Akari Pharma Distribution

Akari Pharma Distribution

Share

24/12/2024

ဆောင်းတွင်းဝင်လာတာနဲ့ နှာချေတယ် နှာရည်ယိုတယ် ချောင်းဆိုးတယ် လည်ပင်းနာတယ် စသဖြင့် အမျိုးစုံတဲ့ ပြဿနာတွေကိုရင်ဆိုင်လာရပါတယ်🤧
ဒီအမျိုးစုံတဲ့ပြဿနာတွေက ဒီနားမှာတင်ပြီးမသွားဘဲ အအေးမိတာနဲ့ တုပ်ကွေးအဆင့်ထိကိုရောက်လာပါတော့တယ်။😣
တုပ်ကွေးဟာ အေးတဲ့ရာသီဥတုမှာ ပိုမိုကူးစက်လွယ်တဲ့အပြင် အသက်ရှုလမ်းကြောင်းများမှတဆင့် စတင်ကူးစက်ပါတယ် 👃👄
ဒါ့ကြောင့် ဒီလို အအေးပိုလာတဲ့အချိန်တွေမှာ တုပ်ကွေးကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို Akari Pharma Distribution မှ မျှဝေပေးလိုက်ပါတယ်😉

တုပ်ကွေးကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကတော့
💉 တုပ်ကွေးကာကွယ်ဆေးထိုးခြင်း
🧼လက်ကို သန့်စင်အောင် မကြာခဏဆေးပေးခြင်း
🍚😴 အစားအသောက်နဲ့ အိပ်စက်ချိန်တွေကို ဂရုစိုက်ခြင်း
🥗ကိုယ်ခံအားကောင်းစေမယ့် အစားစာများစားခြင်း တို့ပဲဖြစ်ပါတယ်

တုပ်ကွေးဟာ ပြင်းထန်ပြီး တစ်ကိုယ်လုံးကို နာကျင်အောင် ခံစားရနိုင်တာကြောင့် မဖြစ်ခင်ကကြိုတင်ကာကွယ်ကြဖို့ Akari Pharma Distribution မှ တိုက်တွန်းလိုက်ရပါတယ်❤️

13/12/2024

ဦးနှောက်နဲ့အာရုံကြောရောဂါတွေကြောင့် စိတ်ညစ်နေပြီလား?🤔

Neuro Care နဲ့ဆို အာရုံကြောအားနည်းတဲ့ရောဂါတွေကို စိတ်ပူစရာမလိုတော့ဘူးနော်😎

Neuro Care မှာ ဦးနှောက်နဲ့အာရုံကြောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်စာတွေ ပါဝင်ပြီး အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေတဲ့အပြင် ခေါင်းတခြမ်းကိုက်တဲ့ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ် 👀

အခုထိ ဦးနှောက်နဲ့အာရုံကြောရောဂါတွေကြောင့် စိတ်ညစ်နေတုန်းပဲလား?🙂‍↕️
မလိုလားအပ်ဘဲ ဖြစ်လာနိုင်တဲ့ ဦးနှောက်နဲ့အာရုံကြောရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အခုပဲ Neuro Care ကို Akari Pharma Distribution မှတဆင့် မှာယူလိုက်တော့နော်🥰❤️

(ဦးနှောက်နဲ့ အာရုံကြောကျန်းမာရေးဖြည့်စွက်ဆေးဝါးဖြစ်တဲ့ Neuro Care ကို Akari Pharma Distributionမှ အထက်မြန်မာပြည် ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိလျက်ရှိပါသည်။)

11/12/2024

ခန္ဓာကိုယ်မှာ အရိုးတွေဟာ အထိုင်အထ၊အသွားအလာနဲ့ မတ်မတ်ရပ်နိုင်ဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေတာကြောင့် အရိုးကျန်းမာရေးကိုလည်းသေချာဂရုစိုက်ပေးသင့်ပါတယ်✅

နေ့စဉ်လှုပ်ရှားမှုတွေကို အဟန့်အတားဖြစ်စေတဲ့ ဒူးနာ၊ခါးနာတဲ့စတဲ့ ပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်ဖို့အတွက် Joint Support အရိုးအားဖြည့်ဆေးလေးကို နေ့စဉ်ပုံမှန်သောက်သုံးသင့်ပါတယ် 😊

Joint Support အရိုးအားဖြည့်ဆေးလေးကို သက်ကြီးရွယ်အိုများသာမက အရိုးတွေကို သန်မာစေဖို့ ဖြည့်စွက်ဆေးအနေနဲ့လည်းသောက်သုံးလို့ရပါတယ်နော်🤗

အသက်အရွယ်မရွေး လှုပ်ရှားမှုတိုင်းမှာ သန်မာနေစေဖို့ Joint Support အရိုးအားဆေးကို Akari Pharma Distribution မှာ အခုပဲဝယ်ယူလိုက်တော့နော် ❤️🥰

10/12/2024

ကလေးက အစားရွေးတယ် အစားနည်းတယ် ခဏခဏဖျားတယ် စတာတွေဟာ မေမေတို့အမြဲတမ်းညည်းညူလေ့ရှိကြတဲ့ စကားတွေပါပဲ🥲

တန်ဖိုးရှိတဲ့သားသားမီးမီးလေးတွေ ကျန်းမာဖွံ့ဖြိုးပြီး ကိုယ်ခံအားကောင်းစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေပါဝင်တဲ့ Juni Vit လေးနဲ့ဆို မေမေတို့ ခေါင်းခဲစရာမလိုတော့ဘူးနော်🤗

Juni Vit မှာ ကလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်အုပ်စုတွေပါဝင်လို့ အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်🤗

အစားရွေးတဲ့ သားသားမီးမီးတို့ ကျန်းမာဖွံ့ဖြိုး ဉာဏ်ရည်တိုးပြီး ကိုယ်ခံအားကောင်းမွန်စေဖို့
Juni Vit ကို ရွေးချယ်တိုက်ကျွေးလိုက်တော့နော်❤️

(ကျန်းမာရေးဖြည့်စွက်ဆေးဝါးဖြစ်တဲ့ Juni Vit ကို Akari Pharma Distributionမှ အထက်မြန်မာပြည် ကိုယ်စားလှယ်အဖြစ် တရားဝင်တင်သွင်းဖြန့်ချိလျက်ရှိပါသည်။)

04/12/2024

ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ အသည်းဟာ စားသုံးလိုက်တဲ့အစားအစာတွေရဲ့ အာဟာရဓါတ်နဲ့ အရက်ရဲ့ အဆိပ်ဓာတ်ကို ပြောင်းလဲ သန့်စင်ပေးပါတယ်🤗

ဆီးချိုရောဂါ၊ကင်ဆာရောဂါအတွက်သောက်ရတဲ့ဆေးတွေရဲ့ အကျိုးသက်ရောက်မှုဟာ အသည်းမှာ သွားစုတတ်ပါသေးတယ် 🫥

ဒီလိုလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပေးနေရတဲ့ အသည်းကို Heparsil နဲ့ ဂရုစိုက် ကာကွယ်လို့ရပြီနော်🥰😍

Heparsil က အရက်သောက်သူများသာမက ဒီလိုဆေးတွေစွဲသောက်နေရတဲ့သူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်✅

အသည်းရဲ့လုပ်ဆောင်မှုစွမ်းရည်ကိုမြှင့်တင်ပေးတဲ့ Heparsil ကို အစားစားပြီးတိုင်း တစ်ရက်တစ်လုံးပုံမှန်သုံးစွဲပေးနိုင်ပါတယ်💊

ဒါ့ကြောင့် စွဲသောက်နေရတဲ့ဆေးတွေ၊အပြင်စာတွေ၊အဆီအစိမ့်တွေနဲ့ အရက်တွေကြောင့် မကျန်းမမာဖြစ်လာရတဲ့ အသည်းကို Heparsil နဲ့ ကာကွယ် ဂရုစိုက်ပေးလိုက်ကြရအောင်နော်🥰❤️

Photos from Akari Pharma Distribution's post 28/11/2024

Akari Pharma Distribution ဟာ လူတိုင်းရဲ့ ကျန်းမာရေးအတွက် အရည်အသွေးပြည့်မှီတဲ့ ဆေးဝါးများကို ဖြန့်ဖြူးပေးလျက်ရှိပါတယ်🤗

ဒီတစ်ခါမှာတော့ Akari Pharma Distribution မှတင်သွင်းဖြန့်ချိပေးနေတဲ့ ဆေးဝါးလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်😍❤️

🧠ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးဖြည့်စွက်စာဖြစ်တဲ့
𝗡𝗲𝘂𝗿𝗼 𝗖𝗮𝗿𝗲

⚕️ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ Multi Vitamins ဖြည့်စွက်ဆေးဝါးဖြစ်တဲ့
𝗠𝘂𝗹𝘁𝗶 𝗩𝗶𝘁 နဲ့
𝗩𝗠 𝗣𝗹𝘂𝘀

👶သားသားမီးမီးတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့်
𝗝𝘂𝗻𝗶 𝗩𝗶𝘁

👴သက်ကြီးရွယ်အိုများရဲ့ အရိုးကျန်းမာရေးအတွက်
𝗝𝗼𝗶𝗻𝘁 𝗦𝘂𝗽𝗽𝗼𝗿𝘁

💊အသည်းရဲ့လုပ်ဆောင်မှုစွမ်းအင်ကို မြှင့်တင်ပေးတဲ့
𝗛𝗲𝗽𝗮𝗿𝘀𝗶𝗹
တို့ပဲဖြစ်ပါတယ်

Akari Pharma Distribution မှတင်သွင်းတဲ့ ဆေးဝါးတွေဟာ India နိုင်ငံမှ‌ အရည်အသွေးမြင့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံFDA အသိအမှတ်ပြုလက်မှတ်များရရှိထားတာဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ရပါတယ်❤️🥰

23/11/2024

သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဆေးညွှန်းတွေကိုဖတ်ဖူးကြရဲ့လား?🤔

အနာသိရင်ဆေးရှိတယ်ဆိုသလို ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို တိတိကျကျသိမှ ဘာဆေးသောက်ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။✅

ဆေးသောက်တယ်ဆိုတဲ့ နေရာမှာ ဆေးဆိုင်တွေမှာ ဆေးစာမပါဘဲဝယ်လို့ရတဲ့ OTC(Over the counter) နဲ့ ဆရာဝန်ထောက်ခံချက်ပါမှသောက်လို့ရတဲ့ prescription ဆိုပြီး (၂)မျိုးရှိပါတယ်။☺

ဆေးသောက်တယ်ဆိုတာကလွယ်ကူပါတယ် ရေနဲ့ဆေးကို အလွယ်တကူ သောက်ချလိုက်ရုံပါပဲ။ဒီနေရာမှာ အရေးကြီးတာက ဆရာဝန်ထောက်ခံချက်နဲ့ ဝယ်ယူရတဲ့ဆေးတွေဟာ ပြဿနာသိပ်မရှိပေမယ့် OTC ဆေးတွေကတော့ ခံစားနေရတဲ့ ရောဂါအတွက် ထုတ်လုပ်ထားတဲ့ ဆေးကို စနစ်တကျသောက်မှသာ အကျိုးရှိမှာဖြစ်ပါတယ်။🤗

ဆေးတွေထဲမှာ အစာအိမ်ဆေးအချို့ကတော့ ထမင်းမစားခင်သောက်ရတာ၊ဝါးစားရတာတွေရှိတတ်ပါတယ်။အကိုက်အခဲပျောက်ဆေးတွေကတော့ အစာခံပြီးမှသောက်ရတာမျိုးတွေရှိပါတယ်✔

ဆေးတွေကို လိုတာထက်ပိုသောက်မိတာ၊စနစ်တကျ မသောက်သုံးတာက မလိုလားအပ်တဲ့ ရောဂါတွေကို ခံစားရနိုင်တဲ့အပြင် ဆေးမတိုးခြင်းတွေနဲ့ လက်ရှိခံစားနေရတဲ့ ရောဂါတွေကိုလည်း သက်သာစေမှာမဟုတ်ပါဘူး😌

ဘေးထွက်ဆိုးကျိုးတွေမရှိဘဲ နာတာရှည်ရောဂါတွေဖြစ်ခြင်းမှ ကာကွယ်ဖို့ ဆေးသောက်ချိန်ကို Alarm ပေးထားတာ၊ဆေးညွှန်းကိုသေချာဖတ်ပြီး အညွှန်းအတိုင်းသေချာသောက်တာအပြင် ကိုယ့်ရောဂါနဲ့ ကိုက်ညီတဲ့ ဆေးကိုသေချာရွေးဝယ်ပြီးသောက်ဖို့ Akari Pharma Distribution မှ တိုက်တွန်းလိုက်ပါတယ်😀❤

17/11/2024

"ဆီးချိုရောဂါဟာ အဖြစ်များဆုံးနာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်"

ဒီနေ့မှာတော့ အဖြစ်များတဲ့ ဆီးချိုရောဂါအကြောင်း နဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို Akari Pharma Distribution မှ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်🤗

ဆီးချိုရောဂါဟာ သွေးတွင်းမှာ သကြားဓာတ်တွေလွန်စွာမြင့်တက်ပြီး အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့ ကိုယ်ခန္ဓာရဲ့ အရေးကြီးအစိတ်အပိုင်းများဖြစ်ကြတဲ့ ကျောက်ကပ်၊ ဦးနှောက်နှင့် နှလုံးတို့ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေကာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။‼️😥

ဒါပေမယ့် ဆီးချိုရောဂါကို သေချာဆေးကုသမှုခံယူပြီး ကိုယ့်ရဲ့နေထိုင်မှု ပုံစံကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ လူကောင်းအတိုင်း ကျန်းကျန်းမာမာနဲ့နေထိုင်နိုင်မှာပါ😉

ဆီးချိုရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ လိုအပ်တဲ့ အင်ဆူလင်ကို ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်က မထုတ်ပေးနိုင်တော့တာကြောင့် ကိုယ်တွင်းမှာ သကြားဓာတ်တွေများလာပြီး ဆီးချိုရောဂါကို စတင်ခံစားရစေတာပဲဖြစ်ပါတယ်✔️

ဆီးချိုရောဂါခံစားနေရပြီဆိုတဲ့ လက္ခဏာတွေကတော့
⛔ဆီးခဏခဏသွားခြင်း
⛔ပုံမှန်ထက်ရေပိုဆာခြင်း
⛔မျက်စိမှုန်ခြင်း
⛔ကိုယ်အလေးချိန်ကျဆင်းခြင်း
⛔အနာကျက်နှေးခြင်း
⛔မအီမသာဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်

ဆီးချိုရောဂါကိုမကုသဘဲ အချိန်ကြာမြင့်စွာပစ်ထားပါက ခြေထောက်တွေမှာ အနာကျက်‌နှေးခြင်းကြောင့် အသားများပုပ်ပြီး ဖြတ်ပစ်ရသည်အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသက်ကိုခြိမ်းခြောက်နိုင်တဲ့ ဆီးချိုရောဂါကို သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်ကြီးများနှင့်တိုင်ပင်ကာ ကုသဖို့ Akari Pharma Distribution မှ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်🤗❤️

13/11/2024

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကာကွယ်ကြမလဲ?

အသည်းအဆီဖုံးတယ်ဆိုတာကတော့ သွေးတွင်းအချိုဓာတ်တွေများနေခြင်းကြောင့် အသည်းအတွင်းမှာ အဆီများစုပုံလာခြင်းပဲဖြစ်ပါတယ်။😫
အသည်းအဆီဖုံးခြင်းဟာ အလွန်အဖြစ်များတဲ့ရောဂါဖြစ်ပြီး ဆီးချိုရှိတဲ့သူတွေမှာလည်း အများဆုံးဖြစ်လေ့ရှိပါတယ်🙂

အသည်းအဆီဖုံးတဲ့အခါ ဘာရောဂါမှထူးထူးခြားခြား ခံစားရလေ့တော့မရှိပါဘူး။ဒါပေမယ့် ဗိုက်ထဲ အီလည်လည်ကြီးဖြစ်တာမျိုးတော့ ခံစားရတတ်ပါတယ်။အသည်းအဆီဖုံးရောဂါကိုတော့ အာထရာစောင်းရိုက်ပြီး စစ်ဆေးနိုင်ပါတယ်✔️

အရက်သောက်တာ၊အဝလွန်တာ၊ဆီးချိုရောဂါရှိတာတွေက အသည်းအဆီဖုံးခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့ အဓိကတရားခံတွေပါပဲ‼️

အသည်းအဆီဖုံးခြင်းကနေ အခြေအနေဆိုးဝါးသွားရင်တော့ အသည်းခြောက်တဲ့အထိ ရောဂါကြီးသွားနိုင်ပါတယ်။😌
ဒါကြောင့် Akari Pharma Distribution မှ အသည်းအဆီဖုံးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်💁‍♂️

အသည်းအဆီဖုံးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့
✅အရက်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း
✅အဆီအစိမ့်များလျှော့စားခြင်း
✅အချိုလျှော့စားခြင်း
✅ဝိတ်ချခြင်း တို့ပဲဖြစ်ပါတယ်

အသည်းအဆီဖုံးရာကနေ အသည်းခြောက်တဲ့ အဆင့်ထိရောက်ရှိသွားရင်တော့ ကုသဖို့ခက်ခဲသွားပြီး အချိန်ကုန် ငွေကုန် လူပင်ပန်းတာတွေအပြင် အခြားမလိုလားအပ်တဲ့ရောဂါတွေပါ ဝင်ရောက်လာနိုင်ပါတယ်။😥
ဒါကြောင့် ကိုယ့်ကိုကိုယ် အသည်းအဆီဖုံးတယ်လို့ သံသယရှိနေရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေကိုသွားပြီး ဆေးကုသမှုခံယူကြဖို့ Akari Pharma Distribution မှ တိုက်တွန်းလိုက်ပါတယ်📢❤️


#

08/11/2024

ရာသီအကူးအပြောင်းကြောင့် သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို စိတ်ပူနေရပြီလား?

အခုလို ရာသီအကူးအပြောင်းမှာ ဖျားနာတာ အအေးမိတာတွေအဖြစ်များတာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးသင့်ပါတယ်😊

ကလေးငယ်လေးတွေဟာ လူကြီးတွေထက်ကိုယ်ခံအားပိုနည်းပြီး ဖျားနာလွယ်ကြပါသေးတယ်👶

ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့ သားသားမီးမီးတို့ ဖျားနာတာတွေမဖြစ်ဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့က အဓိကကျပါတယ်🛡️

ကိုယ်ခံအားကောင်းနေဖို့အတွက် ယေဘုယျအားဖြင့်တော့ စားသုံးလိုက်တဲ့ အစားစာတိုင်းမှာ
အစာအုပ်စု(၃)ခုလုံးပါဝင်ပြီး ညီညွတ်မျှတတဲ့ အစားအစာဖြစ်ဖို့က အရေးကြီးပါတယ်။✔️

ကလေးငယ်လေးတွေ ကိုယ်ခံအားကောင်းစေဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကို Akari Pharma Distribution မှ မျှဝေပေးလိုက်ပါတယ်💁‍♂️

လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့
✅ဗီတာမင် (A,C,D,E)
✅ဗီတာမင်ဘီအုပ်စု (B6, B12, Folate)
✅ဇင့်ဓာတ် နှင့် သံဓာတ် (အသားနှင့်ပဲ)
✅အိုမီဂါသရီး (ငါးကြီးဆီ)
✅ပရိုဘိုင်အိုးတစ် တို့ပဲဖြစ်ပါတယ်

ဒါ့အပြင် ကလေးနဲ့ သင့်တော်တဲ့ အားဆေးတွေတိုက်တာ၊ အိပ်ရေးဝဝအိပ်ခိုင်းတာ၊ကာကွယ်ဆေးထိုးတာ၊ Medical Checkup လုပ်ပေးတာ စသဖြင့် လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ပြုလုပ်ပေးဖို့လိုအပ်ပါသေးတယ်။🤔

ကလေးငယ်တွေဖျားကြရင် မေမေတို့ဖေဖေတို့က‌ ခေါင်းခြောက်ရတာမလို့ သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားကို ကောင်းစေပြီး ရောဂါတွေကင်းဝေးဖို့ ရာသီအကူးအပြောင်းမှာ အရင်ကထက်ပိုပြီး ဂရုစိုက်လိုက်ကြစို့နော်❤️

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay
05033