နေကြောင်း ဖော်ပြထားကြပါတယ်။ UVB နှင့် UVA ရောင်ခြည်ကို လုံး၀ကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်တွေကိုအသုံးပြုခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကို ကျနော်တို့လျော့ချနိုင်မှာပဲဖြစ်ပါတယ်။

☑️ ‌ဒြပ်စင်/အမှုန်များမှ ကာကွယ်ပေးခြင်း

မိတ်ဆွေဟာ စက်ဘီးစီးခြင်း၊ နှင်းလျောစီးခြင်း (သို့) ပြေးခြင်းကဲ့သို့သော ပြင်ပလှုပ်ရှားမှုများကို နှစ်သက်သူဖြစ်ပါက မျက်လုံးများကို သဲ၊ဖုန်မှုန့်၊အညစ်အကြေးများနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ရန် နေကာမျက်မှန်တပ်သင့်ပါတယ်။ သင့်လျော်သောနေကာမျက်မှန်တွေက ကျနော်တို့မျက်လုံးများကို အလင်းပြန်နိုင်သောမျက်နှာပြင်များမှအလင်းပြန်လာသည့် အရောင်တောက်တောက်/စူးစူးအလင်းတန်းများ ဒါမှမဟုတ် ပူပြင်းလှသည့်နေရောင်ခြည်ဒဏ်များကို ကာကွယ်ပေးနိုင်ပါတယ်။ နှင်းတောထဲမှာ အချိန်ဖြုန်းရတာကို နှစ်သက်တဲ့သူတွေအနေနဲ့လည်း နေကာမျက်မှန်၀တ်ဆင်ခြင်းဖြစ် Snowblindness ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။ (Snowblindness သည် နှင်းများနှင့် ရေခဲပြင်များမှ ပြန်ကန်ထွက်လာသည့် ခရမ်းလွန်ရောင်ခြည်ပမာဏများစွာကို ထိတွေ့မိခြင်းကြောင့် အချိန်တိုအတွင်း အမြင်အာရုံဆုံးရှုံးခြင်းဖြစ်သည်။)

☑️ ပြင်းထန်သော ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်မှုအမျိုးမျိုးမှ ကာကွယ်ပေးခြင်း

အလွန့်အလွန် ပြင်းထန်တောက်ပလှတဲ့ နေရောင်ခြည်ဟာ လူတချို့အတွက် ကြောက်မက်ဖွယ်ကောင်းလောက်‌အောင် ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မှန်ကန်သင့်လျော်တဲ့နေကာမျက်မှန်တစ်စုံဟာ မလိုလားအပ်တဲ့စိတ်ရှုပ်စရာများကို ထားရစ်ခဲ့နိုင်ပြီး ကျနော်တို့လိုအပ်သလောက် နွေးထွေးတဲ့နေရောင်ခြည်ကို ခံစားရစေမှာပဲဖြစ်ပါတယ်။

☑️ အနာကျက်လွယ်အောင် အထောက်အကူပေးခြင်း

အကယ်၍ မိတ်ဆွေဟာ မျက်လုံးနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှုပြုလုပ်ထားသူဖြစ်ပါက နေကာမျက်မှန်၀တ်ဆင်ထားခြင်းဟာ မိတ်ဆွေရဲ့ မျက်လုံးကို ပြင်းထန်တဲ့နေရောင်ခြည်ရဲ့သက်ရောက်မှုဒဏ်မှ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ သည့်အပြင် နေကာမျက်မှန်၀တ်ဆင်ထားခြင်းကြောင့် မိတ်ဆွေရဲ့မျက်လုံးကို ဖုန်မှုန့်၊အညစ်အကြေးများနှင့် နေအပူရှိန်မှ ကာကွယ်ပေးပြီး ဒဏ်ရာကို ပိုမိုလျင်မြန်စွာသက်သာ‌ပျောက်ကင်းအောင် ကူညီပေးပါတယ်။

နေကာမျက်မှန်တွေက ကျနော်တို့ရဲ့ရုပ်ရည်အသွင်အပြင်ကို လန်းဆန်းသစ်လွင်နေအောင် အမှန်တကယ်အကူအညီပေးပါတယ်။ မိတ်တွေတို့အ‌နေနဲ့ သင့်လျော်မှန်ကန်တဲ့ နေကာမျက်မှန်တစ်စုံကို ရွေးချယ်ခဲ့ပါက အဆိုပါမျက်မှန်ဟာ ကျနော်တို့ကို အန္တရာယ်ရှိသော UV rays များမှပါ အကာအကွယ်ပေးနိုင်ပါတယ်။
---

(Omaha Primary EyeCare မှ “Why Sunglasses Are Important For Eye Health” article ကိုဆီလျော်အောင်ဘာသာပြန်ရေးသားထားပါတယ်)

19/04/2022

ရေစိုခံလား? ရေစိမ်ခံလား? မမေးပါနဲ့ခဗျာ။ ဒီဆောင်းပါး ဖတ်ကြည့်ကြပါ...✌

Water Resistance ဆိုတာဘာလဲ ?
Waterproof နဲ့ ဘယ်လိုကွာခြားမှုရှိလဲ ?

💢 ကျနော်တို့ နာရီတစ်လုံးကို ၀ယ်တော့မယ်ဆိုရင် နာရီပေါ်က အကြောင်းအရာတွေကို အရင်ဆုံးကြည့်ပြီးမှ ၀ယ်ယူလေ့ရှိတယ်မဟုတ်လား။ ဥပမာ နာရီက ဘာနဲ့လုပ်ထားတာလဲ။ ဘာ Movements ကိုအသုံးပြုထားလဲ ။ မှန်ကရော ဘယ်လိုအမျိုးအစားလဲ။ Watar resistance ကရော ဘယ်လောက်လဲ အစရှိသဖြင့်ပေါ့။ အဲဒီအချက်တွေထဲက Water resistance အကြောင်းလိုရင်းတိုရှင်းလေးပြောပြချင်ပါတယ်။ ဦးစွာ ပထမဆုံး water resistance နဲ့ waterproof နဲ့လုံး၀ မတူပါဘူး။ ပြီးတော့ ဘယ်နာရီမှလဲ completely waterproof ဆိုပြီးမပြောထားပါဘူး။ Water Resistance နာရီတွေနဲ့ပတ်သတ်ပြီးတော့ Depth တွေအပေါ်မူတည်ပြီးကွဲပြားခြားမှုတွေရှိပါတယ်။

⌚ ပုံမှန် Dress Watch တစ်ခုအနေနဲ့ water resistance အနိမ့်ဆုံးဖြစ်တဲ့ 30 meter or 3 bar အနည်းဆုံးရှိတတ်ပါတယ်။ ဒါက သာမန်နေ့တွေမှာ ကျနော်တို့နာရီတွေကို ‌ရေ၀င်မှာစိတ်ပူစရာမလိုပဲ၀တ်ဆင်နိုင်မှာပဲဖြစ်တယ်။ ပုံမှန်လက်ဆေးရုံ ဒါမှမဟုတ် မိုးလေးတဖွဲဖွဲမိရုံနဲ့ နာရီထဲကို အလွယ်တကူရေ၀င်မှာမဟုတ်တာပဲဖြစ်ပါတယ်။ ဒါမယ့်ရေကူးကန်ထဲကနေ ဒိုင်ဗင်ထိုးခြင်းကတော့ 3 Bar resistance ပဲရှိတဲ့နာရီထဲကို ရေ၀င်ရောက်နိုင်ပါတယ်။ ဒီနေရာမှာ Water Resistance တွေမှာတွေ့ရတဲ့ Depth တွေက Pressure ကိုကိုယ်စားပြုတာပဲဖြစ်ပါတယ်။ 3 Bar resistance ပဲရှိတဲ့ ရှိတဲ့ နာရီအနေနဲ့တော့ ရေချိုးတဲ့ အခါ (or) ရေကူးတဲ့ အခါ နာရီမ၀တ်ဆင်ဖို့အကြံပေးထားပါတယ်။ 30 m နဲ့ 50 m ကြားနာရီတွေနဲ့ နာရီ၀တ်ပြီးရေကူးခြင်းကို ရှောင်ရှားသင့်ပါတယ်။

⌚ 100 m watar resistance ရှိပြီး (screw down crown) crown နဲ့ case ကြားမှာ gaskets နဲ့ internal threads တွေကို အသုံးပြုကာ lock လုပ်ထားပြီး completely sealed case ဖြစ်လို့ရှိရင်တော့ ရေကူးကန်ထဲကိုယူဆောင်သွားနိုင်ပါတယ်။ တချို့ နာရီတွေမှာ screw down crown ဒါမှမဟုတ် အထဲဖိနှိပ်ပြီးသွင်းရတဲ့ screw down pusher မပါရှိလို့ရှိရင်တော့ completely sealed case မဟုတ်တာမို့ 100 m water resistance ဖြစ်လင့်ကစား အဆိုပါနာရီနဲ့ ရေကူးခြင်းကိုတော့ အကြံ‌မပေးချင်ပါဘူး။ Water resistance က moisture တစ်ခုထဲကိုဆိုလိုတာမဟုတ်ပဲ pressure ပြောင်းလဲမှုနဲ့လည်းဆိုင်တာမို့ ရုတ်တရက်အရှိန်အဟုန်နဲ့ ရေ၀င်ရောက်ခြင်းကိုကာကွယ်နိုင်ဖို့ 100 m နာရီ‌ဖြစ်သော်ငြားလည်း ရေကူးကန်ထဲမှာ ဒိုင်ပင်ထိုးခြင်းကိုတော့ ရှောင်ရှားစေချင်လိုပါတယ်။

⌚ တကယ်တမ်းမှာတော့ ဘယ် resistance ပဲရှိရှိ နာရီကို ကောင်းမွန်ရှည်ကြာစွာပတ်ဆင်ချင်ရင်တော့ ရေချိုးတဲ့အခါ နာရီမ၀တ်ဆင်ခြင်းက အကောင်းဆုံးဖြစ်မှာပါ။ ဆပ်ပြာနဲ့ ‌ရေ‌နွေးငွေ့တွေဟာ ကျနော်တို့နာရီတွေမှာ ရေလုံ‌အောင်တပ်ဆင်ထားပေးတဲ့ Gasket တွေကိုထိခိုက်နိုင်လို့ပဲဖြစ်ပါတယ်။

⌚ 300 m resistance ကတော့ Dive watch တစ်လုံးမှာရှိတဲ့ Standard Rating ပဲဖြစ်ပါတယ်။ အဆိုပါ 300 m ရှိတဲ့နာရီတွေကတော့ day to day activities တွေနဲ့ scuba diving တို့လို အပျော်တမ်းအပန်းဖြေအားကစားနည်း‌တွေအတွက် သင့်လျော်ပါတယ်။ နာရီ၀တ်ဆင်ပြီး ရေငုတ်မယ်ဆိုရင်တော့ Gaskets နဲ့ Seals လုံမလုံကို သေချာလေးပုံမှန်‌စစ်ဆေးဖို့တော့ recommend ပေးထားပါတယ်။

⌚ 300 m ထက်ပိုတဲ့ Planet Ocean တို့၊ Sea-Dweller တို့လို depth မြင့်ပြီး ရေအနက်ကြီးထိ pressure ဒဏ်ခံနိုင်အောင် ပြုလုပ်ထားတဲ့ နာရီတွေလည်းရှိပါတယ်။ 1220 m ရှိတဲ့ ရေအနက်ထဲကိုတော့ Rolex Oyster Perpetual Date Sea-Dweller ကြီး၀တ်ပြီး ဘယ်လူသားမှ ‌ငုတ်မှာမဟုတ်ပေမယ့်လည်း ယနေ့ခေတ် နာရီ Company ‌တွေရဲ့ Water Resistance နည်းပညာမြင့်မားလာမှုကတော့ အထင်ကြီးလေးစားစရာကောင်းလှပါတယ်။ မည်သို့ပင်‌ဆိုစေကာမူ မိမိတို့ရဲ့နာရီတွေကို အကောင်းဆုံးပုံစံမှာ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့သတိပြုစရာအချက်တွေကိုရှောင်ရှားပြီး ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်သင့်‌ကြောင်း ‌အကြံပေးလိုပါတယ်။

Photos from AuthyLux's post 18/04/2022

Sale Post အနေနဲ့ မRunဖြစ်တာ ရက်အတော်ကြာသွားပြီမို့ AO Original Optical Comet နေကာမျက်မှန် အသစ် အစစ် တစ်လက်နဲ့ မိတ်ဆွေတို့ကို ပြန်လည်မိတ်ဆက်ပေးလိုက်ပါတယ်ခဗျာ...

American Original Optical Comet

Type - Sunglasses
Polarized Or Non-polarized - Non-polarized
Size - 58/18
Condition - 100% New 100% Authentic

Websiteတွေမှာတောင် ရှာလို့မတွေ့နိုင်တော့တဲ့ AO Comet
Vintageထက်ကို ပိုပြီး Vintageဖြစ်နေတဲ့ AO Comet
လက်ရှိကော နောက်နှစ်များမှာပါ ရှာလို့မရနိုင်အောင် ရှားသွားပြီဖြစ်တဲ့ AO Comet အသစ်အစစ်တစ်လတ် Instockရှိနေပါပြီခဗျာ။ Oldskool လို အထာမျိုးကြိုက်တဲ့သူတွေအတွက် ရွေးကို ရွေးချယ်သင့်ပါတယ်လို့ အကြံကောင်းပေးပါရစေခဗျာ။

မူရင်းဈေး- 160,000 mmk
ရောင်းဈေး- 125,000 mmk

KBZ Pay ဖြင့် ငွေချေလို့ရပါတယ်ခဗျာ။
% ထပ်တိုး လုံးဝ (လုံးဝ) မကောက်ခံပါခဗျာ။✔
ပစ္စည်းရောက် ငွေချေစနစ် လက်မခံပါခဗျာ။❌
ငွေကြိုလွှဲစနစ်သာ လက်ခံပါတယ်ခဗျာ။✔

မော်လမြိုင်မြို့အတွင်း အိမ်အရောက် ငွေချေစနစ်ဖြင့် ဝယ်ယူ အားပေးနိုင်သလို အခြားသောမြို့များမှဖြစ်ခဲ့လျှင်လဲ ​ကားဂိတ်အရောက်တင်ပြီး ပို့ပေးပါတယ်ခဗျာ။

Want your business to be the top-listed Jewelery/watch Store in Mawlamyine?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mawlamyine