Aladin Design

Aladin Design

Share

22/05/2024

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )
--------------------------
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒီနေ့ဟာဆိုရင်

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားရှင်ဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃) ဘဲဖြစ်ပါတယ်ရှင်🙏

ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပြီး တရားဘာဝနာများ ပွါးများနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏

#ကဆုန်လပြည့်နေ့
Crd:

01/05/2024

ပုံဆွဲပြီးအိမ်ဆောက်ခြင်းနဲ့ ပုံမဆွဲပဲဆောက်ခြင်း
===============================

အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့
ပုံဆွဲခ ပေးရမှာအလွန်နှမျှောကြပါတယ်။
သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားလို့ အယူရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက်

အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသ ပေါက်ဈေးနဲ့
တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူး။
အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။
အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေ အလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။

- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
-
-အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့
အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြား ဖြစ်လာပြီး တစ်သက်လုံး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
-
-ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။

- ပုံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။

ပိုကုန်သွားတတ်တာမဟုတ်ဘူး ကြိမ်းသေ ပိုကုန်မှာပါ။

တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်း အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။

ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံဆွဲပြီး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
-
ပစ္စည်း အလေအလွင့်တွေနည်းသွားပြီး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
-
-တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
-
-အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။

အဲ့တော့ အိမ်ကို ပုံစံဆွဲပြီး
ဆောက်သင့်မဆောက်သင့်
ကိုယ်တိုင် စဉ်းစားကြပါ

25/01/2024

တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေများအားလုံးကို ဂါရဝပြုလျက်
Happy Mother’s Day ပါရှင် ❤️ အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင် 🙏🙏🙏

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay
12345