Clean Pro - Mandalay

Clean Pro - Mandalay

Share

28/05/2026

Happy Eid Mubarak

အစ္စလာမ်ဘာသာဝင်များအားလုံး ပြည့်စုံသောအီးဒ်နေ့ အချိန်အခါလေးဖြစ်ပါစေကြောင်း Clean Pro-Mandalay မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🩵

25/05/2026

စက်ရုံကြမ်းခင်းပေါ်က ဖယ်ရှားရခက်တဲ့ အညစ်အကြေးတွေက လုပ်ငန်းခွင်ရဲ့ "ဘေးကင်းရေး" ကို ခြိမ်းခြောက်နေပြီလား?

စက်ရုံ၊ အလုပ်ရုံတွေမှာ ရေရှည်စွဲထင်နေတဲ့ စက်ဆီခဲတွေ၊ ချောဆီနဲ့ ဓာတုအဆီကွက်တွေဟာ ကြမ်းခင်းကို ချောကျိစေပြီး ဝန်ထမ်းတွေ ချော်လဲတာ၊ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ Forklift စက်တွေ ဘရိတ်ပေါက်/ချော်ထွက်တာမျိုးအထိ ကြီးမားတဲ့ လုပ်ငန်းခွင်မတော်တဆမှု (HSE Risks) တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတင်မကဘဲ ပြည်တွင်း/ပြည်ပ Compliance Audit တွေဝင်တဲ့အခါမှာလည်း လုပ်ငန်းခွင်သန့်ရှင်းမှုစံနှုန်းမမီလို့ အမှတ်လျှော့ခံရတာမျိုး ကြုံရတတ်ပါတယ်။

သာမန်ရေဖြန်း၊ ကြမ်းတိုက်ရုံလောက်နဲ့တော့ ဒီလို ဆီချေးအနှစ်တွေကို လုံးဝ အမြစ်ပြတ် မဖယ်ရှားနိုင်ပါဘူး။ ပြင်းအားလွန်ကဲတဲ့ အက်ဆစ်တွေ သုံးမိရင်လည်း ကြမ်းခင်းတွေ ပျက်စီးပြီး ကွာကျတတ်ပါသေးတယ်။

ဒီလို အလုပ်ခွင်အန္တရာယ်တွေကို ကာကွယ်ပြီး သင့်စက်ရုံကြမ်းခင်းတွေကို နိုင်ငံတကာစံနှုန်းမီ ပြန်လည်သန့်ဖို့ရှင်းဖို့ Clean Pro ရဲ့ Industrial Floor Deep Cleaning ဝန်ဆောင်မှု ရှိပါတယ်။

Clean Pro က ဘာတွေ ကာကွယ်ပေးမှာလဲ?

🧼 စက်ရုံသုံး အထူးထုတ် ဆီချေးချွတ်ဆေးရည်များနှင့် စနစ်တကျ SOP များအတိုင်း ကြမ်းခင်းကို မထိခိုက်စေဘဲ စက်ဆီခဲများကို အမြစ်ပြတ် ချွတ်ထုတ်ပေးခြင်း။

🚜 ကမ္ဘာကျော် Nilfisk အဆင့်မြင့် စက်မှုဇုန်သုံး Heavy-Duty Scrubber စက်ကြီးများဖြင့် စက်ရုံအကျယ်အဝန်းအလိုက် Downtime (အလုပ်ကြန့်ကြာမှု) မရှိအောင် အမြန်ဆုံး သန့်စင်ပေးခြင်း။

🛡️ ဝန်ထမ်းအားလုံးမှာ စနစ်တကျ Trained ထားပြီးသားဖြစ်လို့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စံနှုန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပေးခြင်း။

📊 ISO 9001:2015 အရည်အသွေးစီမံခန့်ခွဲမှုအတိုင်း လုပ်ဆောင်တာကြောင့် စက်ရုံ လုပ်ငန်းခွင်ကို အမြဲတမ်း Audit Ready ဖြစ်စေခြင်း။

မတော်တဆမှုတွေ ကာကွယ်ဖို့နဲ့ လုပ်ငန်းခွင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ Clean Pro ကိုဆက်သွယ်လိုက်ပါ။

ရန်ကုန် - 09 256 637 932
မန္တလေး - 09 765 683 916

Want your business to be the top-listed Cleaning Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address

Mandalay