Enjoy English
14/05/2026
ကလေးတွေ Grammar ကိုလည်း ပိုင်နိုင်စေမယ်၊ စကားပြောဖို့လည်း အားပေးမယ့် Worksheet ပေါင်းများစွာရှိတဲ့ Website ကောင်းတစ်ခု
ဒီ website လေးကို တီချယ်ကတော့ အတန်းထဲမှာ ဖတ်စာအုပ်ထဲက exercises တွေအကုန်သင်ပြီးသွားတဲ့အခါ ထပ်ဆောင်းအနေနဲ့ ဂိမ်းဆော့ပေးရင်း သုံးပေးဖြစ်နေပါတယ်
ဒီ Worksheets တွေသုံးပေးရင် ကလေးတို့ရဲ့ Grammar နဲ့ Speaking အတွက် ဘယ်လို အထောက်အကူပြုနိုင်လဲဆိုတော့
- ဒီ website က worksheets တွေဟာ Grammar rules တွေကို ခြောက်ကပ်ကပ် ရေးထားတာမျိုး မဟုတ်ဘဲ ရုပ်ပုံလေးတွေ၊ ပျော်စရာ Activities လေးတွေနဲ့ ဖော်ပြထားတာကြောင့် ကလေးတွေက Structure တွေကို အလွယ်တကူ မှတ်မိသွားစေပါတယ်။
- Worksheet တစ်ခုကို ဖြည့်ပြီးသွားရုံနဲ့ မပြီးပါဘူးနော်။ တီချယ်ကတော့ တိရစ္ဆာန်လေးတွေအကြောင်း Worksheet ဖြည့်ပြီးရင် "Which animal do you like? Why?" ဆိုပြီး ကလေးကို ပြန်မေးခြင်းအားဖြင့် Grammar ကို Speaking အဖြစ် ချက်ချင်း ပြောင်းလဲအသုံးချခိုင်းပါတယ်။
- အခြေခံ "Verb to be" ကနေစလို့ "Prepositions," "Tenses" စတဲ့ ခက်ခဲတဲ့ Grammar ပိုင်းတွေပါပါတာမို့ ကလေးတို့ရဲ့ level အလိုက် သုံးပေးနိုင်ပါတယ်။
💡 ဒီ website လေးကို သုံးတဲ့အခါ တီချယ် အကြံပေးချင်တာလေးတစ်ခုကတော့
ကလေးကို Worksheet တစ်ခု ဖြည့်ခိုင်းတဲ့အခါ ရေးရုံတင်မဟုတ်ဘဲ သူဖြည့်လိုက်တဲ့ ဝါကျတိုင်းကို အသံထွက်ပြီး ဖတ်ခိုင်းပါ။ အဲဒါမှသာ မျက်စိက Grammar ကို မှတ်မိပြီး ပါးစပ်က Speaking အတွက် အကျင့်ဖြစ်သွားမှာပါရှင်။
ဒီ Worksheets လေးတွေကို print ထုတ်ပြီး အိမ်မှာ တူတူ ဂိမ်းပြိုင်ပွဲလေးတွေ လုပ်ပေးကြည့်ပါ။ ဘယ်သူက Grammar ပိုမှန်အောင် ပြောနိုင်မလဲဆိုတာမျိုး ဆော့ပေးခြင်းက ကလေးအတွက် သင်ယူမှုကို ပိုပျော်စရာကောင်းစေမှာပါနော် ✨
သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ Grammar အခြေခံခိုင်မာပြီး Speaking မှာ ထိပ်ဆုံးက ဖြစ်စေဖို့ ENJOY ENGLISH က အမြဲ အတူရှိနေမှာပါရှင်။
သင်တန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့လည်း Page messenger သို့မဟုတ် Telegram မှာ အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။
စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ကလေးများအတွက်... ENJOY ENGLISH 🌟
11/05/2026
သင်တန်းတက်ပြီး ထိရောက်မှုတကယ်ရှိရဲ့လားဆိုတာ....
Speaking ပဲပြောထွက်ရုံပဲမဟုတ်ဘဲ Grammar မှန်မှန်ကန်ကန်ရော ပြောတတ်ရဲ့လားဆိုတာကို စစ်ဆေးကြည့်နိုင်မယ့်၊
မိဘတွေ သတိထားကြည့်ရမယ့် "ကလေးရဲ့ အင်္ဂလိပ်စာ တိုးတက်လာတဲ့ လက္ခဏာ (၃) ချက်" ကို ဝေမျှပေးချင်ပါတယ်ရှင်။
၁။ စကားလုံးတွေကို ဘာသာမပြန်တော့ဘဲ တိုက်ရိုက်ပြန်ဖြေလာနိုင်တဲ့အခါ
ဒါက အလွန်ကြီးမားတဲ့ တိုးတက်မှုပါ။
အရင်က မေးခွန်းတစ်ခုမေးရင်
ခေါင်းထဲမှာ မြန်မာလိုအရင်ပြန်၊
ပြီးမှ အင်္ဂလိပ်လို စဉ်းစားပြီး ပြန်ဖြေတတ်ပေမဲ့
အခုအခါမှာတော့ ကြားကြားချင်း
တိုက်ရိုက် အင်္ဂလိပ်လို ပြန်ဖြေလာနိုင်တာဟာ ကလေးရဲ့ ဦးနှောက်က အင်္ဂလိပ်စာကို "Thinking Process" ထဲ ထည့်သွင်းနိုင်လာပြီဆိုတဲ့ သဘောပါ
၂။ စကားလုံးတစ်လုံးချင်းစီ မဟုတ်ဘဲ ဝါကျအပြည့်အစုံနဲ့ ပြောဆိုနိုင်တဲ့အခါ
ဥပမာ - "Apple" လို့ တစ်လုံးတည်း ပြောမယ့်အစား
"I want an apple, please."
ဒါမှမဟုတ် "This is a red apple." ဆိုပြီး
ဝါကျအပြည့်အစုံနဲ့ ယုံကြည်မှုရှိရှိ ပြောနိုင်လာတာမျိုးဆိုရင်
ဒါဟာ ကလေးရဲ့ ဝေါဟာရကြွယ်ဝမှုနဲ့ Grammar တည်ဆောက်ပုံကို
ပိုနားလည်လာတာကို ပြသနေတာပါ
၃။ Grammar အမှားတွေ သိသိသာသာ လျော့နည်းလာတဲ့အခါ ✍️
"I goes" လို့ ပြောမယ့်အစား
"I go" လို့ မှန်ကန်အောင် ပြောလာတာမျိုး၊
Subject နဲ့ Verb ကို မှန်မှန်ကန်ကန် တွဲသုံးလာနိုင်တာမျိုးတွေဟာ
အခြေခံခိုင်မာတဲ့ လက္ခဏာတွေပါ
တီချယ်တို့ Enjoy English မှာဆိုရင်...
ကလေးတွေရဲ့ ဒီလို တိုးတက်မှုအဆင့်ဆင့်ကို အမြဲမပြတ် စောင့်ကြည့်ပေးနေပါတယ်။
လစဉ်စာမေးပွဲအမှတ်တွေသာမကဘဲ
ကလေးက ဘယ်လောက်အထိ လက်တွေ့ အသုံးချနိုင်လာပြီလဲ၊
ဘယ်လောက်အထိ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာပြီလဲဆိုတာကို အဓိကထားပြီး လေ့ကျင့်ပေးနေပါတယ်
မိဘတို့ရဲ့ သားသားမီးမီးတို့ဆီမှာရော ဒီလို တိုးတက်မှုလေးတွေ တွေ့နေရပြီလား?
ကလေးတွေရဲ့ အင်္ဂလိပ်စာ Grammar နဲ့ Speaking အရည်အချင်းကို အခုထက်ပိုပြီး မြှင့်တင်ပေးချင်တယ်ဆိုရင်တော့ တီချယ်တို့ Enjoy English က အမြဲ စောင့်ကြိုနေပါတယ်ရှင်။
သင်တန်းစုံစမ်းလိုတဲ့ မိဘများအနေနဲ့ Page messenger သို့မဟုတ် Telegram မှာ အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။
စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့ ကလေးများအတွက်... ENJOY ENGLISH 🌟
06/05/2026
အခုဆိုရင် Enjoy English ဟာ ပိုပြီးတိုးပွားလာတာနဲ့အမျှ သင်ယူသူ တစ်ဦးချင်းစီအတွက် ပိုမိုထိရောက်ပြီး ပိုကောင်းမွန်တဲ့ သင်ကြားမှု အတွေ့အကြုံတွေကို ပေးနိုင်ဖို့အတွက် တီချယ်တို့ရဲ့ Page တွေကို ကဏ္ဍအလိုက် ခွဲခြားပြီး အာရုံစိုက်ပြင်ဆင်ထားကြောင်း သတင်းကောင်းပါးချင်ပါတယ်ရှင်။ ပြောင်းလဲပြင်ဆင်ထားတာ အချိန်အနည်းငယ်ကြာရှိပေမဲ့ အခု post လေးနဲ့ Official announcement လေးတစ်ခုအနေနဲ့ လုပ်ချင်ပါတယ်ရှင်။ ✨
ENJOY ENGLISH 🌟
ဒီ Page လေးကတော့ သားသားမီးမီးတို့အတွက် "Grammar Foundation & Speaking" ကိုပဲ သီးသန့် အလေးပေးသွားမယ့် နေရာလေးပါ။
- ကလေးတွေအတွက် အခြေခံ Grammar စည်းမျဉ်းတွေကို နားလည်ရလွယ်အောင် သင်ပေးခြင်းနဲ့ ယုံကြည်မှုရှိရှိနဲ့ စကားပြောလာနိုင်အောင် Speaking skill ကို လေ့ကျင့်ပေးတဲ့ Grammar + Speaking အတန်းတွေကို ဒီ ENJOY ENGLISH page မှာပဲ ဖွင့်လှစ်သွားမှာပါရှင်
မိဘများအနေနဲ့ သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ Grammar နဲ့ Speaking အတွက် ဒီ Page လေးမှာပဲ ဆက်လက်ရှိနေပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
-----------------------------------
English speaking တိုးတက်ချင်တဲ့ Adult learners များအတွက်…….
လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာနဲ့ လူကြီးတွေအတွက် သီးသန့်လေ့လာချင်သူများအတွက် "Ash on English" ဆိုတဲ့ Page အသစ်လေးမှာ ပြောင်းလဲ လေ့လာနိုင်ပါပြီရှင်။
- Speaking Focused: စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ လုပ်ငန်းခွင်မှာ တကယ် အလုပ်ဖြစ်မယ့် စကားပြောပုံ စကားပြောနည်းများ။
- Business & Workplace English: အစည်းအဝေးလုပ်ခြင်း၊ အင်တာဗျူးဖြေခြင်းနဲ့ လုပ်ငန်းစသုံးအင်္ဂလိပ်စာ အသုံးအနှုန်းများ။
- Professional Growth: လူကြီးတွေအတွက် သီးသန့်ပြင်ဆင်ထားတဲ့ English Speaking Content တွေကို ဒီမှာပဲ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
Adult learners များအနေနဲ့ အခုပဲ "Ash on English" Page လေးကို Like & Follow လုပ်ပြီး တီချယ်နဲ့အတူ လက်တွေ့ကျတဲ့ အင်္ဂလိပ်စာတွေကို လေ့လာလိုက်ရအောင်နော်။ (Comment မှာ Follow လုပ်ထားနိုင်ဖို့ Social media links လေးတွေ ချပေးထားပါတယ်ရှင်)
English စာသင်ယူနေသူတိုင်းအတွက် အသက်အရွယ်မရွေး အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ပြီး ပြင်ဆင်လိုက်တာဖြစ်လို့ တီချယ်တို့နဲ့တူတူ English လေ့လာတဲ့ခရီးစဉ်မှာ အတူတူ ဆက်ရှိနေပေးကြဦးမယ်လို့ မျှော်လင့်ပါတယ်ရှင်။
သင်တန်းစုံစမ်းလိုသူများအနေနဲ့ သက်ဆိုင်ရာ Page messenger များမှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။
စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့... ကလေးများအတွက် ENJOY ENGLISH🌟
လုပ်ငန်းခွင်မှာ ယုံကြည်မှုရှိရှိနဲ့ English လို ပြောဆိုဆက်သွယ်နိုင်ဖို့... ASH ON ENGLISH 💼
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Online Class
Mandale