Linn Book Store
"မမဝေ"
#တက္ကသိုလ်ဘုန်းနိုင်
ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင်
ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက
ရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီး
လျှံကျချင်တဲ့ အရာက မေတ္တာတရားပါ
အဝေးကြီးက လရောင်မှ
လှတာ မဟုတ်ပါဘူး
ကိုယ့်ရင်ထဲ 'သာ' တဲ့ကြယ်လေးတွေလည်း
ကျေနပ်ကြည်နူးတတ်တဲ့စိတ်နဲ့ဆို
တစ်ကိုယ်စာတော့ လင်းပါတယ်
အများကြီးတော့
မျှော်လင့်မထားတာအမှန်ပါ
မနက်ဖြန်ဆိုတာက
မတည်မြဲတတ်ဘူးလေ
ပြောင်းလဲတတ်တဲ့အရာတွေကို
အလိုက်သင့် လက်ခံ
ပြိုလဲတတ်တဲ့ သဘောတွေကို
အပြုံးမပျက် စောင့်ကြည့်
ငြိတွယ်တတ်တဲ့ နှောင်ကြိုးတွေကို
ဖြည်းဖြည်းချင်း ဖြေလျှော့ရင်း
လောကဓံ အရိုက်အခတ်တွေကို
သတိ ရိုးတံလေးနဲ့ ပြန်ပြန်မတ်နေရတယ်
နေချိန်မှာ
အတ္တကင်းကင်းနဲ့ ကြိုးကြိုးစားစား ပွင့်ဝေခဲ့ဖို့
သေချိန်မှာ
ရနံ့သင်းသင်းနဲ့ ရိုးရိုးသားသား လွှင့်ကြွေခဲ့ဖို့
-အေးရိပ်-
Click here to claim your Sponsored Listing.