MGK Design & App Service
03/01/2023
အောင်မြင်မှုဆိုတာ အခက်အခဲတွေနဲ့တည်ဆောက်ထားတာပါ..။
ကြိုးစားပေမယ့်လည်း ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါတွေရှိတယ်..။ လဲကျတဲ့အခါရှိတယ်..။
အဲဒီအခါမျိုးမှာ စိတ်ဓာတ်မကျပါနဲ့..။ ဆက်ကြိုးစားပါ..။
“ လဲကျမှုတွေက ပိုပြီးသန်မာစေတယ်..။
ကျရှုံးမှုတွေက ပိုပြီးတော့ ခွန်အားဖြစ်စေတယ်..။ “
ဇွဲ၊ လုံ့လ ၊ဝီရိယ ပေါင်းစပ်ထားတဲ့ ကြိုးစားမှုက အချိန်တန်လာတဲ့အခါ အောင်မြင်မှူကို ဆောင်ကျဉ်းပေးမှာပါ..။
အောင်မြင်တဲ့ ဘဝ ကိုလိုချင်ရင်..
ကျရှုံးမှူတွေကနေ ရူန်းထွက်ပါ..။
မှားယွင်းမှုတွေကနေ သင်ခန်းစာယူပါ..။
ဆုံးရှုံးမှူတွေကို ပြန်မတမ်းတပါနဲ့..။
ဝေဖန်မှုတွေကို အလေးထားပါ..။
ကဲ့ရဲ့မှုတွေကို မကြားချင်ယောင်ဆောင်ပါ..။
တိုက်ခိုက်မှုတွေကို ရင်ဆိုင်ပါ..။
ဘဝမှာ ဘယ်အရာမှလွယ်လွယ်မရဘူး..။
အောင်မြင်မှူကို လိုချင်ရင် အောင်မြင်မှုနဲ့ထိုက်တန်တဲ့
အနေအထိုင် ၊ အပြောအဆို ၊ စိတ်နေစိတ်ထား ကိုတော့ နှလုံးသားမှာ မွေးမြူထားရမယ်..။
U Hlaing Kyaw Tun
02/12/2021
Cover Photo နဲ့ Profile Picture
ဘာကြောင့်အရေးကြီးလဲ 🙄🤔😒
**************************************
တစ်စုံတစ်ယောက်က Friend လာ add လို့ လက်မခံသေးခင် သူ့အကောင့်ထဲကို အရင် ဝင်ကြည့်တဲ့အခါ ပထမဆုံးတွေရမှာက သူ့ရဲ့ Cover Photo နဲ့ Profile Picture ပါ။
Page တစ်ခုက Invite လာလုပ်လို့ အဲဒီ Page ထဲဝင်ကြည့်ရင် အရင်ဆုံးတွေရမှာကလည်း Cover Photo နဲ့ Profile Picture ပါပဲ
Cover Photo နဲ့ Profile Picture ကိုကြည့်ပြီး ဒီ Account ပိုင်ရှင်က ဘယ်လို လူစားမျိုးလဲ ဘယ်လို စိတ်ဓာတ်လဲ ဆိုတာ ခန့်မှန်းအကဲခတ်ကြသလို..
Page ဆိုရင်လည်း ဂျင်းPage လား ၊ မမှန်တကယ် အလုပ်လုပ်နေတဲ့ Page လားဆိုတာ Cover Photo နဲ့ Profile Picture ကိုကြည့်ပြီး ဆုံးဖြတ် တတ်ကြပါတယ်..။
Social Media ကို သာမာန် အပျော်သက်သက် အသုံးပြုနေသူတွေအတွက် Cover Photo နဲ့ Profile Picture က အရေးသိပ်မပါပေမယ့်
Social Media ကို စီးပွားရေးလုပ်ငန်းသုံးအနေနဲ့ အသုံးပြုနေကြသူတွေအတွက် Cover Photo နဲ့ Profile Picture က သိပ်ကို အရေးကြီးပါတယ်..။
Cover Photo တစ်ခုမှာဆိုရင် ကိုယ့်လုပ်ငန်းရဲ့
👉 ထုတ်ကုန်ပစ္စည်း
👉 နေရပ်လိပ်စာ
👉 ဖုန်းနံပါတ်
👉 အီးမေးလိပ်စာ
👉 ကြော်ငြာစာသား
.. စတဲ့ လုပ်ငန်းအချက်အလက်တွေ ထည့်သွင်းဖော်ပြထားလို့ ရပါတယ်..။
Profile Picture မှာဆိုရင်လည်း ကြည့်လိုက်တာနဲ့ ဘာလုပ်ငန်းမှန်း ၊ ဘာရောင်းတာမှန်း သိသွား စေလောက်တဲ့ Logo အမှတ်တံဆိပ် တစ်ခု ထည့်ထားသင့်ပါတယ်..။
ကုန်အမှတ်တံဆိပ် Logo ဖန်တီးမယ်ဆိုရင် ကိုယ်လုပ်ငန်းနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းဖြစ်ဖို့လိုပြီး ကိုယ့်ရဲ့ လုပ်ငန်းအမည် ထင်ရှားပြတ်သားမှု ရှိရပါမယ်..။
ကိုယ့်ရဲ့ Cover ရဲ့ Profile Picture ကို ဝင်ကြည့်လိုက်တာနဲ့ ကိုယ့်လုပ်ငန်းရဲ့ Data တွေ Customer ဆီ တိုက်ရိုက် ရောက်သွားမှာဖြစ်သလို ယုံကြည်မှုလည်း ဖြစ်စေပါတယ်..။
နာမည်ကြီး Page တွေမှာ ဘယ်လိုဒီဇိုင်းတွေ ဖန်တီးထားတယ်ဆိုတာ သွားရောက်အတုယူပြီး မိမိရဲ့ Cover Photo နဲ့ Profile Picture အကောင်းဆုံး ဖြစ်အောင် ဖန်တီးကြည့်ဖို့ တိုက်တွန်းပါရစေ..။
အားလုံးကို ကျေးဇူးတင်ပါတယ်..။
Mg Kyaw
Design & App Service
(Cover Photo နဲ့ Profile Picture ဒီဇိုင်းအတွက် ကိုယ်တိုင်ရေးဆွဲဖို့ အခက်အခဲရှိရင် MGK မှ ဈေးနှုန်းချိုသာစွာနဲ့ ဝန်ဆောင်မှုပေးနေပါတယ်..)
03/11/2021
ထောင်ပြီးရင်ဘာဆက်လုပ်မလဲ...
ခုခေတ်က အွန်လိုင်းမှာ ဈေးရောင်းကြတဲ့ခေတ်..။ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေကြည့်လိုက်ရင်လည်း အပြိုင်အဆိုင် ဈေးရောင်းနေကြတာ တွေ့ရတယ်။
ဈေးရောင်းကြတဲ့အခါမှာ တစ်ချို့ကအတော်လေး စနစ်ကျတယ် ။ ရောင်းလည်းရောင်းရတယ်..။ ရောင်းလဲ ရောင်းတတ်တယ်။
တချို့ကျ အွန်လိုင်းမှာသာ ဈေးရောင်းနေကြတာ အွန်လိုင်းအကြောင်းသိပ်မသိ။ ခပ်စိမ်းစိမ်းရယ်။ ပို့စ်တွေတင်ပြီး ဈေးမရောင်းရ။ မရောင်းရတော့ စိတ်ဓာတ်တွေကျပြီး ဆက်မရောင်းတော့ဘူး။
အဲလိုလူတွေရဲ့ အဓိက အမှားက ဈေးရောင်းချင် ဇောကြီးတာပါပဲ။ ခုပဲ Page ထောင်တယ်..။ ခုပဲ ပို့စ်တင်ပြီး စရောင်းတယ်။ ခုပဲ အော်ဒါတွေတတ်ပြီး အများကြီးရောင်းရချင်တာ..။
အွန်လိုင်းမှာဈေးရောင်းရတာ အဲ့လောက် မလွယ်ပါဘူး..။ အချိန်ပေးရပါတယ်..။ စိတ်ရှည်ရပါတယ်..။ ဈေးကွက်တစ်ခုကို ရှာဖွေရပါတယ်..။
ခုပို့စ်လေးက အဲဒီလူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော် သိသလောက်မျှဝေပေးလိုက်တာပါ..။
1. Business Suite Application ကိုသုံးပါ။
Mobile Phone ကို Page ကိုအသုံးပြုတယ်တယ်ဆိုရင် Facebook Application ကနေသုံးထာထက် Page အတွက် သီးသန့်ထုတ်ပေးထားတဲ့ Business Suite Application ကိုသုံးတာ ပိုပြီးအဆင်ပြေပါတယ်။
Business Suite ထဲမှာ Page နဲ့ပတ်သက်ပြီး Setting အတော်များများကို ချိန်လို့ရသလို ကိုယ့် Page ရဲ့ Insight ကိုလည်း ပြန်စစ်လို့ရပါတယ်..။
2. Page ကို Like များအောင်အရင်လုပ်ပါ။
Page တစ်ခုထောင်ပြီးပြီဆိုတာနဲ့ ကြောင်ငြာပို့စ်တွေ အရင်မတင်ဘဲ ကိုယ့် Page ကို Like များများရအောင် အရင်လုပ်ရပါမယ်..။
တချို့က ဟာသဗီဒီယိုလေးတွေ တင်ပြီး Like ရအောင်လုပ်တယ်..။ တချို့က လူစိတ်ဝင်စား လောက်မယ့် စာတွေ သတင်းတွေကို တင်ကြတယ်..။ အဲဒါတွေက မှန်မလိုနဲ့ မှားပါတယ်..။ Like ရချင်ရနိုင်ပေမယ့် ကိုယ်ရောင်း မယ့် ပစ္စည်းကို ကြိုက်တဲ့သူ ဖြစ်ချင်မှဖြစ်မယ်...။ တကယ်လုပ်ရမှာက ကိုယ်ရောင်းတဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး ဗဟုသုတ ဖြစ်မယ့် ဗီဒီယိုင်ဖိုင်တွေ ၊ စာတွေ တင်ပေးရမှာပါ..။
ကိုယ်က အလှပြင်ပစ္စည်းရောင်းတယ်ဆိုရင် သဘာဝအတိုင်းအသားအရည်လှနည်း၊ ဆောင်ရန် ရှောင်ရန်ပို့စ်လေးတွေတင်ပေးရပါမယ်..။ ဒါမှ အလှအပကို စိတ်ဝင်စားတဲ့သူတွေပဲ ကိုယ့် Page ကို Like လာလုပ်ကြမှာပါ။
စက်ချုပ်ဆိုင်ဆိုရင်လည်း ပိတ်စရွေးနည်းတွေ ၊ အင်္ကျီချုပ်ပုံလေးတွေ တင်ပေးလို့ရသလိုပဲ တခြားလုပ်ငန်းဆိုရင်လည်း လုပ်ငန်းနဲ့ ဆက်စပ်တဲ့ မှတ်သားစရာ စိတ်ဝင်စားစရာလေးတွေ တင်ပေးမယ်ဖို့ လိုပါတယ်..။
3. Reach များများရပါစေ..။
Page မှာ တင်လိုက်တဲ့ ပို့စ်တစ်ခုမှ Like, Comment ထက် Reach ရဖို့က ပိုအရေးကြီးပါတယ်..။ ဈေးရောင်းတယ်ဆိုကတည်းက ကိုယ့်ပို့စ်ကို လူများများတွေ့စေချင်လို့ပါ။ ကိုယ့် Post ကို Share များလေလေ
Reach ပိုရောက်သလို Comment များရင်လည်း ကိုယ့်ပို့စ်ကို လူပိုတွေ့ပါတယ်..။ ဒါကြောင့်မို့ Post တစ်ခုတင်ပြီးတာနဲ့ ကိုယ်တင်တဲ့ပို့စ်နဲ့ သက်ဆိုင်တဲ့ Facebook Group တွေဆီကို ပြန် Share ပါ..။ Comment
တွေကို တစ်ခုချင်း Reply ပြန်ပေးပါ..။
4. ကိုယ့် Page ကို Like လုပ်ထားတဲ့ ပရိတ်သတ်နဲ့ အဆက်မပြတ်ပါစေနဲ့..။
မမြင်တာကြာရင် မေ့သွားတတ်တာက လူတွေရဲ့သဘာဝပါ..။ ကိုယ့် Page ကို Like လုပ်ထားသူတွေရှိပေမယ့်လည်း ကိုယ်က Post ပုံမှန်မတင်ဘူး၊ တစ်ခါတလေမှပဲတင်မယ်ဆိုရင် လူတွေရဲ့စိတ်မှာ ကိုယ့်Page ကို စွဲမနေပါဘူး..။
အဲ့ဒီလိုမဖြစ်အောင် Page မှာ ပို့စ်လေးတွေ မပြတ်တင်ပေးရပါမယ်.. ။ တစ်ပတ်မှာ ဘယ်နှစ်ပို့စ်တင်မယ်ဆိုတာ သတ်မှတ်ပြီး အချိန်မှန်မှန်တင်ပေးရပါမယ်..။ Reach များတဲ့ Post တွေ ၊ အကြောင်းအရာမျိုးတွေကို မှတ်ထားပြီး
အလားတူ ပို့စ်မျိုး အကြောင်းအရာမျိုးတွေကို နောက်ထပ် ထပ်ပေးရပါမယ်..။
5. သေချာပြင်ဆင်ပြီးမှ ကြော်ငြာပို့စ်တင်ပါ..။
ကိုယ့် Page မှာ Like လေးတွေ ရလာပြီဆိုရင် ကြော်ငြာပို့စ်လေးတွေ တင်လို့ရပါပြီ..။ ကြော်ငြာပို့စ်တင်တဲ့အခါ ပုံထည့်မယ်ဆိုရင် ကြည်လင်ပြတ်သားတဲ့ ပုံကိုထည့်ရပါမယ်..။ ကုန်ပစ္စည်းပုံဆိုရင်လည်း
ကြည့်လို့အဆင်ပြေမယ့် ရှုထောင့်အနေအထားမျိုးကနေ ရိုက်ပေးရပါမယ်..။ အဆင်ပြေရင် Photoshop လိုဆော့ဝဲလ်မျိုးသုံးပြီး Edit လုပ်ပေးပါ..။ ကွန်ပျူတာမရှိလည်း ဖုန်း app တွေအသုံးပြုပြီး ကြည့်ကောင်းအောင် ပြင်လို့ရပါတယ်..။
ကြော်ငြာစာသားကိုလည်း အလွန်ရှည်တာမျိုး မရေးမိအောင်ရှောင်ရပါတယ်..။ ကိုယ်ပေးချင်တဲ့ အချက်အလက်ကို ကျစ်ကျစ်လစ်လစ် စုစည်းပြီး Customer စိတ်ဝင်စားအောင် ရေးပါ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ လိပ်စာကို ထည့်ဖို့ လုံးဝမမေ့ပါနဲ့။
ကြော်ငြာပို့စ်တစ်ခုထဲကို တစ်နေ့ထဲထပ်ခါ ထပ်ခါပြန်တင်တာမျိုး၊ နေ့စဉ်ရက်ဆက်တင်တာမျိုး ရှောင်ပါ။
6.ယုံကြည်မှု ရအောင်လုပ်ဆောင်ပါ။
Online မှာ အရောင်းအဝယ်လုပ်ရတာ အဓိက က ယုံကြည်မှုပါ..။ အပြင်မှာမမြင်ဘူး မတွေ့ဘူးဘဲ ငွေကြိုလွှဲပြီး ပစ္စည်းမှာဖို့ဆိုတာ ယုံကြည်မှုရှိမှ ဖြစ်တာပါ..။ ယုံကြည်မှုတည်ဆောက်ဖို့ ကိုယ့်ပုံအမှန်ကို ချပြနိုင်မှဖြစ်မှာပါ..။ အကောင်းဆုံးနည်းလမ်းက Live လွှင့်ပါ..။ Live လွှင့်တယ်ဆိုတာ
ဈေးရောင်းဖို့တင်မဟုတ်ဘဲ ကိုယ့် Page နဲ့ ကိုယ့် ကုန်ပစ္စည်းကို ယုံကြည်မှု ပိုရှိလာမှာဖြစ်သလို Customer နဲ့ ကိုယ့်ရဲ့ ရင်းနှီးဆက်ဆံမှုတစ်ခုလည်း ဖြစ်လာစေပါတယ်..။ Live လွှင့်ပါ၊ အစပိုင်းမှာ အခက်အခဲတွေရှိလာသလို ကြည့်ရှုသူနဲတာမျိုးတွေ ရှိတတ်ပေမယ့် စိတ်ဓာတ်မကျဘဲ
ဆက်သွားပါ..။ သင့်အတွက် အကျိုးရှိလာပါလိမ့်မယ်..။
7. Page နဲ့ပတ်သက်ပြီး တစ်လစာ Plan ဆွဲထားပါ..။
Page နဲ့ပတ်သက်ပြီး ဘာနေ့မှာ ဘယ်စာတင်မယ်..၊ ကြော်ငြာပို့စ်ကို ဘယ်နေ့တင်မယ်.. ၊ Live ကို ဘယ်နေ့တွေမှာ လွှင့်မယ်..စသဖြင့် ကိုယ့် Page မှာတင်မယ့် အကြောင်းအရာတွေကို တစ်လစာ Plan ကြိုတင်ပြင်ဆင်ထားပါ..။
ဒီဇိုင်းတွေ ကြိုဆွဲထားပါ..။ ကြိုတင်ပြင်ဆင်မှုက သင့်အတွက် တစ်နေ့စာတစ်နေ့ ပို့စ်တင်ဖို့အတွက် အလုပ်ရှုပ်စရာ မလိုသလို အချိန်ပိုတွေလည်း ပိုထွက်လာမှာပါ..။
8. တခြား Page တွေကို လေ့လာပါ..။
တခြား Like များတဲ့..၊ Follower များတဲ့ Page တွေကို ဝင်ကြည့်ပါ..။ သူတို့တင်တဲ့ စာသားရေးဟန်တွေ..၊ ဒီဇီုင်းပုံစံတွေကို မှတ်သား လေ့လာပါ..။ တိုက်ရိုက်ကူးချပြီး တခြား Page က ပို့စ်ကို ခိုးကူးခိုင်တာမဟုတ်ပါဘူး..။ လေ့လာပြီး အတုခိုးခိုင်းတာပါ။ ကိုယ့် Page နဲ့ ယှဉ်ကြည့်ပြီး ကိုယ့် Page ရဲ့ အားနည်းချက်
အားသာချက်တွေကို မြင်အောင်ကြည့်ပါ..။ ပြုပြင်ပါ..။
9. ကိုယ့် Page ရဲ့ Insight ကို အမြဲစစ်ဆေးပါ
ကိုယ့်ရဲ့ Page (၂၈)ရက်အတွင်းမှာ Like ဘယ်လောက်ရလဲ.,၊ Reach ဘယ်လောက်ရလဲ..၊ ဘယ်ပို့က လူကြိုက်အများအဆုံးလဲ... စသဖြင့် ကိုယ့် Page နဲ့ပတ်သက်တဲ့ တိုးတတ်မှု ၊ ဆုတ်ယုတ်မှုတွေက Insight ပြန်ကြည့်လို့ ရပါတယ်..။
Insight ပြန်ကြည့်ပြီး အရင်လကထက် ဆုတ်ယုတ်သွားတဲ့ အားနည်းချက်တွေကို ပြုပြင်ပါ..။ ကောင်းတဲ့အချက်တွေကို ပိုပြီးကောင်းမွန်အောင်လုပ်ဆောင်ပါ..။
Page ထောင်ထားပြီးဘာဆက်လုပ်ရမယ်မှန်း မသိဘူးဆိုရင် ဒီအချက်လေး(၉)ချက်အတိုင်း လုပ်ဆောင်ကြည့်ဖို့အကြံပေးပါရစေ...။ အတိုင်းအတာတစ်ခုအထိတော့ တိုးတတ်မှုတွေ တွေ့လာရပါလိမ့်မယ်..။
ပို့စ်လေးကို အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူတင်ပါတယ်...။
Mg Kyaw
(အမှားအယွင်း တစ်စုံတစ်ရာပါခဲ့ပါက ခွင့်လွတ်ပေးပါရန်နဲ့ .. လိုအပ်သည်များရှိက commant ရေးသားပြီး ထောက်ပြပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်..။)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Mandalay
1111