Anyar Spring Diary
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၃၁ရက်သြဂုတ်လ၂၀၂၄
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ်
ဖရဲသီးသတင်းပေးအရ ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင်ရှောင်တခင်စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကားအားတားဆီးစစ်ဆေးခဲ့ရာ အသာတကြည်အစစ်ဆေးမခံပဲ ထွက်ပြေးခဲ့ရာ မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများမှ ပစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့ပါသည် ။ ထိုပစ်ခတ်ဖမ်းစီးစဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်မှ ဒုရဲမှုး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူ စီးနင်းလာသော Mark X တစ်စီးမာ လမ်းဘေးတိမ်းမှောက်ပျက်စီးခဲ့ပါသည်။ထိုတိုက်ပွဲအတွင်းတွင် BA72 တစ်လက်၊BA94 တစ်လက်၊ BA93 တစ်လက်၊ ခြောက်လုံးပြူး နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံး နှင့် ငွေသားတချို့အပါအဝင် သက်ဆိုင်ရာကဒ်များတချို့ သိမ်းဆည်းရရှိခဲ့ပါသည်။ ထိုတိုက်ပွဲတွင်
မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း
မြင်းခြံခရိုင်အမှတ် (၂)တပ်ရင်း
ညောင်ဦးခရိုင်အမှတ် (၁)တပ်ရင်း
တောင်သာမြို့နယ်ပကဖ
ကျောက်ပန်းတောင်မြို့နယ်ပကဖ
LACR (မြင်းခြံ) တို့ တညီတညွတ်ပူးပေါင်ဆောင်ရွက်ခဲ့ပါသည်။
ဩဂုတ်၁၄ရက်
🔺မြင်းခြံမြို့မှာ ဌာနဆိုင်ရာယန္တရားများ ရပ်ဆိုင်းသွားပြီဖြစ်
-ရိုးမဘဏ်မှလွဲ၍ ကျန်ဘဏ်များအားလုံးငွေထုတ်မရ။ရိုးမဘဏ်မှာ နံနက်၁၁နာရီထိသာ ငွေအထုတ်ရတော့။စီးပွားရေးဘဏ်မှာ အရင်တစ်ပတ်ထဲက ငွေတွေ ညောင်ဦးမှတဆင့် မန္တလေးပို့ထားပြီး စီးပွားရေးဘဏ်မှရာထူးကြီးဝန်ထမ်းများကို မန္တလေးဘဏ်သို့ခေါ်နေရာ အရေးယူမည်စိုး၍ မသွားရဲကြ။
-မြင်းခြံခရိုင်ရခစခန်းမှ ရခရဲမေများ ပုပ္ပါးမှာ ပုန်းနေ။
-အခြားဌာနဆိုင်ရာများမှာလည်း နီးစပ်သလို ပုန်းနေကြပြီဖြစ်။
-ဓာတ်ဆီဆိုင်များလည်း ပိတ်ထားပြီး အချို့ဆိုင်မှာ ပန့်တွေဖြုတ်သိမ်းထားပြီဖြစ်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
တောင်သာမြို့ မနက် ၅နာရီတိုက်ပွဲဖြစ် အရပ်သားထိခိုက်မှုရှိ တောင်သာမြင်းခြံကြား သံမဏိစက်ရုံအနီးတွင်လဲ တိုက်ပွဲဖြစ်ပွားနေပြီး တောင်သာမြို့ ဂတ်စ်ပိုက်လိုင်းစက်ရုံအနီးတိုက်ပွဲဖြစ်ပွားရာနေရာအနီး အရပ်သားထိခိုက်မှုရှိ.တောင်သာစွပ်ကျယ်စက်ရုံလဲ မီးလောင်နေကြောင်း ကနဦးကြားသိရ
Click here to claim your Sponsored Listing.